ဟေဗြဲ 3:2 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိသကဲ့သို့ ယေရှုသည်လည်း မိမိကိုခန့်ထားသောဘုရားသခင်အပေါ်သစ္စာရှိတော်မူ၏။ Common Language Bible မောရှေသည်ဘုရားသခင်၏အိမ်တော်၌မိမိ ထမ်းဆောင်ရမည့်အလုပ်တွင် သစ္စာစောင့်သကဲ့ သို့သခင်ယေရှုသည်လည်းမိမိအား ဤအလုပ် တာဝန်ကိုပေးအပ်တော်မူသောဘုရားသခင် အားသစ္စာစောင့်တော်မူ၏။- Garrad Bible ဘု ရား သ ခင်၏ တစ် အိမ် တော် လုံး၌ မော ရှေ သည် သ စ္စာ စောင့် သ ကဲ့ သို့ ထို အ ရှင် လည်း ခန့် ထား တော် မူ သော ဘု ရား သ ခင် ရှေ့ သ စ္စာ စောင့် တော် မူ ၏။ Judson Bible မောရှေသည် ဘုရားသခင်၏ အိမ်တော်တစ်အိမ်လုံး၌ သစ္စာစောင့်သကဲ့သို့၊ ယေရှုသည် မိမိကို ခန့်ထားတော်မူသောသူ၏ အမှုတော်၌ သစ္စာစောင့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မောရှေသည် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ် သစ္စာရှိသကဲ့သို့ ယေရှုသည်လည်း မိမိအား ခန့်ထားတော်မူသော ဘုရားသခင်အပေါ် သစ္စာရှိတော်မူ၏။ |
ငါ၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိသော ငါ၏အစေအပါးမောရှေနှင့်မူကား ထိုသို့မဟုတ်ဘဲ
ငါသည် ငါ့ခမည်းတော်၏ပညတ်ချက်များကို စောင့်ထိန်း၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာတော်၌ တည်နေသကဲ့သို့ သင်တို့သည် ငါ၏ပညတ်ချက်များကိုစောင့်ထိန်းလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။
အကျွန်ုပ်ဆောင်ရွက်ရန် ကိုယ်တော်ပေးအပ်တော်မူသောအမှုတော်ကို အကျွန်ုပ်သည် ပြီးမြောက်စေ၍ ကိုယ်တော်၏ဘုန်းတော်ကို မြေကြီးပေါ်၌ထင်ရှားစေပါပြီ။
မိမိဆန္ဒအလျောက်ဟောပြောသောသူသည် မိမိ၏ဘုန်းအသရေကိုရှာတတ်၏။ မိမိကိုစေလွှတ်သောအရှင်၏ဘုန်းအသရေကိုရှာသောသူမူကား ဖြောင့်မှန်သောသူဖြစ်ပြီး ထိုသူ၌မတရားမှုမရှိ။
ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူရှိ၍ ငါသည် ထိုအရှင်နှစ်သက်တော်မူသောအမှုအရာတို့ကို အစဉ်ပြုနေသောကြောင့် သူသည် ငါ့ကို တစ်ကိုယ်တည်းပစ်ထားတော်မမူ”ဟု မိန့်တော်မူ၏။
သင်တို့သည်လည်း ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကိန်းဝပ်တော်မူရာအဖြစ်သို့ ထိုသခင်၌ အတူတကွတည်ဆောက်ခြင်းခံရကြ၏။
သင်တို့ဝင်ရောက်သိမ်းပိုက်နေထိုင်မည့်ပြည်၌ သင်တို့လိုက်နာရမည့် ပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်တို့ကို ငါ့အား ငါ၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း သင်တို့အား ငါသွန်သင်ပေးပြီ။
ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ငါတို့သခင်ခရစ်တော်ယေရှု၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ငါ့ကိုအမှုတော်လုပ်ငန်းအတွက်ခန့်ထား၍ သစ္စာရှိသောသူအဖြစ်မှတ်ယူတော်မူသောကြောင့်ဖြစ်၏။
ငါနှောင့်နှေးခဲ့လျှင်ပင် သမ္မာတရား၏မဏ္ဍိုင်နှင့်အုတ်မြစ်ဖြစ်သည့် အသက်ရှင်တော်မူသောဘုရားသခင်၏အသင်းတော်တည်းဟူသော ဘုရားသခင်၏အိမ်တော်တွင် မည်ကဲ့သို့အသက်ရှင်နေထိုင်ရမည်ကို သင်သိနိုင်ရန်အတွက်ဖြစ်၏။
ထို့ကြောင့် ကိုယ်တော်သည် လူတို့၏အပြစ်များအတွက် အသနားခံခြင်းအမှုကိုပြုရန် ဘုရားသခင်ရှေ့တော်၌ သနားကြင်နာတတ်သည့် သစ္စာရှိသောယဇ်ပုရောဟိတ်မင်းဖြစ်မည့်အကြောင်း အရာရာ၌ ညီအစ်ကိုများနှင့်တူရ၏။
တစ်ဖန် ရှမွေလက လူတို့အား “မောရှေနှင့်အာရုန်ကို ရွေးကောက်ပြီး သင်တို့၏ဘိုးဘေးများကို အီဂျစ်ပြည်မှထုတ်ဆောင်စေသောအရှင်မှာ ထာဝရဘုရားပင်ဖြစ်၏။