ထိုစဉ် ဧဗက်၏သားဂါလနှင့် သူ့ညီအစ်ကိုတို့သည် ရှေခင်မြို့သို့ ရောက်လာကြ၏။ ရှေခင်မြို့သားတို့သည် သူ့ကို ယုံကြည်အားထားကြ၏။
ထိုအခါ၌ဧဗက်၏သားဂါလသည်မိမိညီ အစ်ကိုများနှင့်အတူ ရှေခင်မြို့သို့ရောက်ရှိလာ ၏။ ရှေခင်မြို့သားတို့ကလည်းသူ့အားယုံကြည် အားကိုးကြ၏။-
ဧ ဗက် သား ဂါ လ သည် ညီ အစ် ကို တို့ နှင့် အ တူ ရှေ ခင် မြို့ သို့ ရွှေ့ ပြောင်း ရောက် လာ ရာ ၎င်း မြို့ သား တို့ အား ထား ကြ၏။
ဧဗက်၏သားဂါလသည် မိမိညီအစ်ကိုတို့နှင့်အတူ ရှေခင်မြို့ဘက်သို့ဝင်၍ ရှေခင်မြို့သားတို့သည် သူ့ကိုကိုးစားကြ၏။
ထို့ကြောင့် အာဗြံက လောတအား “ငါတို့သည် ဆွေမျိုးသားချင်းဖြစ်ကြသောကြောင့် ငါနှင့်သင့်ကြား၌လည်းကောင်း၊ ငါ၏တိရစ္ဆာန်ထိန်းကျောင်းသူတို့နှင့် သင်၏တိရစ္ဆာန်ထိန်းကျောင်းသူတို့ကြား၌လည်းကောင်း ခိုက်ရန်ဖြစ်ပွားခြင်းမရှိပါစေနှင့်။
“ငါ့ညီအစ်ကိုတို့၊ ဤဆိုးညစ်သောအမှုကို မပြုကြပါနှင့်။
ရှေခင်မြို့သားတို့သည် အဘိမလက်ကို ချောင်းမြောင်းတိုက်ခိုက်ရန် တောင်ပေါ်တွင် လူစောင့်ချထားကြောင်း၊ လမ်းသွားလမ်းလာတို့ကို လုယက်တိုက်ခိုက်ကြောင်းကို အဘိမလက်လည်း ကြားသိ၏။
သူတို့သည် လယ်ပြင်သို့သွား၍ စပျစ်ခြံမှ စပျစ်သီးများကို ဆွတ်ခူးကြ၏။ စပျစ်သီးများကို နင်းနယ်၍ ပျော်ပွဲကျင်းပကြ၏။ သူတို့၏ဘုရားဝတ်ကျောင်းသို့သွား၍ စားသောက်လျက် အဘိမလက်ကို ကျိန်ဆဲကြ၏။
ဧဗက်၏သား ဂါလက “ငါတို့သည် အဘိမလက်ကိုအစေခံရမည့်အကြောင်း ရှေခင်သားအဘိမလက်ကား မည်သူနည်း။ သူသည် ယေရုဗ္ဗာလ၏သားမဟုတ်လော။ ဇေဗုလသည် သူ၏လက်ထောက်မဟုတ်လော။ ရှေခင်၏အဖ ဟာမော်၏လူတို့ကို အစေခံကြလော့။ အဘိမလက်ကို အဘယ်ကြောင့် အစေခံရမည်နည်း။
ထိုမြို့၏အကြီးအကဲဇေဗုလသည် ဧဗက်၏သားဂါလ ပြောသောစကားကိုကြားသောအခါ အမျက်ထွက်၍