သင်သည် သံလှံတံဖြင့် သူတို့ကိုကျိုးပဲ့စေ၍ သူတို့ကို မြေအိုးကဲ့သို့ ရိုက်ခွဲလိမ့်မည်”ဟု ငါ့အား မိန့်တော်မူ၏။
သူကြီး 7:19 - မြန်မာ့စံမီသမ္မာကျမ်း ကင်းစောင့်လဲပြီးစ သန်းခေါင်ယံအချိန်၌ ဂိဒေါင်နှင့် သူ့လူတစ်ရာတို့သည် ထိုတပ်စခန်းအစွန်နားသို့ရောက်လာပြီး တံပိုးကို မှုတ်၍ လက်ထဲရှိရေအိုးကိုရိုက်ခွဲကြ၏။ Common Language Bible ဂိဒေါင်နှင့်သူ၏တပ်သားတစ်ရာတို့သည် ရန်သူ့တပ်စခန်းအစွန်သို့ သန်းခေါင်အချိန် မတိုင်မီအစောင့်ကင်းလဲပြီးစအခါ၌ ရောက်ရှိလာကြ၏။ ထိုအခါသူတို့သည် တံပိုးခရာမှုတ်၍ မိမိတို့ကိုင်ဆောင်ထား သောအိုးတို့ကိုခွဲပစ်လိုက်ကြ၏။- Garrad Bible ထို သို့ ဂိ ဒေါင် နှင့် လိုက် ပါ သူ တစ် ရာ သည် မ ဇ္စျိ မ ယံ အ တွင်း ကင်း စောင့် လဲ သော အ ခိုက် တပ် ပြင် ရောက်၍၊ တံ ပိုး မှုတ် ပြီး လျှင် ကိုင် စွဲ သော အိုး များ ကို လည်း ရိုက် ခွဲ သည့် အ လျောက် Judson Bible ထိုသို့ ဂိဒေါင်နှင့် သူ၌ပါသော လူတစ်ရာတို့သည် သန်းခေါင်ယံ၌ ကင်းလဲစက တပ်ပြင်သို့ရောက်သဖြင့် တံပိုးမှုတ်ကြ၏။ မိမိကိုင်သော အိုးတို့ကိုလည်းခွဲကြ၏။ |
သင်သည် သံလှံတံဖြင့် သူတို့ကိုကျိုးပဲ့စေ၍ သူတို့ကို မြေအိုးကဲ့သို့ ရိုက်ခွဲလိမ့်မည်”ဟု ငါ့အား မိန့်တော်မူ၏။
အကြောင်းမူကား ကိုယ်တော်၏ရှေ့မှောက်တွင် အနှစ်တစ်ထောင်သည် ကုန်လွန်ပြီးသော ယမန်နေ့ကဲ့သို့လည်းကောင်း၊ ညဥ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
မိုးသောက်ချိန်ရောက်သောအခါ ထာဝရဘုရားသည် အီဂျစ်တပ်ကို မီးတိုင်၊ မိုးတိမ်တိုင်ထဲမှ ငုံ့ကြည့်တော်မူ၍ အီဂျစ်တပ်တို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။
ညသန်းခေါင်၌ ‘ကြည့်ရှုလော့။ သတို့သားရောက်လာပြီ။ သူ့ကိုကြိုဆိုရန် ထွက်ခဲ့ကြလော့’ဟူသောအော်ဟစ်သံထွက်ပေါ်လာရာ
အကြောင်းမူကား သူခိုးသည် ညအချိန်၌လာသကဲ့သို့ သခင်ဘုရား၏နေ့ရက်သည် ရောက်လာမည်ဖြစ်ကြောင်း သင်တို့ကိုယ်တိုင် သေချာစွာသိကြ၏။
(ကြည့်ရှုလော့။ ငါသည် သူခိုးကဲ့သို့လာမည်။ အဝတ်မပါအချည်းစည်းဖြင့်သွားလာ၍ မိမိအရှက်ကို လူတို့မြင်ရသည့်အဖြစ်မျိုးမရှိစေရန် မိမိအဝတ်များကိုထိန်းသိမ်းလျက် သတိနှင့်စောင့်နေသောသူသည် မင်္ဂလာရှိ၏။)
ဂိဒေါင်သည် လူသုံးရာကိုသုံးဖွဲ့ခွဲ၍ သူတို့အားလုံး၏လက်၌ တံပိုးနှင့် မြေအိုးကို ကိုင်ဆောင်စေပြီးလျှင် ထိုအိုးထဲ၌ မီးတုတ်ကို ထည့်စေ၏။
ငါနှင့် ငါ့အဖွဲ့သားအားလုံး တံပိုးမှုတ်သောအခါ တပ်စခန်းပတ်ပတ်လည်ကို ဝိုင်းထားသော သင်တို့သည်လည်း တံပိုးမှုတ်၍ ‘ထာဝရဘုရားနှင့်ဂိဒေါင်၏ဓား’ဟူ၍ ကြွေးကြော်လော့”ဟု မှာထားလေ၏။
သူတို့ သုံးဖွဲ့စလုံး လက်ဝဲလက်၌ မီးတုတ်၊ လက်ယာလက်၌ တံပိုးကို ကိုင်ဆောင်ပြီး တံပိုးကိုမှုတ်၍ ရေအိုးကိုရိုက်ခွဲကာ “ထာဝရဘုရား၏ဓား၊ ဂိဒေါင်၏ဓား”ဟု ကြွေးကြော်ကြပြီး