ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ့သားဖြစ်မည်။ သူအမှားပြုမိလျှင် သူ့ကို လူသုံးကြိမ်လုံးနှင့် ဆုံးမမည်။ လူတို့ ရိုက်တတ်သကဲ့သို့ သူ့ကို ရိုက်မည်။
ဟေဗြဲ 12:7 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် သင်တို့ကို သားကဲ့သို့ ပြုမူဆက်ဆံတော်မူသည်ဖြစ်၍ သင်တို့သည် ဆုံးမပဲ့ပြင်တော်မူခြင်းကို သည်းခံကြရမည်။ အကြောင်းမူကား ဖခင်မဆုံးမ မပဲ့ပြင်သောသားဟူ၍ရှိသလော။ Common Language Bible သင်တို့ဆင်းရဲဒုက္ခခံရခြင်းသည်ဖခင်၏ ဆုံးမခြင်းကိုခံရသည်ဟုခံယူရကြမည်။ ယင်းသို့ခံရခြင်းသည်သင်တို့အားသားများ အနေဖြင့် ဘုရားသခင်ဆက်ဆံလျက်ရှိတော် မူကြောင်းကိုပြ၏။ ဖခင်မဆုံးမသောသား ဟူ၍အဘယ်မှာရှိသနည်း။- Garrad Bible သား အ ဖြစ် ဘု ရား သ ခင် ဆုံး မ တော် မူ သည့် အ လျောက် ပဲ့ ပြင် ခြင်း အ ကျိုး ငှာ သင် တို့ သည်း ခံ လျက် နေ ရ ကြ၏။ အ ဖ မ ပဲ့ ပြင် သော သား မည် သူ ရှိ သ နည်း။ Judson Bible သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြုတော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစ်စုံတစ်ယောက်ရှိသလော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် သင်တို့အား သားသမီးအရင်းအချာကဲ့သို့ ပြုမူဆက်ဆံတော်မူသဖြင့် သင်တို့သည် ဆုံးမတော်မူခြင်းကို သည်းခံသင့်၏။ ဖခင် မဆုံးမသော သားသမီးဟူ၍ ရှိသလော။ |
ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ့သားဖြစ်မည်။ သူအမှားပြုမိလျှင် သူ့ကို လူသုံးကြိမ်လုံးနှင့် ဆုံးမမည်။ လူတို့ ရိုက်တတ်သကဲ့သို့ သူ့ကို ရိုက်မည်။
သူ့ခမည်းတော်သည် သူစိတ်ဆင်းရဲအောင် “သင် အဘယ်ကြောင့် ဤသို့ပြုသနည်း”ဟု တစ်ခါမျှမဆိုဖူးပေ။ အဒေါနိယသည် အဗရှလုံ၏ညီဖြစ်ပြီး ရုပ်ရည်အလွန်ချောသူဖြစ်၏။
ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကိုမုန်းသောသူဖြစ်၏။ သားကိုချစ်သောသူမူကား သူ့ကိုကြိုးစား၍ဆုံးမပဲ့ပြင်တတ်၏။
မျှော်လင့်ခြင်းရှိစဉ်အခါ သင်၏သားကိုပဲ့ပြင်လော့။ သူ့ကိုသေခြင်းသို့ရောက်စေလိုသည့် စိတ်ထားမျိုးမရှိစေနှင့်။
မိုက်မဲခြင်းသည် ကလေးသူငယ်၏စိတ်နှလုံးတွင် နှောင်ဖွဲ့လျက်ရှိ၏။ သို့သော် ဆုံးမပဲ့ပြင်သောကြိမ်လုံးသည် ၎င်းကို သူနှင့်ဝေးကွာစေလိမ့်မည်။
ကြိမ်လုံးနှင့်ဆိုဆုံးမစကားသည် ဉာဏ်ပညာကိုပေး၏။ လွှတ်ထားသောကလေးသူငယ်မူကား သူ၏မိခင်ကိုအရှက်ကွဲစေတတ်၏။
သင်၏သားကိုပဲ့ပြင်လော့။ သို့ပြုလျှင် သူသည် သင့်ကိုငြိမ်းချမ်းမှုပေး၍ သင်၏စိတ်ဝိညာဉ်ကို ကြည်နူးစေလိမ့်မည်။
တပည့်တော်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်း၌ ဆက်၍တည်နေကြရန် တိုက်တွန်းနှိုးဆော်ကာ “ငါတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် များစွာသောဆင်းရဲဒုက္ခကို ဖြတ်သန်းရမည်”ဟု ဆိုကြ၏။
စီရင်ခြင်းခံရလျှင်လည်း လောကီသားတို့နှင့်အတူ ပြစ်ဒဏ်စီရင်ခြင်းမခံရမည့်အကြောင်း သခင်ဘုရား၏ဆုံးမတော်မူခြင်းကိုခံရကြ၏။
ဖခင်သည် သားကိုဆုံးမသကဲ့သို့ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူကြောင်း သင်၏စိတ်နှလုံးထဲ၌ သိမှတ်ရမည်။
ငါကိန်းဝပ်ရာအရပ်၌ ပူဇော်ရန် ငါမိန့်မှာထားသောယဇ်နှင့် ပူဇော်သက္ကာကို အဘယ်ကြောင့် မထီမဲ့မြင်ပြုကြသနည်း။ ငါ့လူမျိုးတော်အစ္စရေးတို့ပူဇော်သမျှတို့ထဲမှ အကောင်းဆုံးကိုယူ၍ သင်တို့ကိုယ်ကိုဝလင်စေခြင်းဖြင့် သင်သည် သင့်သားတို့ကို ငါ့ထက်ပို၍ အဘယ်ကြောင့်ဂုဏ်ပြုချီးမြှောက်သနည်း’ဟု မိန့်ဆို၏။
သင့်အဖို့ နိမိတ်လက္ခဏာကား သင့်သားနှစ်ဦးဖြစ်သော ဟောဖနိနှင့် ဖိနဟတ်တို့၌ ဖြစ်ပျက်မည့်အရာဖြစ်၏။ သူတို့နှစ်ဦးစလုံးသည် တစ်နေ့ချင်းတွင် သေရလိမ့်မည်။
သူ့သားတို့သည် ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲစရာဖြစ်သည့်တိုင်အောင် အပြစ်ပြုသည်ကို သူသိသော်လည်း သူသည် သားတို့ကိုမဆုံးမသောကြောင့် ထိုဒုစရိုက်အပြစ်အတွက် ငါသည် သူ့အိမ်သူအိမ်သားတို့ကို အစဉ်ဒဏ်ခတ်မည်ဖြစ်ကြောင်း သူ့ကိုငါပြောထားပြီးဖြစ်၏။