ထို့နောက် ဟာဂရသည် အာဗြံအတွက် သားယောက်ျားကိုမွေးဖွား၏။ အာဗြံသည်လည်း ဟာဂရမွေးဖွားသော မိမိသား၏အမည်ကို ဣရှမေလ ဟုမှည့်ခေါ်လေ၏။
သူကြီး 8:31 - မြန်မာ့စံမီသမ္မာကျမ်း ရှေခင်မြို့၌နေသော သူ၏မယားငယ်သည် သားယောက်ျားကိုဖွား၍ ထိုသားကို အဘိမလက် ဟုမှည့်ခေါ်၏။ Common Language Bible ရှေခင်မြို့တွင်လည်းမယားငယ်တစ်ယောက်ရှိ သဖြင့် ထိုမယားမှသားတစ်ယောက်ကိုရရှိ ပြန်သည်။ သူသည်ထိုသားကိုအဘိမလက် ဟုအမည်မှည့်၏။- Garrad Bible ရှေ ခင် မြို့ တွင် နေ ထိုင် သူ အ ပျော် မ ယား လည်း သား ယောက်ျား ကို ဖွား မြင်၍ အ ဘိ မ လက် အ မည် ဖြင့် မှည့် လေ၏။ Judson Bible ရှေခင်မြို့၌နေသော မယားငယ်သည် သားယောက်ျားကို ဖွားမြင်၍၊ ထိုသားကို အဘိမလက်အမည်ဖြင့် မှည့်လေ၏။ |
ထို့နောက် ဟာဂရသည် အာဗြံအတွက် သားယောက်ျားကိုမွေးဖွား၏။ အာဗြံသည်လည်း ဟာဂရမွေးဖွားသော မိမိသား၏အမည်ကို ဣရှမေလ ဟုမှည့်ခေါ်လေ၏။
အာဗြဟံက မိမိမယားစာရာနှင့်ပတ်သက်၍ “သူသည် ငါ၏နှမဖြစ်သည်”ဟု ဆိုသဖြင့် ဂေရာဘုရင်အဘိမလက်မင်းကြီးသည် လူလွှတ်၍ စာရာကိုသိမ်းယူလေ၏။
ရုမာအမည်ရှိသော နာခေါ်၏မယားငယ်သည်လည်း တေဘ၊ ဂါဟံ၊ သဟာရှနှင့် မာခါ တို့ကိုမွေးဖွားလေ၏။
ယောရှ၏သား ဂိဒေါင်သည် အိုမင်းရင့်ရော်ပြီး သေဆုံးသောအခါ အဗျေဇာအမျိုးသားတို့ နေထိုင်ရာ ဩဖရမြို့ရှိ သူ့ဖခင်ယောရှ၏သင်္ချိုင်းတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။
သို့သော် ယခုမှာ သင်တို့သည် ငါ့ဖခင်၏အိမ်သူအိမ်သားတို့ကို ထကြွပုန်ကန်၍ သူ့သားအယောက်ခုနစ်ဆယ်ကို ကျောက်ဖျာတစ်ခုပေါ်တွင် သတ်ပစ်ကြပြီ။ သူ့ကျွန်မ၏သားအဘိမလက်သည် သင်တို့၏အမျိုးသားချင်းဖြစ်သောကြောင့် ရှေခင်မြို့သားတို့ကို အုပ်စိုးရန် သူ့ကို မင်းမြှောက်ကြ၏။