ထ၍ ပါဒန်အာရံပြည်ရှိ သင့်မိခင်၏အဖေ ဗေသွေလ၏အိမ်သို့ သွားလော့။ ထိုအရပ်ရှိ သင့်ဦးရီးလာဗန်၏သမီးတစ်ယောက်ယောက်နှင့်အိမ်ထောင်ပြုလော့။
ဟောရှေ 12:13 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ပရောဖက်အားဖြင့် အစ္စရေးကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။ ပရောဖက်အားဖြင့် စောင့်ရှောက်တော်မူခဲ့၏။ Common Language Bible ထာဝရဘုရားသည်ဣသရေလပြည် သားတို့အားကျွန်ခံရာအီဂျစ်ပြည်မှ ထုတ်ဆောင်ရန်နှင့်စောင့်ရှောက်ရန်ပရောဖက် တစ်ပါးကိုစေလွှတ်တော်မူ၏။- Garrad Bible ထာ ဝ ရ ဘု ရား သည် ပ ရော ဖက် အား ဖြင့် အိ ဂျစ် ပြည် မှ ထုတ် ဆောင်၍ ပ ရော ဖက် အား ဖြင့် စောင့် ထိန်း တော် မူ ၏။ Judson Bible ထာဝရဘုရားသည် ပရောဖက်အားဖြင့် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှကယ်နုတ်၍၊ ပရောဖက်အားဖြင့်လည်း စောင့်မတော်မူ၏။ |
ထ၍ ပါဒန်အာရံပြည်ရှိ သင့်မိခင်၏အဖေ ဗေသွေလ၏အိမ်သို့ သွားလော့။ ထိုအရပ်ရှိ သင့်ဦးရီးလာဗန်၏သမီးတစ်ယောက်ယောက်နှင့်အိမ်ထောင်ပြုလော့။
ထို့ကြောင့် ယာကုပ်သည် ရာခေလကိုရရန်အတွက် ခုနစ်နှစ်အစေခံလေ၏။ သူသည် ရာခေလကိုချစ်သောကြောင့် ထိုခုနစ်နှစ်သည် သူ့အတွက် ရက်အနည်းငယ်ကဲ့သို့ဖြစ်၏။
ကိုယ်တော်သည် မောရှေနှင့်အာရုန်တို့လက်ဖြင့် မိမိ၏လူမျိုးတော်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူ၏။
ထို့နောက် မောရှေက အစ္စရေးလူမျိုးတို့အား “ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင်တို့ထွက်လာသော ဤနေ့ရက်ကို အောက်မေ့လော့။ အကြောင်းမူကား ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ဤအရပ်မှ ထုတ်ဆောင်တော်မူခဲ့၏။ တဆေးပါသောမုန့်ကိုမစားရ။
အစ္စရေးတပ်ရှေ့မှသွားသောဘုရားသခင်၏ကောင်းကင်တမန်သည် သူတို့နောက်သို့ပြောင်း၍လိုက်လေ၏။ မိုးတိမ်တိုင်သည်လည်း သူတို့၏ရှေ့မှ နောက်သို့ပြောင်း၍ ရပ်လေ၏။
“အစ္စရေးငယ်စဉ်က သူ့ကိုငါချစ်၏။ ငါ့သားကို အီဂျစ်ပြည်မှ ငါခေါ်ခဲ့ပြီ။
ထိုအရပ်တွင် သူ့စပျစ်ခြံကို ငါပြန်ပေးမည်။ အာခေါ်ချိုင့်ဝှမ်းလွင်ပြင်ကို မျှော်လင့်ရာတံခါး ဖြစ်စေမည်။ သူသည် ငယ်ရွယ်စဉ်ကကဲ့သို့၊ အီဂျစ်ပြည်မှထွက်လာစဉ်ကကဲ့သို့ ငါ့ကို ပြန်ဆက်ဆံလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါသည် သင့်ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ရွေးနုတ်ခေါ်ဆောင်ခဲ့ပြီ။ သင့်ကိုဦးဆောင်မည့် မောရှေ၊ အာရုန်နှင့်မိရိအံတို့ကို စေလွှတ်ပေးခဲ့ပြီ။
သူနှင့်မျက်နှာချင်းဆိုင် ရှင်းလင်းစွာမိန့်ဆို၏။ သွယ်ဝိုက်၍ မမိန့်ဆို။ သူသည် ထာဝရဘုရား၏ပုံသဏ္ဌာန်ကို မြင်ရ၏။ သင်တို့သည် ငါ့အစေအပါးမောရှေကို အဘယ်ကြောင့် ဆန့်ကျင်ပြောဆိုဝံ့သနည်း”ဟု မိန့်တော်မူပြီးနောက်
ထိုအခါ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ‘အကျွန်ုပ်၏ဘိုးဘေးသည် လှည့်လည်သွားလာနေသူ အာရံလူမျိုးဖြစ်ပါ၏။ သူသည် အီဂျစ်ပြည်သို့ လူအနည်းငယ်နှင့် ဆင်းသွား၍ ထိုပြည်၌တည်းခိုနေထိုင်ပါ၏။ သို့သော် ထိုပြည်၌ပင် အင်အားကြီး၍များပြားသောလူမျိုးကြီးဖြစ်လာပါ၏။
ယာကုပ်သည် အီဂျစ်ပြည်သို့ ရောက်သွားပြီးနောက် သင်တို့၏ဘိုးဘေးတို့သည် ထာဝရဘုရားထံ အော်ဟစ်ကြ၏။ ထိုအခါ ထာဝရဘုရားသည် မောရှေနှင့်အာရုန်ကို စေလွှတ်တော်မူ၍ သူတို့သည် သင်တို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ဤအရပ်တွင် နေထိုင်စေ၏။