သူတို့ပိုင်သောနွားထီးများသည် မျိုးကောင်း၍ မျိုးမအောင်ခြင်းမရှိ။ နွားမများသည်လည်း သားပေါက်၍ သားလျှောခြင်းမရှိ။
ဟောရှေ 9:14 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ သူတို့အား ပေးတော်မူပါ။ သူတို့အား မည်သည့်အရာပေးတော်မူမည်နည်း။ သူတို့အား ကိုယ်ဝန်ပျက်သောဝမ်း၊ နို့မထွက်သောသားမြတ်ကို ပေးတော်မူပါ။ Common Language Bible ဤသူတို့အတွက်ကိုယ်တော်ရှင်ထံအကျွန်ုပ် မည်သည့်အရာကိုတောင်းလျှောက်ရပါမည် နည်း။ သူတို့၏အမျိုးသမီးများကိုမြုံစေ ၍သူတို့ကလေးငယ်များကိုပြုစုခွင့် မရကြပါစေနှင့်။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ ထို သူ တို့ အား ပေး ချ တော် မူ ပါ။ မည် သို့ ပေး တော် မူ အပ် သ နည်း ဟူ မူ၊ သား လျှော သော ဝမ်း၊ ခန်း ခြောက် သော သား မြတ် ကို ပေး ချ တော် မူ ပါ။ Judson Bible အို ထာဝရဘုရား၊ ပေးသနားတော်မူပါ။ အဘယ်သို့ ပေးတော်မူရမည်နည်း။ ကိုယ်ဝန်မဆောင်သော ဝမ်း၊ နို့မထွက်သော သားမြတ်ကို ပေးတော်မူပါ။ |
သူတို့ပိုင်သောနွားထီးများသည် မျိုးကောင်း၍ မျိုးမအောင်ခြင်းမရှိ။ နွားမများသည်လည်း သားပေါက်၍ သားလျှောခြင်းမရှိ။
သင်၏ပြည်၌ မည်သူမျှ သားပျက်ခြင်း၊ မြုံခြင်း ရှိမည်မဟုတ်။ ငါသည် သင့်ကို သက်တမ်းစေ့နေစေမည်။
ဧဖရိမ်၏ဂုဏ်သရေသည် ငှက်ကဲ့သို့ ပျံသန်းသွားလိမ့်မည်။ သားဖွားခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ သန္ဓေတည်ခြင်း မရှိရ။
ဧဖရိမ်ကို ငါတွေ့စဉ်က တိုင်ရာမြို့ကဲ့သို့ စားကျက်မြေ၌ပေါက်သောအပင်နှင့်တူ၏။ သို့သော် ဧဖရိမ်သည် သူ့သားသမီးတို့ကို လူသတ်သမားထံ ခေါ်ထုတ်လာရတော့မည်။”
ဧဖရိမ်သည် ဒဏ်ခတ်ခံရသဖြင့် အမြစ်ခြောက်သွေ့ကာ အသီးမသီးနိုင်သောအပင်ကဲ့သို့ ဖြစ်၏။ သားဖွားလျှင်လည်း သူချစ်မြတ်နိုးသောသားကို ငါကွပ်မျက်မည်။”
ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြလိမ့်မည်။
ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြလိမ့်မည်။
ထိုနေ့ရက်များ၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤပြည်အပေါ်၌ ကြီးစွာသောဒုက္ခဆင်းရဲခြင်းကျရောက်၍ ဤလူမျိုးအပေါ်၌အမျက်တော်သက်ရောက်လိမ့်မည်။
အကြောင်းမူကား မြုံသောမိန်းမ၊ သန္ဓေမလွယ်ဖူးသောဝမ်းနှင့် သူငယ်မစို့ဖူးသောသားမြတ်တို့သည် မင်္ဂလာရှိ၏ဟုဆိုကြမည့်နေ့ရက်များရောက်လာလိမ့်မည်။
မျက်မှောက်ကြုံတွေ့နေရသော ခက်ခဲကျပ်တည်းခြင်းကြောင့် ဤအတိုင်းနေလျှင် ကောင်း၏ဟု ငါယူဆ၏။ ယောက်ျားသည်လည်း လက်ရှိအခြေအနေအတိုင်းနေလျှင် ကောင်း၏။
သင့်သားသမီး၊ သင့်မြေ၏အသီးအနှံ၊ သင့်နွား၏သားပေါက်များ၊ သင့်သိုးဆိတ်၏သားပေါက်များသည် ကျိန်ဆဲခြင်းခံရမည်။