အို ပြည်သား၊ သင့်ထံ ပျက်စီးခြင်းရောက်လာပြီ။ အချိန်ကျရောက်လေပြီ။ ထိတ်လန့်ချောက်ချားဖွယ်နေ့ရက်နီးလာပြီ။ တောင်ပေါ်တွင် ဝမ်းမြောက်စွာကြွေးကြော်သံမရှိတော့ပြီ။
သူကြီး 9:36 - မြန်မာ့စံမီသမ္မာကျမ်း ဂါလသည် သူတို့ကိုမြင်သောအခါ ဇေဗုလအား “ကြည့်ပါ။ လူများ တောင်ထိပ်ပေါ်မှ ဆင်းလာကြသည်”ဟု ဆိုလျှင် ဇေဗုလက သူ့အား “တောင်၏အရိပ်ကို လူကဲ့သို့ သင်မြင်နေသည်”ဟု ပြန်ပြော၏။ Common Language Bible ဂါလသည်သူတို့ကိုမြင်သဖြင့်ဇေဗုလ အား``ကြည့်လော့၊ တောင်ထိပ်များပေါ်မှလူ တို့ဆင်းလာနေကြ၏'' ဟုဆို၏။ ဇေဗုလက``ထိုအရာတို့သည်လူများမဟုတ်။ တောင်မှကျလာသောအရိပ်များသာဖြစ်သည်'' ဟုပြန်ပြော၏။ Garrad Bible ထို သူ တို့ ကို ဂါ လ မြင် လျှင် တောင် ပေါ် က လူ များ ဆင်း သက် လာ ပြီ ဟု ဇေ ဗု လ အား ဆို သော်၊ ဇေ ဗု လ က တောင် ရိပ် ကို ပင် လူ ကဲ့ သို့ ထင် မြင် သည် ဟု ပြန် ဆို၏။ Judson Bible ဂါလသည် ထိုလူတို့ကို မြင်လျှင်၊ တောင်ပေါ်မှ လူများဆင်းလာကြသည်ဟု ဇေဗုလအားဆိုသော်၊ ဇေဗုလက တောင်အရိပ်သည် လူကဲ့သို့ ထင်သည်ဟု ပြန်ပြော၏။ |
အို ပြည်သား၊ သင့်ထံ ပျက်စီးခြင်းရောက်လာပြီ။ အချိန်ကျရောက်လေပြီ။ ထိတ်လန့်ချောက်ချားဖွယ်နေ့ရက်နီးလာပြီ။ တောင်ပေါ်တွင် ဝမ်းမြောက်စွာကြွေးကြော်သံမရှိတော့ပြီ။
သူသည် မော့ကြည့်လျက် “လူတို့ကိုမြင်ရပါ၏။ သစ်ပင်များကဲ့သို့ဖြစ်ကြပြီး လမ်းလျှောက်နေကြသည်ကို မြင်ရပါ၏”ဟု လျှောက်လေ၏။
ဧဗက်၏သားဂါလသည် မြို့တံခါးဝတွင် ထွက်ရပ်နေသောအခါ အဘိမလက်နှင့်သူ့လူတို့လည်း ကင်းပုန်းချရာနေရာမှ ထွက်လာကြ၏။
တစ်ဖန် ဂါလက “ကြည့်ပါ။ လူတို့သည် တောင်အလယ်တစ်ဝက်မှ ဆင်းလာကြပြီး နောက်တစ်ဖွဲ့က မောနေနိမ်ဝက်သစ်ချပင်လမ်းမှ လာနေကြပြီ”ဟု ဆို၏။