သြဗဒိ 1:6 - မြန်မာ့စံမီသမ္မာကျမ်း ယခုမူ ဧသောသည် လုယက်ခံရပြီ။ သူ၏အတွင်းဥစ္စာများ မွှေနှောက်ခံရလေပြီ။ Common Language Bible ဧသော၏သားမြေးတို့၊ သင်တို့၏ဥစ္စာဘဏ္ဍာများကို တိုက်ခိုက်လုယက်သွားကြလေကုန်ပြီ။ Garrad Bible ဧ သော အ မျိုး ပိုင် သိုက် ဘ ဏ္ဍာ များ ကို ကား စီ စစ် ရှာ ဘွေ၍ တွေ့ ကြ လိမ့် မည် ဟု ဧ ဒုံ ပြည် ကို ရည် လျက် အ ရှင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ ခဲ့ ပြီ။ Judson Bible သင်သည် အလွန်ပျက်စီးပြီတကား။ ဧသောသည် အလွန်အစစ်ခံရပြီတကား။ သူဝှက်ထားသောဥစ္စာကို အလွန်ရှာဖွေကြသည် တကား။ |
သူတို့ကလေးငယ်များသည် သူတို့မျက်စိရှေ့တွင် ကိုင်ပေါက်ခံရလိမ့်မည်။ သူတို့အိမ်သည် တိုက်ခိုက်လုယက်ခံရ၍ သူတို့မယားသည်လည်း အဓမ္မပြုကျင့်ခြင်းခံရလိမ့်မည်။
ငါသည် သင့်ကို အမည်ဖြင့်ခေါ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရှိစေရန် အမှောင်ထဲမှဥစ္စာဘဏ္ဍာ၊ လျှို့ဝှက်သောအရပ်မှဝှက်ထားသောဘဏ္ဍာတို့ကို သင့်အားငါပေးမည်။
သို့သော် ငါသည် ဧသောကို ပြောင်တလင်းခါစေမည်။ သူသည် ပုန်းရှောင်၍မရအောင် သူ၏ပုန်းခိုရာကို ငါဖော်ပြမည်။ သူ၏သားမြေး၊ ညီအစ်ကို၊ အိမ်နီးချင်းတို့ပျက်စီးလိမ့်မည်။ သူလည်း ရှိတော့မည်မဟုတ်။
ဓားဘေးကြောင့် မြင်းများ၊ စစ်ရထားများ၊ ပြည်ထဲရှိလူမျိုးခြားများသည် မိန်းမကဲ့သို့ ကြောက်ကြလိမ့်မည်။ ဓားဘေးကြောင့် ဘဏ္ဍာတိုက်များ အသိမ်းခံရလိမ့်မည်။
ခက်ခဲနက်နဲသောအရာ၊ လျှို့ဝှက်သောအရာတို့ကို ဖွင့်ပြတော်မူ၏။ မှောင်မိုက်ထဲ၌ရှိသောအရာတို့ကိုလည်း သိတော်မူ၏။ အလင်းသည် ကိုယ်တော်နှင့်အတူရှိ၏။