ဟောရှေ 1:2 - မြန်မာ့စံမီသမ္မာကျမ်း
ဦးစွာဟောရှေအားဖြင့် ထာဝရဘုရားမိန့်ဆိုရာတွင် ထာဝရဘုရားက ဟောရှေအား “သင်သွား၍ ပြည့်တန်ဆာမိန်းမတစ်ဦးနှင့်စုံဖက်ပြီးလျှင် ပြည့်တန်ဆာသားသမီးတို့ကို မွေးဖွားလော့။ အကြောင်းမူကား ပြည်သည် အထပ်ထပ်ဖောက်ပြန်မှားယွင်းလျက် ထာဝရဘုရားထံမှ လမ်းလွဲသွားပြီ”ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။
ထာဝရဘုရားသည်ဟောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားဦးစွာ မိန့်တော်မူသည်မှာ``သင်သည်သွား၍အမျိုး သမီးတစ်ဦးနှင့်အိမ်ထောင်ပြုလော့။ သင် ၏ဇနီးသည်သစ္စာမဲ့သူဖြစ်လိမ့်မည်။ သင်၏ သားသမီးများသည်လည်းသင်၏ဇနီးကဲ့ သို့သစ္စာမဲ့သူများဖြစ်လိမ့်မည်။ ငါ၏ လူစုသည်လည်းထိုနည်းတူစွာငါ့ကို စွန့်၍သစ္စာဖောက်ကြပြီ'' ဟုမိန့်တော် မူ၏။-
အခန်းကိုကြည့်ပါ။
ဗျာ ဒိတ် တော် ပေး ဦး အ ခါ ကာ လ ၌၊ ထာ ဝ ရ ဘု ရား က၊ ပြည် တော် သည်၊ ငါ ထာ ဝ ရ ဘု ရား နှင့် ခွာ လျက် မှား ယွင်း ခဲ့ ပြီး ဖြစ် သော ကြောင့်၊ မှား ယွင်း ခြင်း ဆိုင် ရာ မိန်း မ ကို သွား ၍ အိမ် ထောင် ဘက် ပြု ပြီး လျှင်၊ သား သ မီး များ ကို ရ လော့ ဟု၊ ဟော ရှေ အား မိန့် တော် မူ သည့် အ တိုင်း၊
အခန်းကိုကြည့်ပါ။
သင်သွား၍ ပြည့်တန်ဆာမိန်းမနှင့်တကွ သူဖွားမြင်သော သားသမီးတို့ကို သိမ်းပိုက်လော့။ အကြောင်းမူကား၊ ပြည်သားတို့သည် ထာဝရဘုရားကိုစွန့်ပစ်၍ အထပ်ထပ်မှားယွင်းကြပြီဟု ဟောရှေအား မှာထားတော်မူသည်အတိုင်း၊
အခန်းကိုကြည့်ပါ။