လာဗန်ကလည်း “သင်သည် အမှန်ပင် ငါ၏သွေးရင်းသားရင်းဖြစ်၏”ဟု ဆို၏။ ယာကုပ်သည် လာဗန်နှင့်အတူ တစ်လနေထိုင်ပြီးနောက်
သူကြီး 9:2 - မြန်မာ့စံမီသမ္မာကျမ်း “ ‘သင်တို့ကို ယေရုဗ္ဗာလ၏သား အယောက်ခုနစ်ဆယ်အုပ်စိုးသည်က ပိုကောင်းသလော။ သို့မဟုတ် တစ်ဦးတည်းအုပ်စိုးသည်က ပိုကောင်းသလော’ဟူ၍ ရှေခင်မြို့သားအပေါင်းတို့အား ပြောကြားလော့။ ငါသည် သင်တို့၏သွေးရင်းသားရင်းဖြစ်သည်ကို သတိရကြပါ”ဟု ဆို၏။ Garrad Bible သင် တို့ အ ပေါ် တွင် ယေ ရု ဗ္ဗာ လ သား ခု နစ် ကျိပ် တို့ အုပ် စိုး သင့် ပါ သ လော။ လူ တစ် ဦး တည်း အုပ် စိုး သင့် ပါ သ လော။ ကျွန် တော် သည် မြို့ သူ မြို့ သား တို့၏ အ ရိုး အ သား ဖြစ် ကြောင်း ကို သ တိ ရှိ ပါ လော့ ဟူ ၍ ရှေ ခင် မြို့ သား အ ပေါင်း တို့ အား ဆင့် ဆို ကြ ပါ ဟု ထုတ် ဖော် ပြော ဆို သည့် အ တိုင်း Judson Bible ယေရုဗ္ဗာလသားခုနစ်ဆယ်တို့သည် သင်တို့ကို အုပ်စိုးကောင်းသလော။ သားတစ်ယောက်တည်း အုပ်စိုးကောင်းသလော။ ငါသည် သင်တို့၏အရိုးအသားစစ်ဖြစ်ကြောင်းကို မမေ့ကြနှင့်ဟု ရှေခင်မြို့သားအပေါင်းတို့အား ပြောရမည်အကြောင်းကို တိုင်ပင်လေ၏။ |
လာဗန်ကလည်း “သင်သည် အမှန်ပင် ငါ၏သွေးရင်းသားရင်းဖြစ်၏”ဟု ဆို၏။ ယာကုပ်သည် လာဗန်နှင့်အတူ တစ်လနေထိုင်ပြီးနောက်
အာမသကိုလည်း ‘သင်သည် ငါ့အရိုးအသား ဖြစ်သည်မဟုတ်လော။ ယွာဘအစား သင့်ကို အမြဲတမ်းစစ်ဗိုလ်ချုပ်အဖြစ် ခန့်အပ်ပြီ။ ထိုသို့မပြုလျှင် ဘုရားသခင်သည် ငါ့အား ထိုထက်မကပြုတော်မူပါစေသော’ဟူ၍ ပြောကြားလော့”ဟု မှာလိုက်လေ၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် ဟေဗြုန်မြို့ရှိ ဒါဝိဒ်ထံ၌ စုရုံးကြပြီး “ကြည့်လော့။ အကျွန်ုပ်တို့သည် အရှင်၏အရိုး၊ အရှင်၏အသားများ ဖြစ်ကြပါ၏။
အဘယ်ကြောင့်ဆိုသော် ငါတို့သည် ခရစ်တော်၏ကိုယ်ခန္ဓာဆိုင်ရာ အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။
ထိုသားသမီးအားလုံးတို့သည် အသွေးအသားရှိကြသည်ဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နည်းတူ ထိုအသွေးအသားကို မျှဝေခံယူတော်မူ၏။ ဤသည်ကား အသေခံတော်မူခြင်းအားဖြင့် သေခြင်း၏တန်ခိုးအရှိန်အဝါကိုပိုင်သောသူဖြစ်သည့် မာရ်နတ်ကို ဖျက်ဆီးလျက်
သို့သော် ယခုမှာ သင်တို့သည် ငါ့ဖခင်၏အိမ်သူအိမ်သားတို့ကို ထကြွပုန်ကန်၍ သူ့သားအယောက်ခုနစ်ဆယ်ကို ကျောက်ဖျာတစ်ခုပေါ်တွင် သတ်ပစ်ကြပြီ။ သူ့ကျွန်မ၏သားအဘိမလက်သည် သင်တို့၏အမျိုးသားချင်းဖြစ်သောကြောင့် ရှေခင်မြို့သားတို့ကို အုပ်စိုးရန် သူ့ကို မင်းမြှောက်ကြ၏။
အဘိမလက်သည် ဖခင်၏အိမ်ရှိရာ ဩဖရမြို့သို့သွားပြီး ယေရုဗ္ဗာလ၏သား မိမိညီအစ်ကို အယောက်ခုနစ်ဆယ်တို့ကို ကျောက်ဖျာတစ်ခုတည်းပေါ်တွင် သတ်လေ၏။ ယေရုဗ္ဗာလ၏သားထွေး ယောသံသည် ပုန်းနေသောကြောင့် အသက်ရှင်ကျန်ရစ်ခဲ့၏။