မိက္ခာယကို သွားခေါ်လာခဲ့သောတမန်ကလည်း မိက္ခာယအား “ကြည့်ပါ။ ပရောဖက်တို့က ရှင်ဘုရင်အဖို့ ကောင်းသောသတင်းတစ်မျိုးတည်းကို ဟောကြပြီ။ သင်သည်လည်း သူတို့နည်းတူ ကောင်းသောသတင်းတစ်မျိုးတည်းကိုသာ ဟောပါလော့”ဟု ဆို၏။
ဟောရှေ 7:3 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မကောင်းမှုများဖြင့် ရှင်ဘုရင်ကို ဝမ်းမြောက်စေ၏။ မုသားစကားများဖြင့် မှူးမတ်တို့ကို ဝမ်းမြောက်စေ၏။ Common Language Bible ထာဝရဘုရားက``လူတို့သည်မိမိတို့ ၏မကောင်းသောကြံစည်မှုများအားဖြင့် ဘုရင်နှင့်မင်းမှုထမ်းတို့အားလှည့်စား ကြ၏။- Garrad Bible ဘု ရင် မင်း ကို၊ ဆိုး သွမ်း မှု များ ဖြင့် လည်း ကောင်း၊ မှူး မတ် တို့ ကို၊ လိမ် လည် မှု များ ဖြင့်လည်း ကောင်း၊ အား ရ စေ ကြ၏။ Judson Bible ဆိုးညစ်သော အမှုအားဖြင့် ရှင်ဘုရင်ကိုလည်းကောင်း၊ မုသားစကားအားဖြင့် မင်းများကိုလည်းကောင်း ဝမ်းမြောက်စေကြ၏။ |
မိက္ခာယကို သွားခေါ်လာခဲ့သောတမန်ကလည်း မိက္ခာယအား “ကြည့်ပါ။ ပရောဖက်တို့က ရှင်ဘုရင်အဖို့ ကောင်းသောသတင်းတစ်မျိုးတည်းကို ဟောကြပြီ။ သင်သည်လည်း သူတို့နည်းတူ ကောင်းသောသတင်းတစ်မျိုးတည်းကိုသာ ဟောပါလော့”ဟု ဆို၏။
ထိုအခါ အစ္စရေးဘုရင်သည် ပရောဖက်လေးရာခန့်ကိုစုရုံးစေပြီးလျှင် သူတို့အား “ရာမုတ်ဂိလဒ်မြို့ကို စစ်ချီ၍တိုက်ခိုက်ရမည်လော။ မတိုက်ဘဲနေရမည်လော”ဟု မေးလျှင် သူတို့က “စစ်ချီတော်မူပါ။ ဘုရားရှင်သည် ထိုမြို့ကို မင်းကြီးလက်သို့ အပ်တော်မူမည်”ဟု ဆင့်ဆိုကြ၏။
‘ဘေဘီလုံဘုရင်သည် သင်တို့နှင့်သင်တို့ပြည်ကို လာတိုက်မည်မဟုတ်’ဟု ပရောဖက်ပြုဟောပြောခဲ့သော သင်တို့၏ပရောဖက်တို့ကား အဘယ်မှာနည်း။
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
မည်သူသည် တောကန္တာရ၌ ခရီးသွားဧည့်သည်များ စခန်းချရာနေရာလေးတစ်နေရာကို ငါ့အား ပေးမည်နည်း။ သို့ပြုလျှင် ငါသည် ငါ၏လူမျိုးတော်ကိုစွန့်၍ သူတို့ထံမှထွက်သွားမည်။ သူတို့အားလုံးသည် အိမ်ထောင်ရေးဖောက်ပြန်၍ သစ္စာမဲ့သောလူစုဖြစ်၏။
သင်တို့သည် ဆိုးယုတ်မှုကို စိုက်ပျိုးသောကြောင့် မတရားမှုကိုရိတ်သိမ်းရ၏။ မုသားအသီးကို စားရ၏။ အကြောင်းမှာ ကိုယ့်နည်းလမ်း၊ ကိုယ့်စစ်သူရဲအလုံးအရင်းကိုသာ ယုံကြည်အားကိုးကြ၏။
“ဧဖရိမ်သည် မုသားသုံး၍ ငါ့ကိုလှည့်စား၏။ အစ္စရေးအမျိုးအနွယ်သည် ငါ့ကိုလိမ်လည်လှည့်ဖြား၏။ ယုဒသည် သန့်ရှင်း၍ သစ္စာစောင့်သောဘုရားကို ဆန့်ကျင်လေပြီ။
တိုင်းပြည်သည် ကျိန်ဆိုခြင်း၊ လိမ်ညာခြင်း၊ လူသတ်ခြင်း၊ ခိုးယူခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ လူသတ်မှုကို အထပ်ထပ်ကျူးလွန်ကြ၏။
ဧဖရိမ်သည် ရုပ်တုနောက်သို့ ကောက်ကောက်ပါအောင်လိုက်သောကြောင့် နှိပ်စက်ခြင်းကိုခံရ၍ တရားစီရင်ခြင်းကြောင့် ကျိုးပဲ့ကြေမွလေပြီ။
ဘုရင်ပွဲခံသောနေ့မျိုးတွင် မှူးမတ်တို့သည် စပျစ်ဝိုင်သောက်၍ ယစ်မူးကြကုန်၏။ ဘုရင်သည်လည်း လှောင်ပြောင်ရယ်မောသောသူတို့နှင့်အတူ ပျော်ပါးနေ၏။
ဩမရိမင်းကြီး၏ဥပဒေသအတိုင်း၊ အာဟပ်မင်းမျိုး၏အပြုအမူအတိုင်း သင်တို့ လိုက်လျှောက်ကြ၏။ သူတို့၏အကျင့်အကြံအတိုင်း လိုက်လျှောက်သောကြောင့် သင့်ကို ပျက်စီးခြင်းလက်သို့ ငါပေးအပ်လိုက်၏။ မြို့သားတို့သည် ကဲ့ရဲ့စရာဖြစ်ရလိမ့်မည်။ သင်တို့သည် ငါ့လူမျိုးတော်၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်။”
သူတို့၏လက်နှစ်ဖက်စလုံးသည် မကောင်းမှု၌ ကျင်လည်တတ်ကြ၏။ အကြီးအကဲများ၊ တရားသူကြီးများသည် တံစိုးလက်ဆောင်ကို တောင်းဆိုတတ်ကြ၏။ မင်းအရာရှိတို့သည်လည်း မိမိတို့စိတ်အလိုရမ္မက်ကိုသာ ဖော်ပြတတ်ကြ၏။ ထိုသူတို့သည် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြ၏။
ဤအရာများကိုပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်၏ဟူသောဘုရားသခင်၏ပြဋ္ဌာန်းချက်ကို သူတို့သိလျက်နှင့်ပင် သူတို့ကိုယ်တိုင်ပြုကြသည်သာမက ထိုသို့ပြုကျင့်သောသူများကိုလည်း သဘောတူထောက်ခံကြ၏။
ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သူများဖြစ်ကြသောကြောင့် လောကနှင့်စပ်ဆိုင်သောအရာကို ပြောဆိုတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့ကိုနားထောင်တတ်ကြ၏။