သို့သော် ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ သူ့အား ဧလိရှဲဆိုသည့်အတိုင်း နောက်နှစ် ထိုရာသီရောက်သည့်အခါ သားယောက်ျားကို မွေးဖွားလေ၏။
ဟေဗြဲ 11:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ အမြုံဖြစ်သောစာရာသည်လည်း အသက်အရွယ်လွန်ပြီးသောအခါ ယုံကြည်ခြင်းအားဖြင့် ပဋိသန္ဓေတည်နိုင်သောအစွမ်းကိုရရှိ၏။ အကြောင်းမူကား ကတိပေးတော်မူသောအရှင်သည် သစ္စာရှိသည်ဟုမှတ်ယူသောကြောင့်ဖြစ်၏။ Common Language Bible အာဗြဟံသည်အိုမင်းလေပြီ။ စာရာသည် လည်းသားသမီးမွေးဖွားနိုင်သောအရွယ် လွန်လေပြီ။ သို့ရာတွင်အာဗြဟံသည် ယုံကြည်ခြင်းအားဖြင့်ဖခင်ဖြစ်လာ၏။ ဘုရားသခင်သည်ကတိထားတော်မူသည် အတိုင်းသစ္စာတည်တော်မူသည်ဟုယုံ ကြည်၏။- Garrad Bible ယုံ ကြည် ခြင်း အား ဖြင့် စာ ရာ့ ကိုယ် တိုင် ပင် က တိ ထား ခဲ့ သော အ ရှင့် သ စ္စာ တည် တော် မူ ကြောင်း မှတ် ယူ လျက် အ ရွယ် လွန် ပြီး နောက် သ န္ဓေ ယူ နိုင် ခွင့် တန် ခိုး ကို ရ သည် ဖြစ် ၍၊ Judson Bible သူ၏ခင်ပွန်းစာရာသည်လည်း အရွယ်လွန်သောအခါ၊ ပဋိသန္ဓေယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ကတိထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလမ်းခြင်းရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မြုံသောစာရာသည် အသက်အရွယ်လွန်သော်လည်း ယုံကြည်ခြင်းဖြင့် ကိုယ်ဝန်ဆောင်နိုင်ခွင့်ကို ရရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကတိထားတော်မူသောအရှင်မှာ သစ္စာရှိသည်ဟု သူမှတ်ယူသောကြောင့် ဖြစ်၏။ |
သို့သော် ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ သူ့အား ဧလိရှဲဆိုသည့်အတိုင်း နောက်နှစ် ထိုရာသီရောက်သည့်အခါ သားယောက်ျားကို မွေးဖွားလေ၏။
ကြည့်လော့။ သင်၏အဆွေအမျိုး အဲလစ်ဇဘက်သည်လည်း အိုမင်းသောအရွယ်၌ သားယောက်ျားကိုသန္ဓေတည်၍ အမြုံမဟုအခေါ်ခံရသောသူသည် ယခု ကိုယ်ဝန်ခြောက်လရှိနေပြီ။
ဆိုလိုသည်ကား သွေးသားနှင့်ဆိုင်သောသားသမီးများသည် ဘုရားသခင်၏သားသမီးများမဟုတ်ဘဲ ကတိတော်နှင့်ဆိုင်သောသားသမီးများသာလျှင် အမျိုးအနွယ်အဖြစ်သတ်မှတ်ခြင်းခံရ၏။
ကျွန်မ၏သားသည် သွေးသားဇာတိအရမွေးဖွားလာ၏။ လွတ်လပ်သောမိန်းမ၏သားမူကား ကတိတော်အရမွေးဖွားလာ၏။
ကတိပေးတော်မူသောအရှင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ ယိမ်းယိုင်ခြင်းမရှိဘဲ ငါတို့ဝန်ခံသောမျှော်လင့်ခြင်းကို စွဲကိုင်ထားကြကုန်စို့။