တစ်ဖန် ယောသပ်က “ဘုရားသခင်သည် ငါဖိစီးနှိပ်စက်ခံရသည့်ပြည်၌ ငါ့ကိုပွားများစေတော်မူပြီ”ဟု ဆိုလျက် ဒုတိယသား၏အမည်ကို ဧဖရိမ် ဟုမှည့်ခေါ်လေ၏။
ဟောရှေ 9:11 - မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်၏ဂုဏ်သရေသည် ငှက်ကဲ့သို့ ပျံသန်းသွားလိမ့်မည်။ သားဖွားခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ သန္ဓေတည်ခြင်း မရှိရ။ Common Language Bible ဣသရေလတို့၏ဘုန်းတန်ခိုးသည်ငှက် ပျံသကဲ့သို့ကွယ်ပျောက်သွားလိမ့်မည်။ သူ တို့တွင်သမီးများမထွန်းကားရ။ ကိုယ် ဝန်ဆောင်သောမိန်းမ မရှိရ။ သန္ဓေတည် ခြင်းမရှိစေရ။- Garrad Bible ဧ ဖ ရိမ် အ မျိုး၌ သ န္ဓေ တည် ခြင်း၊ ကိုယ် ဝန် ဆောင် ခြင်း၊ သား ဖွား ခြင်း မ ရှိ သ ဖြင့်၊ ငှက် ကဲ့ သို့ ဂုဏ် အ သ ရေ ပျံ လွှား လိမ့် မည်။ Judson Bible ဧဖရိမ်၏ဘုန်းသည် ငှက်ကဲ့သို့ ပျံသွားလိမ့်မည်။ သားဖွားခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ပဋိသန္ဓေယူခြင်း မရှိရ။ |
တစ်ဖန် ယောသပ်က “ဘုရားသခင်သည် ငါဖိစီးနှိပ်စက်ခံရသည့်ပြည်၌ ငါ့ကိုပွားများစေတော်မူပြီ”ဟု ဆိုလျက် ဒုတိယသား၏အမည်ကို ဧဖရိမ် ဟုမှည့်ခေါ်လေ၏။
ယောသပ်သည် အသီးဖြစ်ထွန်းသောစပျစ်ပင်၊ စမ်းရေနားရှိ အသီးဖြစ်ထွန်းသောစပျစ်ပင်ဖြစ်၏။ သူ၏အကိုင်းတို့သည် တံတိုင်းကိုကျော်၏။
ထို့ကြောင့် ရှောလုမင်းကြီး၏သမီးတော် မိခါလသည် သေသည်အထိ သားသမီး မထွန်းကားခဲ့ပေ။
အကယ်စင်စစ် လူဆိုးတို့၏မီးအိမ်သည် ငြိမ်းသွားလိမ့်မည်။ သူ၏မီးလျှံသည်လည်း လင်းထိန်နေမည်မဟုတ်။
သူတို့သည် သွားရင်းလာရင်း အကျိအချွဲဖြစ်သွားသော ပက်ကျိကဲ့သို့လည်းကောင်း၊ နေရောင်ကိုမတွေ့မြင်ရသည့် အသေမွေးသောကလေးကဲ့သို့လည်းကောင်း ဖြစ်ကြပါစေ။
လူသည် သားတစ်ရာမွေးဖွား၍ နှစ်ပေါင်းများစွာအသက်ရှင်ရလျက် သူ့အသက်တာ၏နေ့ရက်သည် များပြားလျှင်လည်း သူ၏စိတ်ဝိညာဉ်သည် ကောင်းကျိုးချမ်းသာကြောင့် အလိုပြည့်စုံသည်ဟူ၍မရှိသကဲ့သို့ သူ့ကို သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းလည်းမရှိလျှင် အသေမွေးသောကလေးသည် ထိုသူထက်ပို၍ကောင်းသည်ဟု ငါဆို၏။
ဧဖရိမ်ပြည်၌ ခံတပ်ရှိတော့မည်မဟုတ်။ ဒမတ်စကပ်မြို့၌လည်း အုပ်စိုးသူမင်း ရှိတော့မည်မဟုတ်။ ကြွင်းကျန်သောဆီးရီးယားလူမျိုးတို့သည် အစ္စရေးအမျိုးသားတို့၏ဘုန်းအသရေကဲ့သို့ဖြစ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ရှမာရိမြို့သားတို့သည် ဗေသဝင်နွားမတမ်းရုပ်တုကြောင့် ကြောက်ရွံ့နေကြ၏။ ထိုရုပ်တု၏ဘုန်းအသရေကွယ်ပျောက်သွားပြီဖြစ်၍ ရှမာရိမြို့သားများသည် ငိုကြွေး၍ ထိုရုပ်တု၌မွေ့လျော်သောယဇ်ပုရောဟိတ်များသည် မြည်တမ်းကြလိမ့်မည်။
သူတို့သည် လူဦးရေတိုးလာသည်နှင့်အမျှ ငါ့ကိုဆန့်ကျင်၍ အပြစ်ပြုကြလေပြီ။ ထို့ကြောင့် သူတို့၏ဂုဏ်သရေကို အရှက်ကွဲခြင်းနှင့် လဲပစ်မည်။
ပြစ်ဒဏ်ခံရသောနေ့တွင် ဧဖရိမ်သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ အစ္စရေးအမျိုးအနွယ်ထဲတွင် အမှန်ဖြစ်လာမည့်အရာကို ငါဖော်ပြ၏။
အို ထာဝရဘုရား၊ သူတို့အား ပေးတော်မူပါ။ သူတို့အား မည်သည့်အရာပေးတော်မူမည်နည်း။ သူတို့အား ကိုယ်ဝန်ပျက်သောဝမ်း၊ နို့မထွက်သောသားမြတ်ကို ပေးတော်မူပါ။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “အမ္မုန်အမျိုးသားတို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် နယ်မြေချဲ့ထွင်ရာ၌ ဂိလဒ်ပြည်ရှိ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းကို ခွဲပစ်ကြ၏။
အကြောင်းမူကား မြုံသောမိန်းမ၊ သန္ဓေမလွယ်ဖူးသောဝမ်းနှင့် သူငယ်မစို့ဖူးသောသားမြတ်တို့သည် မင်္ဂလာရှိ၏ဟုဆိုကြမည့်နေ့ရက်များရောက်လာလိမ့်မည်။
သင့်သားသမီး၊ သင့်မြေ၏အသီးအနှံ၊ သင့်နွား၏သားပေါက်များ၊ သင့်သိုးဆိတ်၏သားပေါက်များသည် ကျိန်ဆဲခြင်းခံရမည်။
သူ၌ စားစရာတစ်စုံတစ်ခုမျှမရှိတော့သဖြင့် မိမိဗိုက်ထဲမှထွက်လာသောအချင်း၊ မိမိမွေးဖွားသောသားသမီးတို့ကိုပင် လျှို့ဝှက်စွာ စားလိမ့်မည်။
သူ၏နွားသားဦးသည် သူ၏ဂုဏ်ကျက်သရေဖြစ်၏။ သူ၏ဦးချိုသည် နွားရိုင်းဦးချိုကဲ့သို့ဖြစ်၏။ သူသည် ထိုဦးချိုဖြင့် လူမျိုးတကာတို့ကို မြေကြီးစွန်းတိုင်အောင် တစ်ချက်တည်းဝှေ့ပစ်မည်။ ထိုဦးချိုများသည် သောင်းပေါင်းများစွာသောဧဖရိမ်အမျိုး၊ ထောင်ပေါင်းများစွာသောမနာရှေအမျိုး ဖြစ်၏။