နွားထီး၏အသား၊ အရေခွံ၊ မစင်တို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့ပစ်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။
ဟေဗြဲ 13:11 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ယဇ်ပုရောဟိတ်မင်းသည် ယဇ်ကောင်တို့၏သွေးကို အပြစ်ဖြေရာယဇ်အဖြစ် သန့်ရှင်းရာဌာနထဲသို့ ယူဆောင်သွားသော်လည်း ယဇ်ကောင်တို့၏ကိုယ်မူကား စခန်းအပြင်၌မီးရှို့ရ၏။ Common Language Bible ယုဒယဇ်ပုရောဟိတ်မင်းသည်တိရစ္ဆာန်များ ၏သွေးကိုအပြစ်ဖြေရာပူဇော်သကာ အဖြစ်ဖြင့် အလွန်သန့်ရှင်းရာဌာနတော် သို့ယူဆောင်ခဲ့သော်လည်းယဇ်ကောင်တို့ကို မူကားစခန်းအပြင်၌မီးရှို့ပစ်ရ၏။- Garrad Bible အ ပြစ် အ ဖို့ ဖြေ ရာ အ သွေး ကို သန့် ရှင်း ရာ ဌာ န တွင်း သို့ ပ ရော ဟိတ် မင်း ဆောင် သွင်း ပြီး လျှင် ဆိုင် ရာ အ ကောင် များ ကို တပ် စား ခန်း ပြင် မှာ ကျွမ်း လောင် စေ ကြ သည့် နည်း တူ၊ Judson Bible အကြောင်းမူကား၊ ယဇ်ပုရောဟိတ်မင်းသည် အပြစ်ဖြေသော ယဇ်ကောင်၏အသွေးကို သန့်ရှင်းရာ ဌာနထဲသို့ သွင်းပြီးမှ၊ ယဇ်အသေကောင်တို့ကို တပ်ပြင်၌ မီးရှို့ရ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယဇ်ပုရောဟိတ်မင်းသည် ယဇ်ကောင်များ၏အသွေးကို အပြစ်ဖြေရာယဇ်အဖြစ် အသန့်ရှင်းဆုံးဌာနတော်ထဲသို့ ယူဆောင်သွားကာ ယဇ်အသေကောင်များကိုမူ စခန်းပြင်တွင် မီးရှို့ရ၏။ |
နွားထီး၏အသား၊ အရေခွံ၊ မစင်တို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့ပစ်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။
အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးကို သန့်ရှင်းရာဌာနအပြင်ဘက် အိမ်တော်၏သတ်မှတ်ထားသောနေရာတွင် မီးရှို့ရမည်။
သန့်ရှင်းရာဌာနထဲ၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် အသွေးယူဆောင်သွားခြင်းခံရသည့် အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးနှင့် အပြစ်ဖြေရာယဇ်ဖြစ်သောဆိတ်သငယ်ကို တပ်စခန်း၏အပြင်ဘက်သို့ ယူဆောင်သွား၍ ၎င်းတို့၏အရေခွံ၊ အသား၊ မစင်တို့ကို မီးရှို့ပစ်ရမည်။
ထို့နောက် သူသည် မိမိဝတ်ထားသောအဝတ်ကိုချွတ်၍ အခြားအဝတ်ကိုဝတ်ပြီးလျှင် ပြာပုံကို တပ်စခန်းအပြင်ဘက်၊ သန့်ရှင်းသောနေရာသို့ ယူဆောင်သွားရမည်။
မည်သည့်အပြစ်ဖြေရာယဇ်ကောင်မဆို ၎င်း၏သွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေလွှတ်ခြင်းပြုရန် တွေ့ဆုံစည်းဝေးရာတဲတော်တွင်းသို့ ယူဆောင်လာလျှင် ထိုယဇ်ကောင်၏အသားကို မစားရ။ မီးရှို့ပစ်ရမည်။
အာရုန်၏သားတို့သည် သွေးကို သူ့ထံသို့ယူဆောင်လာကြရာ သူသည် မိမိ၏လက်ချောင်းကို သွေးထဲသို့နှစ်၍ ယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းပြီးလျှင် ကျန်သွေးကို ယဇ်ပလ္လင်အောက်ခြေ၌ သွန်း၏။
ထိုနွားမတမ်းကို ယဇ်ပုရောဟိတ်ဧလာဇာအား ပေးရမည်။ သူသည် ထိုနွားမတမ်းကို တပ်စခန်းအပြင်ဘက်သို့ ထုတ်သွား၍ သူ့ရှေ့၌ သတ်စေရမည်။
ထို့နောက် ယဇ်ပုရောဟိတ်သည် မိမိအဝတ်ကို လျှော်၍ ရေချိုးပြီးမှ တပ်စခန်းထဲသို့ ဝင်နိုင်၏။ သို့သော် ယဇ်ပုရောဟိတ်သည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။