အကယ်စင်စစ် ထိုရုပ်တုသည် အစ္စရေးထံမှ အစပြုခဲ့၏။ လက်မှုပညာသည်က ထုလုပ်သည်ဖြစ်၍ ဘုရား မဟုတ်။ ရှမာရိအမျိုး၏နွားသငယ်ရုပ်တုသည် တစ်စစီကျိုးပဲ့ရလိမ့်မည်။
ဣသရေလအမျိုးသားလက်မှုပညာ သည်သွန်းလုပ်သောရုပ်တုသည်ဘုရား မဟုတ်။ ရှမာရိမြို့သားတို့ကိုးကွယ်သော ရွှေနွားရုပ်သည်အစိတ်စိတ်အမြွှာမြွှာ ဖြစ်ရလိမ့်မည်။-
ဘု ရား မ ဟုတ်၊ ပန်း တည်း သွန်း၍၊ ခွဲ စိတ် ခြင်း ခံ ရ လ တ္တံ့ သော ရှ မာ ရိ နွား ရုပ် သည်၊ ဣ သ ရေ လ အ မျိုး၏ အ ကြံ အ စည် တည်း။
ထိုနွားသငယ်သည် ဣသရေလအမျိုး ကြံစည်၍ ဖြစ်၏။ ဆရာသမားလုပ်သောကြောင့် ဘုရားမဟုတ်။ အကယ်စင်စစ် ရှမာရိနွားသငယ်သည် အပိုင်းပိုင်း ကျိုးပဲ့ရလိမ့်မည်။
ဗေသလမြို့ရှိ ယဇ်ပလ္လင်နှင့် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီးတည်ထားခဲ့သည့် အထွတ်အမြတ်ထားရာနေရာတို့ကိုလည်း ရှင်ဘုရင်သည် ထိုယဇ်ပလ္လင်နှင့် အထွတ်အမြတ်ထားရာနေရာကိုပါ ဖြိုချပစ်ပြီး မီးရှို့ကာအမှုန့်ချေပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း မီးရှို့ပစ်၏။
အမျက်တော်ထွက်စေဖို့ အစ္စရေးဘုရင်တို့ တည်ထားခဲ့သည့် ရှမာရိမြို့ရွာများရှိ အထွတ်အမြတ်ထားရာကုန်းမြင့်များမှဝတ်ကျောင်းအားလုံးကိုလည်း ယောရှိမင်းကြီးသည် ဗေသလမြို့တွင် ပြုခဲ့သည့်အတိုင်း ဖယ်ရှားပစ်၏။
ယခု သင်တို့၏ဘုရားအဖြစ် ယေရောဗောင်မင်းကြီးပြုလုပ်ပေးသောရွှေနွားသငယ်ရုပ်ရှိ၍ သင်တို့အင်အားကြီးသောကြောင့် ဒါဝိဒ်မင်းကြီး၏သားမြေးများလက်ထဲရှိ ထာဝရဘုရား၏နိုင်ငံတော်ကို တွန်းလှန်ရန် သင်တို့ကြံစည်ကြသလော။
ပွဲတော်အမှုကိစ္စအားလုံးပြီးစီးသွားသောအခါ ပွဲတော်သို့လာရောက်သောအစ္စရေးလူမျိုးအပေါင်းတို့သည် ယုဒမြို့ရွာများသို့ ထွက်သွားပြီး အထွတ်အမြတ်ကျောက်တိုင်များကို ချိုးဖျက်၍ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်ကြ၏။ ယုဒပြည်၊ ဗင်္ယာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် တစ်လျှောက်လုံးရှိ အထွတ်အမြတ်ထားရာနေရာများ၊ ယဇ်ပလ္လင်များကို အပြီးတိုင်ဖျက်ဆီးပစ်ကြ၏။ ထို့နောက် အစ္စရေးအမျိုးသားအပေါင်းတို့သည် မိမိတို့ဆိုင်ရာမြို့များသို့ အသီးသီးပြန်သွားကြလေ၏။
လူအပေါင်းတို့သည် အသိတရားကင်းမဲ့၏။ ပညာလည်းမရှိ။ ပန်းထိမ်သမားအပေါင်းတို့သည်လည်း ရုပ်တုဆင်းတုအားဖြင့် အရှက်ကွဲကြလိမ့်မည်။ အကြောင်းမူကား သူတို့သွန်းလုပ်သောရုပ်တုတို့သည် လှည့်စားခြင်းသာဖြစ်၏။ အသက်မရှိ။
အစ္စရေးအမျိုးအနွယ်သည် သူတို့ကိုးစားသော ဗေသလဘုရားကြောင့် အရှက်ကွဲခဲ့ကြရသကဲ့သို့ မောဘပြည်သားတို့သည်လည်း ခေမုရှဘုရားကြောင့် အရှက်ကွဲကြရလိမ့်မည်။
ထာဝရဘုရားက “ ‘ဘေဘီလုံမြို့ သိမ်းပိုက်ခံရပြီ။ ဗေလဘုရား အရှက်ကွဲလေပြီ။ မေရောဒပ်ဘုရား ကြောက်လန့်လေပြီ။ ဘေဘီလုံရုပ်တုတို့ အရှက်ကွဲလေပြီ။ ဆင်းတုတို့ ကြောက်လန့်လေပြီ’ဟု ကြွေးကြော်ကြေညာလော့။ အချက်ပြအလံကို လွှင့်ထူပြီး မကွယ်မဝှက်ဘဲ လူမျိုးတကာတို့အား ပြောကြားကြလော့။
သူတို့သည် စိတ်နှလုံးမိုက်မဲကြ၏။ ယခုမှာ အပြစ်ဒဏ်ခံရတော့မည်။ ကိုယ်တော်သည် သူတို့၏ယဇ်ပလ္လင်တို့ကို ဖြိုချပြီး အထွတ်အမြတ်ကျောက်တိုင်တို့ကို ဖျက်ဆီးတော်မူမည်။
သူတို့သည် အပြစ်ကို အထပ်ထပ်ကျူးလွန်ကြ၏။ သူတို့ကိုယ်ပိုင်ဉာဏ်ဖြင့် သူတို့အဖို့ ငွေရုပ်တုကို လုပ်ကြ၏။ ထိုရုပ်တုအားလုံးသည် လက်မှုပညာသည်တို့၏လက်ရာသက်သက်သာ ဖြစ်၏။ ထိုသူတို့က “ယဇ်ပူဇော်သောလူတို့သည် နွားသငယ်ရုပ်တုကိုနမ်းကြစေ”ဟု ဆိုကြ၏။
အဆီးရီယားပြည်သည် အကျွန်ုပ်တို့ကို မကယ်တင်နိုင်ပါ။ အကျွန်ုပ်တို့သည် မြင်းမစီးတော့ပါ။ ကိုယ့်လက်ဖြင့်လုပ်သောအရာတို့ကို ‘အကျွန်ုပ်တို့၏ဘုရား’ဟု မဆိုတော့ပါ။ အကြောင်းမူကား ကိုယ်တော်သည် ဖတဆိုးတို့ကို သနားစုံမက်တော်မူပါ၏”ဟု လျှောက်ဆိုလော့။
ထိုမြို့ရှိ ရုပ်တုအားလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်စေမည်။ ပြည့်တန်ဆာလုပ်၍ရသောအခအားလုံးကို မီးလောင်ကျွမ်းစေမည်။ ရုပ်တုရှိသမျှကိုလည်း အပျက်အစီးပုံဖြစ်စေမည်။ သူစုဆောင်းထားသောပြည့်တန်ဆာလုပ်အားခသည် ပြည့်တန်ဆာအခ ပြန်ဖြစ်လိမ့်မည်။”
ရုပ်တုဆင်းတုသည် မည်သည့်အကျိုးအမြတ်ကိုပေးနိုင်၍ ပန်းပုသမားသည် ထုဆစ်ရသနည်း။ ရုပ်တုနှင့် မုသားဆရာ အတူတူပင်ဖြစ်၏။ ပန်းပုသမားသည် ဆွံ့အသောရုပ်တုကို ထုလုပ်ပြီး ထိုရုပ်တုကို ကိုးစားပါသည်တကား။
ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်ကို လူ၏အတတ်ပညာနှင့်စဉ်းစားဆင်ခြင်မှုတို့ဖြင့် ရွှေ၊ ငွေ၊ ကျောက်တုံးတို့ကိုထွင်းထုပြုလုပ်ထားသည့် ရုပ်တုနှင့်တူသည်ဟုမထင်မှတ်သင့်ပေ။
သို့သော် သင်တို့မြင်ရ၊ ကြားရသည့်အတိုင်း ဤပေါလုဆိုသူက လူ့လက်ဖြင့်လုပ်သောအရာများသည် ဘုရားမဟုတ်ဟုဆိုလျက် ဧဖက်မြို့သာမကအာရှပြည်တစ်ပြည်လုံးနီးပါး၌ များစွာသောလူတို့ကို စည်းရုံးပြီး လမ်းလွဲစေခဲ့၏။