ထာဝရဘုရားသည် ကာလအစဉ်အဆက် ရှင်ဘုရင်ဖြစ်တော်မူ၏။ တိုင်းနိုင်ငံတို့သည် ကိုယ်တော်၏ပြည်တော်ထဲမှ ပျောက်ကွယ်သွားကြပါပြီ။
ဟေဗြဲ 1:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုအရာတို့သည် ပျက်စီးသွားသော်လည်း ကိုယ်တော်သည် ဆက်၍တည်ပါ၏။ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ဟောင်းနွမ်းကြလိမ့်မည်။ Common Language Bible ထိုအရာတို့သည်ယိုယွင်းပျက်စီးသွား ကြမည်ဖြစ်သော်လည်း၊ ကိုယ်တော်ရှင်မူကားအမြဲတည်တော်မူပါ၏။ ထိုအရာအားလုံးသည်အဝတ်အထည်များ ကဲ့သို့ ဟောင်းနွမ်းကြလိမ့်မည်။ Garrad Bible ထို အ ရာ များ သည် ပျက် စီး ရ ပါ လိမ့် မည်။ ကိုယ် တော် မူ ကား အ မြဲ တည် တော် မူ ပါ မည်။ ထို အ ရာ ရှိ သ မျှ သည် အ ဝတ် ကဲ့ သို့ နွမ်း ရိ ၍၊ Judson Bible ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကို လိပ်သကဲ့သို့ လိပ်တော်မူသဖြင့် ပြောင်းလဲခြင်းရှိကြသော်လည်း၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းကင်နှင့်မြေကြီး ပျက်စီးသွားမည် ဖြစ်သော်လည်း ကိုယ်တော်သည် ထာဝရတည်တော်မူလိမ့်မည်။ ကောင်းကင်နှင့်မြေကြီးသည် အဝတ်ကဲ့သို့ ဟောင်းနွမ်းသွားလိမ့်မည်။ |
ထာဝရဘုရားသည် ကာလအစဉ်အဆက် ရှင်ဘုရင်ဖြစ်တော်မူ၏။ တိုင်းနိုင်ငံတို့သည် ကိုယ်တော်၏ပြည်တော်ထဲမှ ပျောက်ကွယ်သွားကြပါပြီ။
ထိုအရာတို့သည် ပျက်စီးသွားသော်လည်း ကိုယ်တော်သည် ဆက်၍တည်ပါ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းကြလိမ့်မည်။ ကိုယ်တော်သည် ထိုအရာတို့ကို အဝတ်လဲသကဲ့သို့ လဲတော်မူသဖြင့် ၎င်းတို့သည် ပြောင်းလဲကြလိမ့်မည်။
ထာဝရဘုရားသည် လွှမ်းမိုးသောရေပြင်အထက်တွင် စိုးစံတော်မူ၏။ ထာဝရဘုရားသည် ရှင်ဘုရင်အဖြစ် အစဉ်အမြဲစိုးစံတော်မူ၏။
တောင်များမဖြစ်ပေါ်မီ၊ မြေကြီးနှင့်ကမ္ဘာလောကကို ကိုယ်တော်ဖြစ်ပွားစေတော်မမူမီ ထာဝရကာလမှ ထာဝရကာလတိုင်အောင် ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။
ကောင်းကင်တန်ဆာတို့သည် ပျက်စီးပျောက်ကွယ်သွား၍ ကောင်းကင်သည် စာလိပ်ကဲ့သို့လိပ်သွားမည်။ ကောင်းကင်တန်ဆာတို့သည် စပျစ်ပင်မှ အရွက်ကြွေကျသကဲ့သို့၊ သဖန်းပင်မှ အရွက်ကြွေကျသကဲ့သို့ ကြွေကျကြလိမ့်မည်။
အစအဦးကပင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပေါ်ထွန်းစေသောအမှုကို ပြုသောသူကား မည်သူနည်း။ ထိုသူကား အဦးဆုံးသောသူဖြစ်၍ နောက်ဆုံးသောသူတို့နှင့်အတူရှိသော ငါထာဝရဘုရားပင်တည်း။
အစ္စရေးလူမျိုး၏ရှင်ဘုရင်ထာဝရဘုရား၊ အစ္စရေးလူမျိုးကိုရွေးနုတ်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် အဦးဆုံးသောသူဖြစ်၏။ နောက်ဆုံးသောသူလည်း ဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။
ဘုရားရှင်ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူ၏။ ငါအပြစ်ရှိသည်ဟု မည်သူစီရင်မည်နည်း။ စီရင်သောသူအပေါင်းတို့သည် အဝတ်ကဲ့သို့ဟောင်းနွမ်းကြလိမ့်မည်။ သူတို့ကို ပိုးကိုက်စားလိမ့်မည်။
မိုးကောင်းကင်ကို မျှော်ကြည့်ကြလော့။ အောက်အရပ်ကမ္ဘာမြေကြီးကိုလည်း ကြည့်ကြလော့။ မိုးကောင်းကင်သည် မီးခိုးကဲ့သို့ကွယ်ပျောက်သွားမည်။ ကမ္ဘာမြေကြီးသည်လည်း အဝတ်ကဲ့သို့ဟောင်းနွမ်းသွားမည်။ မြေကြီးသားတို့သည်လည်း မှက်ကောင်ကဲ့သို့ သေဆုံးကြမည်။ သို့သော် ငါ၏ကယ်တင်ခြင်းသည် အစဉ်အမြဲတည်မည်။ ငါ၏ဖြောင့်မတ်ခြင်းသည် ပျောက်ပျက်မည်မဟုတ်။
အကြောင်းမူကား ပိုးကောင်တို့သည် အဝတ်ကိုကိုက်စားသကဲ့သို့ ထိုသူတို့ကို ကိုက်စားမည်။ ပိုးရွတို့သည် သိုးမွေးကိုကိုက်စားသကဲ့သို့ ထိုသူတို့ကို ကိုက်စားမည်။ ငါ၏ဖြောင့်မတ်ခြင်းမူကား အစဉ်အမြဲတည်မည်။ ငါ၏ကယ်တင်ခြင်းသည် မျိုးဆက်အဆက်ဆက် တည်မည်။
ကြည့်ရှုလော့။ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အတိတ်မှအဖြစ်အပျက်တို့ကို မှတ်မိတော့မည်မဟုတ်။ စိတ်ထဲဝင်လာတော့မည်မဟုတ်။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှကွယ်ပျောက်လိမ့်မည်မဟုတ်။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှကွယ်ပျောက်လိမ့်မည်မဟုတ်။
“နောက်တစ်ဖန်”ဟူသောစကားသည် မတုန်လှုပ်နိုင်သောအရာတို့ကိုတည်မြဲစေရန် ဖန်ဆင်းခြင်းခံရသည့် တုန်လှုပ်တတ်သောအရာများကိုဖယ်ရှားမည့်အကြောင်းကို ဆိုလို၏။
ဘုရားသခင်သည် “ပဋိညာဉ်သစ်”ဟု မိန့်တော်မူခြင်းအားဖြင့် ပထမပဋိညာဉ်ကို ဟောင်းနွမ်းစေတော်မူ၏။ ကြာညောင်း၍ ဟောင်းနွမ်းသောအရာသည် မကြာမီပျောက်ကွယ်သွားလိမ့်မည်။
ထိုအသံက“သင်မြင်ရသောအရာကို စာစောင်တွင်ရေးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နှင့် လောဒိကိမြို့တို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့”ဟု ဆို၏။
စမုရနမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ အဦးဆုံးနှင့်နောက်ဆုံးဖြစ်သူ၊ သေခဲ့သော်လည်း ပြန်၍အသက်ရှင်သောသူက ဤသို့မိန့်တော်မူ၏။
ထို့နောက် ဖြူသောပလ္လင်ကြီးနှင့် ထိုပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကို ငါမြင်ရ၏။ ကောင်းကင်နှင့်မြေကြီးသည် ထိုအရှင်၏မျက်မှောက်မှ ပျောက်လွင့်သွား၍ ၎င်းတို့အတွက်နေရာမရှိတော့ပေ။
ထို့နောက် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါမြင်ရ၏။ အကြောင်းမူကား ပထမကောင်းကင်နှင့် ပထမမြေကြီးသည် ပျောက်ကွယ်သွား၍ ပင်လယ်သည်လည်းမရှိတော့ချေ။