ထိုအခါ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က မှူးမတ်များနှင့်ပြည်သူပြည်သားအပေါင်းတို့အား “သင်တို့နားနှင့်ဆတ်ဆတ်ကြားကြသည့်အတိုင်း သူသည် ဤမြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောသောကြောင့် သေဒဏ်ခံထိုက်သည်”ဟု ပြောဆိုကြ၏။
သူကြီး 6:30 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မြို့သားတို့က ယောရှအား “သင်၏သားကို ထုတ်ပေးလော့။ ဗာလယဇ်ပလ္လင်ကိုဖြိုဖျက်ပြီး အနား၌ရှိသောအာရှရနတ်ဘုရားမတံခွန်တိုင်ကိုခုတ်လှဲသောကြောင့် သူအသတ်ခံရမည်”ဟု ဆိုကြ၏။ Common Language Bible ထိုအခါသူတို့သည်ယောရှအား``သင်၏ သားဂိဒေါင်ကိုငါတို့သတ်နိုင်ရန်ခေါ်ထုတ် လော့။ သူသည်ဗာလ၏ယဇ်ပလ္လင်နှင့်ယင်း ၏အနီးရှိအာရှရနတ်သမီး၏အမှတ် လက္ခဏာသစ်ပင်တို့ကို ခုတ်လှဲလိုက်လေ ပြီတကား'' ဟုဆိုကြ၏။ Garrad Bible ဗာ လ နတ်၏ ပ လ္လင် ကို ဖြို ဖျက်၍ အ နီး ရှိ တံ ခွန် တိုင် ကို လည်း ခုတ် လှဲ သော သင့် သား ကို သေ ဒဏ် ခံ ရန် ထုတ် လော့ ဟု ယော ရှ အား မြို့ သား တို့ ပြော ဆို ကြ သော်၊ Judson Bible ထိုအခါ မြို့သားတို့သည် ယောရှအား၊ သင်၏သားသည် ဗာလဘုရား၏ယဇ်ပလ္လင်ကိုဖြိုဖျက်၍ အနားမှာရှိသော အာရှရပင်ကို ခုတ်လှဲသောကြောင့်၊ သူ့ကို အသေခံစေခြင်းငှာ ထုတ်လော့ဟု ဆိုသော်လည်း၊ |
ထိုအခါ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က မှူးမတ်များနှင့်ပြည်သူပြည်သားအပေါင်းတို့အား “သင်တို့နားနှင့်ဆတ်ဆတ်ကြားကြသည့်အတိုင်း သူသည် ဤမြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောသောကြောင့် သေဒဏ်ခံထိုက်သည်”ဟု ပြောဆိုကြ၏။
ထိုပြည်သည် ရုပ်တုပေါများရာပြည်ဖြစ်၏။ ရုပ်တုများကို အရူးအမူးစွဲလမ်းကြ၏။ ထို့ကြောင့် ထိုပြည်၌ မိုးခေါင်လေပြီ၊ ရေများခန်းခြောက်လေပြီ။
လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်ကြလိမ့်မည်။ ထိုမျှမက သင်တို့ကိုသတ်သောသူတိုင်း မိမိတို့သည် ဘုရားဝတ်ကိုပြုနေသည်ဟု ထင်မှတ်သောအချိန်ကာလရောက်လာတော့မည်။
အမှန်စင်စစ် အကျွန်ုပ်ကိုယ်တိုင်သည်လည်း နာဇရက်မြို့သားယေရှု၏နာမတော်အား ဆန့်ကျင်သည့်အမှုများစွာတို့ကိုပြုရမည်ဟုထင်မှတ်၍
စိတ်အားထက်သန်မှုအရဆိုလျှင် အသင်းတော်ကိုညှဉ်းဆဲသောသူ၊ ပညတ်တရားအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းအရဆိုလျှင် အပြစ်တင်စရာမရှိသောသူဖြစ်၏။
“ဤအမှုကို မည်သူပြုသနည်း”ဟု တစ်ယောက်ကိုတစ်ယောက်မေးမြန်းကြ၏။ လိုက်လံစုံစမ်းသောအခါ လူတို့က “ဤအမှုကို ယောရှ၏သား ဂိဒေါင်ပြုသည်”ဟု ဆိုကြ၏။
ယောရှက မိမိကို ရန်ရှာသောသူအပေါင်းတို့အား “သင်တို့သည် ဗာလဘုရားဘက်မှ ရပ်တည်မည်လော။ သူ့ကို ကယ်တင်မည်လော။ သူ့ဘက်၌ ရပ်တည်သောသူမည်သူမဆို နေမထွက်မီ အသတ်ခံရမည်။ သူသည် ဘုရားမှန်လျှင် သူ၏ယဇ်ပလ္လင် ဖြိုဖျက်ခံရသောကြောင့် သူကိုယ်တိုင် ဖြေရှင်းပါစေ”ဟု ဆိုလေ၏။