အကြောင်းမူကား ကိုယ်တော်သည် ယဇ်ပူဇော်ခြင်းကို အလိုရှိတော်မမူပါ။ အလိုရှိတော်မူလျှင် အကျွန်ုပ်ပူဇော်ခဲ့ပါလိမ့်မည်။ မီးရှို့ရာယဇ်ကိုလည်း နှစ်သက်တော်မမူပါ။
ဟေဗြဲ 10:4 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား နွားလားနှင့်ဆိတ်တို့၏သွေးသည် အပြစ်များကိုမဖယ်ရှားနိုင်ပေ။ Judson Bible အကြောင်းမူကား၊ နွား၊ ဆိတ်၏အသွေးသည် အပြစ်ကို မပယ်နိုင်ရာ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် နွားထီးနှင့် ဆိတ်တို့၏ သွေးသည် အပြစ်ကို မဖယ်ရှားနိုင်သောကြောင့်ဖြစ်၏။ |
အကြောင်းမူကား ကိုယ်တော်သည် ယဇ်ပူဇော်ခြင်းကို အလိုရှိတော်မမူပါ။ အလိုရှိတော်မူလျှင် အကျွန်ုပ်ပူဇော်ခဲ့ပါလိမ့်မည်။ မီးရှို့ရာယဇ်ကိုလည်း နှစ်သက်တော်မမူပါ။
နွားကိုသတ်သောသူသည် လူကိုသတ်သောသူ၊ သိုးသငယ်ကိုယဇ်ပူဇော်သောသူသည် ခွေး၏လည်ပင်းကိုချိုးသောသူဖြစ်၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်သောသူသည် ဝက်၏သွေးကိုပူဇော်သောသူ၊ လော်ဗန်ကိုပူဇော်သောသူသည် ရုပ်တုဆင်းတုကိုကောင်းချီးပေးသောသူဖြစ်၏။ သူတို့သည် မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ကြ၍ သူတို့၏စိတ်ဝိညာဉ်သည် ရွံရှာဖွယ်ရာတို့ကို နှစ်သက်ကြ၏။
ငါ့ထံ သင်တို့ယူလာသော ရှေဘပြည်မှလော်ဗန်၊ ဝေးသောပြည်မှမွှေးကြိုင်သောခါနဲကို ငါဘာလုပ်ရမည်နည်း။ သင်တို့၏မီးရှို့ရာယဇ်ကို ငါလက်မခံ။ သင်တို့၏ပူဇော်သက္ကာကို ငါမနှစ်သက်”ဟု မိန့်တော်မူ၏။
သင်တို့သည် ထာဝရဘုရားထံပြန်လာ၍ “အပြစ်ရှိသမျှ ခွင့်လွှတ်တော်မူပါ။ ကောင်းသောအရာတို့ကို လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် နွားထီးကိုပူဇော်သကဲ့သို့ နှုတ်ဖြင့်ချီးမွမ်းပါမည်။
အကြောင်းမူကား ငါသည် ယဇ်ပူဇော်ခြင်းထက် မေတ္တာကရုဏာကို နှစ်သက်၏။ မီးရှို့ရာယဇ်ထက် ဘုရားသခင်နှင့်သိကျွမ်းခြင်းကို နှစ်သက်၏။
ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့ဖြင့်ချစ်၍ ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ခြင်းသည်လည်း မီးရှို့ရာယဇ်နှင့် ယဇ်ပူဇော်ခြင်းအပေါင်းတို့ထက် သာ၍မြတ်ပါ၏”ဟု လျှောက်လေ၏။
နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။
ဤသည်ကား သူတို့၏အပြစ်များကို ငါဖယ်ရှားသောအခါ သူတို့အား ငါပေးမည့်ပဋိညာဉ်ပေတည်း”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
ပညတ်တရားသည် နောင်လာမည့်ကောင်းသောအရာများ၏အရိပ်မျှသာဖြစ်ပြီး ၎င်းတို့၏ပုံသဏ္ဌာန်အစစ်အမှန်မဟုတ်သောကြောင့် နှစ်စဉ် အမြဲမပြတ်ပူဇော်နေသည့် တူညီသောယဇ်များအားဖြင့် အထံတော်သို့ချဉ်းကပ်သောသူတို့ကို မစုံလင်စေနိုင်ပေ။
ယဇ်ပုရောဟိတ်အားလုံးသည် နေ့စဉ်ရပ်လျက် ဝတ်ပြုကာ အပြစ်များကိုမဖယ်ရှားနိုင်သည့် တူညီသောယဇ်ကို အကြိမ်ကြိမ်ပူဇော်နေကြ၏။
ပထမအနေဖြင့် “ကိုယ်တော်သည် ပညတ်တရားအရပူဇော်သောအရာများတည်းဟူသော ယဇ်ကောင်နှင့်ပူဇော်သက္ကာများ၊ မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်များကို အလိုမရှိ။ နှစ်သက်တော်မူခြင်းလည်းမရှိ”ဟု ဆို၏။
ထိုတဲတော်သည် ဤမျက်မှောက်ကာလအတွက် ပုံဥပမာဖြစ်၍ ပူဇော်သောပူဇော်သက္ကာနှင့်ယဇ်တို့သည် ဝတ်ပြုသူ၏အသိစိတ်ကိုမစုံလင်စေနိုင်ကြောင်း ဖော်ပြ၏။
ကိုယ်တော်သည် အပြစ်များကိုယူဆောင်သွားရန် ပေါ်ထွန်းတော်မူခဲ့ကြောင်း သင်တို့သိကြ၏။ ကိုယ်တော်၌ကား မည်သည့်အပြစ်မျှမရှိ။