ဘုရားသခင်ကိုမေ့လျော့တတ်သောသူတို့၊ ဤအချက်ကို သတိနှင့်ဆင်ခြင်ကြလော့။ သို့မဟုတ်ပါက ငါသည် သင်တို့ကို အပိုင်းပိုင်းဆုတ်ဖြဲသဖြင့် ကယ်နုတ်သူမရှိဖြစ်လိမ့်မည်။
ဟေဗြဲ 10:31 - မြန်မာ့စံမီသမ္မာကျမ်း အသက်ရှင်တော်မူသောဘုရားသခင်၏လက်တော်သို့ကျရောက်ခြင်းသည် ကြောက်မက်ဖွယ်ကောင်း၏။ Common Language Bible အသက်ရှင်တော်မူသောဘုရားသခင်၏ လက်တော်သို့ကျရောက်ရခြင်းသည် ကြောက် မက်ဖွယ်ကောင်းလှပါသည်တကား။ Garrad Bible အ သက် ရှင် တော် မူ သော ဘု ရား သ ခင့် လက် တော် သို့ ကျ ရောက် ရ ခြင်း သည် အ လွန် ကြောက် မက် ဖွယ် ကောင်း စွ တ ကား။ Judson Bible အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက်မက်ဖွယ်သောအမှု ဖြစ်သတည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အသက်ရှင်တော်မူသော ဘုရားသခင်၏ လက်တော်သို့ ကျရောက်ရခြင်းသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ |
ဘုရားသခင်ကိုမေ့လျော့တတ်သောသူတို့၊ ဤအချက်ကို သတိနှင့်ဆင်ခြင်ကြလော့။ သို့မဟုတ်ပါက ငါသည် သင်တို့ကို အပိုင်းပိုင်းဆုတ်ဖြဲသဖြင့် ကယ်နုတ်သူမရှိဖြစ်လိမ့်မည်။
ကိုယ်တော်တစ်ပါးတည်းသာလျှင် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ ကိုယ်တော်အမျက်ထွက်တော်မူသောအခါ မည်သူသည် ကိုယ်တော်၏ရှေ့တွင် ရပ်နေနိုင်ပါမည်နည်း။
ကိုယ်တော့်အမျက်တော်တန်ခိုးကိုလည်းကောင်း၊ အမျက်ထွက်သည့်ပမာဏနှင့်အညီ ကြောက်ရွံ့ရကြောင်းကိုလည်းကောင်း မည်သူသိနိုင်ပါသနည်း။
ထိုနေ့ရက်၌ အီဂျစ်ပြည်သားတို့သည် မိန်းမကဲ့သို့ဖြစ်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် လက်တော်ကို ဝှေ့တော်မူသောကြောင့် သူတို့သည် ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။
ဇိအုန်မြို့ရှိအပြစ်သားတို့သည် ကြောက်ရွံ့ကြလေပြီ။ ထိတ်လန့်တုန်လှုပ်ခြင်းသည် ဘုရားတရားမဲ့သူတို့ကို လွှမ်းမိုးလေပြီ။ သူတို့က “ငါတို့တွင် မည်သူသည် တောက်လောင်သောမီးထဲ၌ နေနိုင်သနည်း။ ငါတို့တွင် မည်သူသည် ထာဝရမီးတောက်ထဲ၌ နေနိုင်သနည်း”ဟု ဆိုကြ၏။
ကိုယ်ခန္ဓာကိုသတ်၍ အသက်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်အသက်ဝိညာဉ်နှစ်မျိုးစလုံးကို ငရဲ၌ဖျက်ဆီးနိုင်သောအရှင်ကိုသာ ကြောက်ကြလော့။
ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။
သင်တို့ကြောက်ရမည့်သူကို သင်တို့အား ငါပြောပြမည်။ ကိုယ်ခန္ဓာကိုသတ်ပြီးနောက် ငရဲထဲသို့ပစ်ချပိုင်ခွင့်ရှိသောသူကို ကြောက်ကြလော့။ မှန်ပေ၏။ ထိုသူကိုကြောက်ကြလော့ဟု သင်တို့အား ငါဆို၏။
အရပ်ရပ်တို့၌ ပြင်းထန်သောငလျင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါဆိုက်ခြင်းတို့ဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌လည်း ကြောက်မက်ဖွယ်ရာများနှင့် ကြီးမားသောအတိတ်နိမိတ်များပေါ်ထွန်းကြလိမ့်မည်။
ကြည့်လော့။ ထာဝရဘုရား၏လက်တော်သည် ယခုပင် သင့်အပေါ်သို့ကျရောက်သဖြင့် သင်သည် မျက်စိကွယ်လျက် ကာလအတန်ကြာ နေကိုမမြင်ဘဲနေလိမ့်မည်”ဟု ဆို၏။ ထိုခဏချင်းတွင် မှုန်ဝါးခြင်းနှင့်မှောင်မိုက်ခြင်းတို့သည် သူ့အပေါ်ကျရောက်သဖြင့် သူသည် လက်ဆွဲ၍လမ်းပြမည့်သူကို စမ်းတဝါးဝါးလိုက်ရှာလေ၏။
ထို့ကြောင့် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့်ပတ်သက်သည့်အကြောင်းကို ငါတို့သိသဖြင့် လူတို့ကိုစည်းရုံးကြ၏။ ငါတို့အကြောင်းသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှားပြီဖြစ်၍ သင်တို့၏အသိစိတ်၌လည်း ထင်ရှားပြီဟု ငါမျှော်လင့်၏။
တရားစီရင်ခြင်းကိုလည်းကောင်း၊ ဆန့်ကျင်သောသူတို့ကိုဝါးမျိုမည့် အမျက်တော်မီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နေကြရန်သာရှိတော့၏။
ညီအစ်ကိုတို့၊ သင်တို့တွင် မယုံကြည်တတ်သောဆိုးညစ်သည့်စိတ်နှလုံးရှိသဖြင့် အသက်ရှင်သောဘုရားသခင်ထံတော်မှ ထွက်ခွာသွားမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိပြုကြလော့။