မီးသည်လည်း သူတို့၏အပေါင်းပါထဲတွင် တောက်လောင်၍ မီးလျှံသည် ဆိုးယုတ်သောသူတို့ကို လောင်ကျွမ်းခဲ့၏။
သူကြီး 8:34 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် သူတို့၏ပတ်ပတ်လည်ရှိရန်သူအလုံးစုံတို့လက်မှ ကယ်တင်တော်မူသောဘုရားသခင်ထာဝရဘုရားကို မေ့လျော့ကြ၏။ Common Language Bible မိမိတို့အားပတ်လည်ဝိုင်းလျက်နေသည့်ရန် သူများ၏လက်မှ ကယ်ဆယ်တော်မူခဲ့သော ဘုရားသခင်ထာဝရဘုရားကိုမူဝတ်မ ပြုတော့ချေ။- Garrad Bible ဝန်း ဝိုင်း သ မျှ ရန် သူ တို့ လက် တွင်း မှ လွတ် မြောက် စေ တော် မူ ခဲ့ သော ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို သ တိ မ ရ ဘဲ Judson Bible ပတ်ဝန်းကျင်ရန်သူလက်မှ ကယ်နုတ်တော်မူသော မိမိတို့ဘုရားသခင်ထာဝရဘုရားကို မအောက်မေ့ဘဲ၊ |
မီးသည်လည်း သူတို့၏အပေါင်းပါထဲတွင် တောက်လောင်၍ မီးလျှံသည် ဆိုးယုတ်သောသူတို့ကို လောင်ကျွမ်းခဲ့၏။
အီဂျစ်ပြည်၌ ကြီးမားသောအမှုများ၊ ဟာမပြည်၌ အံ့ဖွယ်သောအမှုများ၊ ပင်လယ်နီ၌ ကြောက်ရွံ့ဖွယ်သော အမှုများကို ပြုတော်မူသောအရှင်တည်းဟူသော မိမိတို့အား ကယ်တင်တော်မူသောဘုရားသခင်ကို သူတို့သည် မေ့လျော့ကြ၏။
ကိုယ်တော်ပြုတော်မူသောအမှုများနှင့် သူတို့အား ပြတော်မူသည့် ကိုယ်တော်၏အံ့ဖွယ်သောအမှုများကိုလည်း မေ့လျော့ကြ၏။
သူတို့သည် ကိုယ်တော်၏ တန်ခိုးတော်ကိုလည်းကောင်း၊ သူတို့ကိုရန်သူ၏လက်မှ ရွေးနုတ်ကယ်တင်တော်မူရာနေ့ရက်တည်းဟူသော
သင်၏အသက်ပျိုရွယ်သောနေ့ရက်များ၌ သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။ ဘေးဒုက္ခခံရာနေ့ရက်များရောက်လာသဖြင့် “ငါ၌မည်သည့်ပျော်ရွှင်မှုမျှမရှိ”ဟု သင်ပြောဆိုသောနှစ်ကာလများမကျရောက်မီ၊
အပျိုကညာသည် မိမိအဆင်တန်ဆာကိုလည်းကောင်း၊ သတို့သမီးသည် မိမိမင်္ဂလာဆောင်ဝတ်စုံကိုလည်းကောင်း မေ့လျော့နိုင်မည်လော။ သို့သော် ငါ၏လူတို့သည် ကာလကြာမြင့်စွာ ငါ့ကိုမေ့လျော့ကြပြီ။
ဘိုးဘေးတို့သည် ဗာလကို ကိုးကွယ်ပြီး ငါ့နာမကိုမေ့လျော့သကဲ့သို့ သူတို့က သူတို့အချင်းချင်းပြောဆိုသောအိပ်မက်များအားဖြင့် ငါ့လူမျိုးတို့ ငါ့နာမကိုမေ့လျော့အောင် ကြံစည်နေကြ၏။
ထိုအရပ်တွင် သူ့စပျစ်ခြံကို ငါပြန်ပေးမည်။ အာခေါ်ချိုင့်ဝှမ်းလွင်ပြင်ကို မျှော်လင့်ရာတံခါး ဖြစ်စေမည်။ သူသည် ငယ်ရွယ်စဉ်ကကဲ့သို့၊ အီဂျစ်ပြည်မှထွက်လာစဉ်ကကဲ့သို့ ငါ့ကို ပြန်ဆက်ဆံလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။
ဤသို့ အစ္စရေးအမျိုးသားတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့ထားကာ ဗာလဘုရား၊ အာရှရနတ်ဘုရားမတို့ကို ဝတ်ပြုလျက် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြသောကြောင့်