အို အစ္စရေးလူမျိုး၏ဘုရားသခင်၊ ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား မိန့်ဆိုခဲ့သည့်ကတိတော်ကို ယခု အမှန်ဖြစ်လာစေတော်မူပါ။
သူကြီး 9:46 - မြန်မာ့စံမီသမ္မာကျမ်း ရဲတိုက်ရှိ ရှေခင်မြို့သားအပေါင်းတို့သည် ထိုသတင်းကိုကြားသောအခါ သူတို့သည် ဧလဗာရိတ်ဝတ်ကျောင်း၏မြေအောက်ခန်းထဲသို့ ဝင်သွားကြ၏။ Common Language Bible ရှေခင်ရဲတိုက်ရှိခေါင်းဆောင်အပေါင်းတို့သည် ထိုသတင်းကိုကြားသောအခါ မိမိတို့ပဋိ ညာဉ်ပြုထားသည့်ဗာလဘုရားဝတ်ကျောင်း ရှိခိုင်ခံ့သောအခန်းထဲသို့ဝင်၍နေကြ၏။- Garrad Bible ရှေ ခင် ရဲ တိုက် သား အ ပေါင်း တို့ သည် သ တင်း ကြား လျှင်၊ ဧ လ ဗာ ရိတ် ဗိ မာန် အောက် မြေ တိုက် အ တွင်း ခို ဝင် စု ရုံး ကြောင်း အ ဘိ မ လက် ကြား သော်၊ Judson Bible ထိုသတင်းကို ရှေခင်ရဲတိုက်သားအပေါင်းတို့သည် ကြားလျှင်၊ ဗေရိတ်ဘုရား၏ကျောင်း၌ ခိုင်ခံ့သော အခန်းထဲမှာ စုဝေးကြ၏။ |
အို အစ္စရေးလူမျိုး၏ဘုရားသခင်၊ ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား မိန့်ဆိုခဲ့သည့်ကတိတော်ကို ယခု အမှန်ဖြစ်လာစေတော်မူပါ။
၎င်းတို့ကို ပြုလုပ်သောသူနှင့် ယုံကြည်ကိုးစားသောသူအပေါင်းတို့သည် ၎င်းတို့ကဲ့သို့ဖြစ်လာကြလိမ့်မည်။
သူသည် မိမိဘုရား နိသရုတ်ဝတ်ကျောင်း၌ ရှိခိုးကိုးကွယ်နေစဉ် သားတော် အာဒြမ္မေလက်နှင့်ရှရေဇာတို့သည် သူ့ကို ဓားဖြင့် သတ်ပြီးလျှင် အာရရတ်ပြည်သို့ ထွက်ပြေးသွားကြ၏။ သူ၏သားတော်ဧသရဟဒ္ဒုန်သည် သူ့အရိုက်အရာကို ဆက်ခံလေ၏။
ယောရှုက “လိုဏ်ဂူဝကို ကျောက်တုံးကြီးများနှင့် ပိတ်ထား၍ လူစောင့်ချထားခဲ့လော့။
ဂိဒေါင်သေဆုံးပြီးနောက် အစ္စရေးအမျိုးသားတို့သည် ဗာလဘုရားထံလှည့်၍ ဖောက်ပြန်မှားယွင်းကြပြန်၏။ ဗာလဗေရိတ်ကို ဘုရားအရာ၌ ထားကြ၏။
သူတို့သည် လယ်ပြင်သို့သွား၍ စပျစ်ခြံမှ စပျစ်သီးများကို ဆွတ်ခူးကြ၏။ စပျစ်သီးများကို နင်းနယ်၍ ပျော်ပွဲကျင်းပကြ၏။ သူတို့၏ဘုရားဝတ်ကျောင်းသို့သွား၍ စားသောက်လျက် အဘိမလက်ကို ကျိန်ဆဲကြ၏။
သူတို့သည် ဗာလဗေရိတ်ဝတ်ကျောင်းထဲမှ ငွေခုနစ်ဆယ်ရှယ်ကယ်ကို အဘိမလက်အားပေးရာ သူက ထိုငွေဖြင့် လူဆိုးလူမိုက်တို့ကို ငှားရမ်း၍ သူ့နောက်လိုက်စေ၏။