ယောရှက “ဂိဒေါင်သည် ဗာလယဇ်ပလ္လင်ကို ဖြိုဖျက်သောကြောင့် သူ့ကို ဗာလ ဆုံးမပါစေ”ဟု ဆိုလျက် ထိုနေ့၌ ဂိဒေါင်ကို ယေရုဗ္ဗာလ ဟုခေါ်တွင်လေ၏။
သူကြီး 9:16 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့လည်း အဘိမလက်ကို မင်းမြှောက်ရာတွင် ဖြောင့်မတ်မှန်ကန်စွာ ပြုပြီလော။ ယေရုဗ္ဗာလနှင့် သူ၏အိမ်သူအိမ်သားတို့ကို တရားမျှတစွာပြုကြပြီလော။ သူခံထိုက်သောအရာနှင့်အညီ သူ့ကိုကျေးဇူးဆပ်ကြပြီလော။ Common Language Bible ထိုနောက်ယောသံသည်ဆက်လက်၍``ထို့ကြောင့် သင်တို့သည်အဘိမလက်ကိုမင်းမြှောက်ရာ ၌ အမှန်တကယ်ပင်ရိုးသားစွာသစ္စာစောင့် သိသူများဖြစ်ကြပါ၏လော။ သင်တို့သည် ဂိဒေါင်၏ဂုဏ်ကျေးဇူးကိုအမှတ်ရလျက် သူပြုခဲ့သည့်အမှုအရာများနှင့်ထိုက် လျောက်စွာသူ၏အိမ်ထောင်စုအပေါ်၌ ကျေးဇူးတုံ့ပြန်ရာရောက်ပါ၏လော။- Garrad Bible ထို သို့ နှင့် အ ညီ၊ အ ဘိ မ လက် ကို မင်း တင် မြှောက် ကြ သည် မှာ သင် တို့ သ စ္စာ တည် လျက် ဖြောင့် မတ် စွာ ပြု လုပ် လျှင်လည်း ကောင်း၊ ယေ ရု ဗ္ဗာ လ ကျေး ဇူး ပြု သည့် အ လိုက် သူ နှင့် တ ကွ အိမ် သူ အိမ် သား တို့ အား လက် စား ချေ လျှင် လည်း ကောင်း၊ Judson Bible ယခုမှာ သင်တို့သည် အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားသောအားဖြင့် သစ္စာတရားကိုစောင့်၍၊ ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား ကောင်းမွန်စွာပြုကြပြီလော။ ယေရုဗ္ဗာလသည် ကျေးဇူးပြု၍ ခံထိုက်သည်အတိုင်း သူ့အား ကျေးဇူးဆပ်ကြပြီလော။ |
ယောရှက “ဂိဒေါင်သည် ဗာလယဇ်ပလ္လင်ကို ဖြိုဖျက်သောကြောင့် သူ့ကို ဗာလ ဆုံးမပါစေ”ဟု ဆိုလျက် ထိုနေ့၌ ဂိဒေါင်ကို ယေရုဗ္ဗာလ ဟုခေါ်တွင်လေ၏။
ဂိဒေါင် ခေါ် ယေရုဗ္ဗာလသည် အစ္စရေးလူမျိုးတို့အား ကောင်းကျိုးချမ်းသာကို ပြုပေးခဲ့သကဲ့သို့ အစ္စရေးလူမျိုးတို့သည် သူ့မိသားစုအပေါ် မေတ္တာမပြကြချေ။
ဆူးလေပင်ကလည်း သစ်ပင်တို့အား ‘စင်စစ် သင်တို့သည် ငါ့ကို ဘိသိက်ပေး၍ သင်တို့ကို အုပ်စိုးစေလိုလျှင် လာကြ၊ ငါ့အရိပ်၌ ခိုလှုံကြ။ သို့မဟုတ်လျှင် ဆူးလေပင်ထဲက မီးထွက်ပြီး လက်ဘနွန်တောင်ရှိ သစ်ကတိုးပင်များကို လောင်ကျွမ်းပစ်မည်’ဟု ဆိုလေ၏။
ငါ့ဖခင်သည် သင်တို့အတွက် အသက်စွန့်တိုက်ပွဲဝင်ခဲ့၍ သင်တို့ကို မိဒျန်လူမျိုးတို့လက်မှ ကယ်တင်ခဲ့၏။