နံနက်အချိန်ထွက်သောနေအလင်း၊ မြေပေါ်မြက်နုပေါက်စေဖို့ မိုးရွာပြီးမှ မိုးသားကင်းစင်သွားသောနံနက်ခင်းအလင်းနှင့် တူ၏’ဟု မိန့်တော်မူ၏။
ဟောရှေ 14:5 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် အစ္စရေးအဖို့ နှင်းစက်ကဲ့သို့ ဖြစ်မည်။ သူသည် နှင်းပန်းကဲ့သို့ ပွင့်လန်းလိမ့်မည်။ လက်ဘနွန်သစ်ကတိုးကဲ့သို့ အမြစ်စွဲလိမ့်မည်။ Common Language Bible မိုးရေသည်ခြောက်သွေ့သောမြေကိုစိုပြေစေ သကဲ့သို့ ငါသည်ဣသရေလပြည်သားတို့အား စိုပြေပွင့်လန်းစေမည်။ သူတို့သည်ပန်းပင်ကဲ့သို့ဖူးပွင့်ကြလိမ့်မည်။ လေဗနုန်တောမှသစ်ပင်ကဲ့သို့အမြစ်စွဲလိမ့်မည်။ Garrad Bible နှင်း သ ဘွယ် ငါ သက် သ ဖြင့်၊ ဣ သ ရေ လ သည် နှင်း ပန်း ကဲ့ သို့ ပွင့် လျက်။ လေ ဗ နုန် တော ကဲ့ သို့ အ မြစ် စွဲ လျက် အ ကိုင်း အ ခက် ဝေ ဖြာ လျက်။ Judson Bible ငါသည် နှင်းကဲ့သို့ ဣသရေလအပေါ်မှာ နေမည်။ သူသည် နှင်းပွင့်ကဲ့သို့ ပွင့်လိမ့်မည်။ လေဗနုန်တောကဲ့သို့ အမြစ်စွဲလိမ့်မည်။ |
နံနက်အချိန်ထွက်သောနေအလင်း၊ မြေပေါ်မြက်နုပေါက်စေဖို့ မိုးရွာပြီးမှ မိုးသားကင်းစင်သွားသောနံနက်ခင်းအလင်းနှင့် တူ၏’ဟု မိန့်တော်မူ၏။
အသက်ဘေးမှလွတ်မြောက်၍ ကြွင်းကျန်သောယုဒအမျိုးအနွယ်သည် အောက်ဘက်တွင် ပြန်၍အမြစ်စွဲမည်။ အပေါ်ဘက်တွင် ပြန်၍အသီးသီးမည်။
ငါ့အမြစ်သည် ရေရှိရာအထိ ဖြာထွက်ပြီး ငါ့အခက်အလက်တို့သည်လည်း နှင်းစက်များဖြင့် တစ်ညလုံးစိုနေလိမ့်မည်။
ဇိအုန်တောင်များပေါ်သို့ကျသည့် ဟေရမုန်တောင်၏နှင်းစက်ကဲ့သို့လည်းဖြစ်၏။ အကြောင်းမူကား ထိုသို့နေထိုင်ကြသောအရပ်၌ အစဉ်အမြဲအသက်ရှင်ခြင်းတည်းဟူသော ကောင်းချီးမင်္ဂလာကို ထာဝရဘုရားအပ်နှင်းတော်မူ၏။
ပြည်တော်၌ များစွာသောဂျုံစပါးရှိ၍ တောင်များပေါ်၌ယိမ်းနွဲ့လျက်ရှိကြပါစေသော။ ၎င်း၏အသီးအနှံတို့သည် လက်ဘနွန်ကဲ့သို့ ဖြစ်ကြပါစေသော။ လူတို့သည် တော၌ရှိသောမြက်ပင်များကဲ့သို့ မြို့ရွာတွင် ရှင်သန်ကြပါစေသော။
ထိုမင်းသည် ရိတ်ထားသောမြက်ခင်းပေါ်တွင် ရွာသွန်းသည့် မိုးကဲ့သို့လည်းကောင်း၊ မြေကြီးကိုစိုစွတ်စေသည့် မိုးစက်မိုးပေါက်ကဲ့သို့လည်းကောင်း ဖြစ်ပါစေသော။
ထိုအပင်အတွက် နေရာကိုရှင်းလင်းပေးတော်မူသဖြင့် ၎င်းသည် အမြစ်စွဲ၍ ပြည်တော်၌ပြန့်ပွားခဲ့ပါ၏။
ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍ လက်ဘနွန်တောင်မှ သစ်ကတိုးပင်ကဲ့သို့ကြီးထွားလိမ့်မည်။
ထာဝရဘုရား၏အိမ်တော်၌ စိုက်ပျိုးခြင်းခံရသောသူတို့သည် ငါတို့ဘုရားသခင်၏တံတိုင်းတော်များအတွင်း၌ ကြီးပွားကြလိမ့်မည်။
ရှင်ဘုရင်၏အမျက်ဒေါသသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။ သူ၏ကျေးဇူးပြုခြင်းမူကား မြက်ပင်ပေါ်မှနှင်းစက်ကဲ့သို့ဖြစ်၏။
“အကျွန်ုပ်ချစ်သူကို အကျွန်ုပ်ပိုင်ပါ၏။ အကျွန်ုပ်ကိုလည်း အကျွန်ုပ်ချစ်သူ ပိုင်ပါ၏။ သူသည် နှင်းပန်းတောတွင် သိုးထိန်းလေ့ရှိ၏။
သင့်ရင်သားနှစ်မြွှာသည်လည်း နှင်းပန်းကြားတွင် ကျက်စားသော သမင်ငယ်လေးနှစ်ကောင်၊ အမြွှာဒရယ်ငယ်လေးနှစ်ကောင်တို့နှင့် တူပါ၏။
ထိုနေ့ရက်၌ သင်က “အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း အမျက်တော်ပြေ၍ အကျွန်ုပ်ကိုနှစ်သိမ့်တော်မူပါ၏။
ထာဝရဘုရားက “ငါသည် တောက်ပသောနေအပူရှိန်ကဲ့သို့၊ ပူပြင်းသောရိတ်သိမ်းချိန်၌ ကျသောနှင်းထုကဲ့သို့ ငါကိန်းဝပ်ရာအရပ်မှ တိတ်ဆိတ်စွာ ငါကြည့်ရှုမည်”ဟု ငါ့အား ထိုသို့မိန့်တော်မူ၏။
ကိုယ်တော်၌ သေဆုံးသောသူတို့သည် ပြန်ရှင်ကြမည်။ ငါနှင့်သက်ဆိုင်သောအသေကောင်သည် ထမြောက်မည်။ မြေမှုန့်သားတို့၊ နိုးလော့။ ရွှင်လန်းစွာသီချင်းဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်၏နှင်းသည် နံနက်ခင်းနှင်းကဲ့သို့ဖြစ်၏။ မြေကြီးသည် သေသူ၏ဝိညာဉ်ကို မွေးဖွားစေလိမ့်မည်။
နောင်တစ်ချိန်မှာ ယာကုပ်သည် အမြစ်တွယ်လာလိမ့်မည်။ အစ္စရေးသည် ဖူးငုံပွင့်လန်းလာလိမ့်မည်။ ကမ္ဘာမြေတစ်ပြင်လုံးကို အသီးနှင့်ပြည့်စေလိမ့်မည်။
ဝေဝေဆာဆာဖူးပွင့်၍ ဝမ်းမြောက်ပျော်ရွှင်စွာ သီချင်းဆိုလိမ့်မည်။ လက်ဘနွန်တောင်၏ဘုန်းအသရေ၊ ကရမေလတောင်နှင့် ရှာရုန်လွင်ပြင်တို့၏ခန့်ညားထည်ဝါမှုကို ရရှိလိမ့်မည်။ ထာဝရဘုရား၏ဘုန်းအသရေ၊ ငါတို့ဘုရားသခင်၏ခန့်ညားထည်ဝါမှုကို မြင်ရလိမ့်မည်။
အကြောင်းမူကား ငါသည် ရေငတ်နေသောပြည်အပေါ် ရေကိုသွန်းလောင်းမည်။ ခြောက်သွေ့သောမြေပေါ်တွင် စမ်းရေစီးစေမည်။ သင်၏သားစဉ်မြေးဆက်အပေါ် ငါ့ဝိညာဉ်ကို သွန်းလောင်းမည်။ သင်၏သားမြေးတို့အပေါ် ငါ့ကောင်းချီးမင်္ဂလာကို သွန်းလောင်းမည်။
အို မိုးကောင်းကင်၊ အထက်မှ တဖွဲဖွဲရွာချလော့။ မိုးတိမ်တို့သည် ဖြောင့်မတ်ခြင်းကို ရွာသွန်းပါစေ။ မြေကြီးသည် ပွင့်ဟ၍ ကယ်တင်ခြင်း သီးပွင့်ပါစေ။ ဖြောင့်မတ်ခြင်းလည်း ပေါက်ပါစေ။ ဤအမှုကို ငါထာဝရဘုရားဖန်ဆင်း၏။
သူ၏လမ်းတို့ကို ငါမြင်ပြီ။ သို့သော် ငါသည် သူ့ကိုကုသ၍ လမ်းပြပေးမည်။ သူ့ကိုလည်းကောင်း၊ သူနှင့်အတူငိုကြွေးမြည်တမ်းသောသူတို့ကိုလည်းကောင်း ပြန်လည်နှစ်သိမ့်ပေးမည်။
နှုတ်ခမ်းအသီးကို ငါဖန်ဆင်း၏။ ဝေးသောသူ၊ နီးသောသူတို့၌ ငြိမ်သက်ခြင်း ရှိစေသော။ ငါသည် သူ့ကို ကုသပေးမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
“အို လမ်းလွဲသောသားသမီးတို့၊ ပြန်လှည့်လာကြလော့။ သင်တို့၏လမ်းလွဲဖောက်ပြန်မှုကို ငါကုသပေးမည်”ဟု မိန့်တော်မူသော် သူတို့က “ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူသည်ဖြစ်၍ ကိုယ်တော်ထံသို့ အကျွန်ုပ်တို့ လာကြပါပြီ။
သူတို့ကို ကောင်းစားစေရာ၌ ငါနှစ်သက်အားရမည်။ ငါသည် စိတ်စေတနာအပြည့်အဝ၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် သူတို့ကို ဤပြည်ထဲ၌ အခိုင်အမာနေရာချထားမည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားအား သိကျွမ်းဖို့ ကြိုးစားအားထုတ်ကြကုန်စို့။ ကိုယ်တော်သည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ မြေပေါ်သို့ရွာချသော မိုးဦး၊ မိုးနှောင်းကဲ့သို့ ရောက်လာမည်။
ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် လူမျိုးများစွာတို့အလယ်တွင် လူကို မမျှော်လင့်၊ လူသားတို့ကို မကိုးစားသော ထာဝရဘုရားထံမှ နှင်းစက်ကဲ့သို့လည်းကောင်း၊ မြက်ပင်ပေါ်ကျသော မိုးပေါက်ကဲ့သို့လည်းကောင်း ရှိနေလိမ့်မည်။
ကိုယ်တော်နှင့်တူသောဘုရားရှိပါသလော။ ကိုယ်တော်သည် အပြစ်လွှတ်တော်မူသောဘုရား၊ ကြွင်းကျန်သောအမွေတော်တို့ကျူးလွန်သောအပြစ်ကို ခွင့်လွှတ်တော်မူသောဘုရား၊ အမျက်တော်ကိုသိုမထား မေတ္တာကရုဏာအစဉ်ပြတော်မူသောဘုရား ဖြစ်တော်မူ၏။
အဝတ်အတွက်လည်း အဘယ်ကြောင့်စိုးရိမ်ကြသနည်း။ တော၌ရှိသောနှင်းပန်းများ မည်ကဲ့သို့ကြီးထွားကြသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် အလုပ်လည်းမလုပ်။ ဗိုင်းလည်းမငင်ကြချေ။
နှင်းပန်းများ မည်ကဲ့သို့ကြီးထွားကြသည်ကို ဆင်ခြင်ကြလော့။ ၎င်းတို့သည် အလုပ်လည်းမလုပ်။ ဗိုင်းလည်းမငင်ကြချေ။ သို့သော် သင်တို့အား ငါဆိုမည်။ မိမိ၏ဘုန်းအသရေဖြင့်ပြည့်ဝလျက်ရှိသော ရှောလမုန်ပင်လျှင် ဤနှင်းပန်းတစ်ပွင့်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။
ယုံကြည်ခြင်းအားဖြင့် သင်တို့စိတ်နှလုံးထဲ၌ ခရစ်တော်သည် ကိန်းဝပ်တော်မူမည့်အကြောင်းနှင့် သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍အုတ်မြစ်ချထားကာ
ငါ့သွန်သင်ချက်သည် မိုးစက်လေးလိုတစက်စက်ကျပါစေ။ ငါ့စကားသည် နှင်းစက်လေးလို တဖွဲဖွဲကျပါစေ။ မြက်နုပေါ်ကျသောမိုးဖွဲလေးများလို၊ မြက်ပင်ပေါ်ကျသောမိုးပေါက်လေးများလို ဖြစ်ပါစေ။