ယာကုပ်သည် အိပ်ပျော်ရာမှနိုးလာသောအခါ “အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ ရှိတော်မူ၏။ သို့ပါလျက် ငါမသိခဲ့ပါတကား”ဟု ဆို၏။
ဟောရှေ 12:5 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ဖြစ်တော်မူ၏။ နာမတော်သည် ထာဝရဘုရား ဖြစ်၏။ Common Language Bible ထိုဘုရားသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်၏ဘွဲ့ နာမတော်ကားထာဝရဘုရားဖြစ် သတည်း။- Judson Bible ထာဝရဘုရားတည်းဟူသောနာမသည် ထိုဘုရားသခင်၏ ဘွဲ့နာမတော်ဖြစ်၏။ |
ယာကုပ်သည် အိပ်ပျော်ရာမှနိုးလာသောအခါ “အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ ရှိတော်မူ၏။ သို့ပါလျက် ငါမသိခဲ့ပါတကား”ဟု ဆို၏။
ထို့ကြောင့် ယာကုပ်က “ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်မြင်ရလျက်နှင့် အသက်ချမ်းသာရာရသေး၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို ပေနွေလ ဟုခေါ်၏။
ယာကုပ်သည် ပါဒန်အာရံပြည်မှပြန်လာပြီးနောက် ဘုရားသခင်သည် သူ့အား တစ်ဖန်ကိုယ်ထင်ရှားပြ၍ ကောင်းချီးပေးတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်သည် အစဉ်အမြဲတည်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏ဂုဏ်သတင်းသည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။
ထာဝရဘုရား၏သန့်ရှင်းသူတို့၊ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏သန့်ရှင်းသောနာမတော်အတွက် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
တစ်ဖန် ဘုရားသခင်က မောရှေအား “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူပြီ။ ဤနာမသည် ငါ၏ထာဝရနာမဖြစ်၏။ မျိုးဆက်အစဉ်အဆက် သိမှတ်ရမည့် ငါ၏နာမဖြစ်၏’ဟု ပြောရမည်။
ငါသည် ထာဝရဘုရားဖြစ်၏။ ထိုနာမသည် ငါ၏နာမဖြစ်၏။ ငါ၏ဘုန်းအသရေကို အခြားသောသူအားလည်းကောင်း၊ ငါခံထိုက်သောချီးမွမ်းခြင်းကို ရုပ်တုဆင်းတုတို့အားလည်းကောင်း ငါမပေး။