Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 6:30 - Common Language Bible

30 ထို​အ​ခါ​သူ​တို့​သည်​ယော​ရှ​အား``သင်​၏ သား​ဂိ​ဒေါင်​ကို​ငါ​တို့​သတ်​နိုင်​ရန်​ခေါ်​ထုတ် လော့။ သူ​သည်​ဗာ​လ​၏​ယဇ်​ပလ္လင်​နှင့်​ယင်း ၏​အ​နီး​ရှိ​အာ​ရှ​ရ​နတ်​သ​မီး​၏​အ​မှတ် လက္ခ​ဏာ​သစ်​ပင်​တို့​ကို ခုတ်​လှဲ​လိုက်​လေ ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 ဗာ လ နတ်၏ ပ လ္လင် ကို ဖြို ဖျက်၍ အ နီး ရှိ တံ ခွန် တိုင် ကို လည်း ခုတ် လှဲ သော သင့် သား ကို သေ ဒဏ် ခံ ရန် ထုတ် လော့ ဟု ယော ရှ အား မြို့ သား တို့ ပြော ဆို ကြ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 ထို​အ​ခါ မြို့​သား​တို့​သည် ယော​ရှ​အား၊ သင်၏​သား​သည် ဗာ​လ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို​ဖြို​ဖျက်၍ အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​ကို ခုတ်​လှဲ​သော​ကြောင့်၊ သူ့​ကို အ​သေ​ခံ​စေ​ခြင်း​ငှာ ထုတ်​လော့​ဟု ဆို​သော်​လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 ထိုအခါ မြို့သား​တို့​က ယောရှ​အား “​သင်​၏​သား​ကို ထုတ်ပေး​လော့​။ ဗာလ​ယဇ်ပလ္လင်​ကို​ဖြိုဖျက်​ပြီး အနား​၌​ရှိ​သော​အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို​ခုတ်လှဲ​သောကြောင့် သူ​အသတ်​ခံရ​မည်​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 6:30
7 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက် တို့​က​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​အား``ဤ သူ​သည်​ငါ​တို့​၏​မြို့​ကို​ဆန့်​ကျင်​ပြော​ဆို​သ​ဖြင့် သေ​ဒဏ်​ခံ​ထိုက်​ပေ​သည်။ သူ​ပြော​ဆို​သည့်​စ​ကား ကို​သင်​တို့​ကိုယ်​တိုင်​ကြား​ကြ​၏'' ဟု​ဆို​၏။


ထို​ပြည်​တွင်​မိုး​ခေါင်​စေ​၍​မြစ်​များ​ကို​ခန်း ခြောက် စေ​ကြ​လော့။ ဗာ​ဗု​လုန်​ပြည်​သည်​ထိတ်​လန့်​ဖွယ်​ကောင်း​သည့် ရုပ်​တု​ပေါ​များ​သည့်​ပြည်​ဖြစ်​ပေ​သည်။ ထို​ရုပ်​တု​များ​ကြောင့်​ပြည်​သူ​တို့​သည် မိုက်​မဲ​သူ​များ​ဖြစ်​ကြ​လေ​ပြီ။


သင်​တို့​သည်​တ​ရား​ဇ​ရပ်​များ​မှ​နှင်​ထုတ်​ခြင်း ခံ​ရ​လိမ့်​မည်။ သင်​တို့​ကို​သတ်​ဖြတ်​ခြင်း​သည် ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း ပင်​ဖြစ်​သည်​ဟု လူ​တို့​ထင်​မှတ်​သည့်​အ​ချိန် ကာ​လ​မု​ချ​ကျ​ရောက်​ပေ​အံ့။-


``အ​ကျွန်ုပ်​ကိုယ်​တိုင်​ပင်​လျှင် နာ​ဇ​ရက်​မြို့ သား​ယေ​ရှု​၏​နာ​မ​တော်​နှင့်​ဆန့်​ကျင်​သည့် အ​မှု​များ​ကို​ပြု​သင့်​သည်​ဟု​ယူ​ဆ​ခဲ့​ပါ​၏။-


ဘာ​သာ​ရေး​စိတ်​အား​ထက်​သန်​မှု​ဘက်​၌​ဆို​သော် အ​သင်း​တော်​ကို​ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​သူ​ဖြစ်​၏။ ပ​ညတ်​တ​ရား​ကို​လိုက်​နာ​ကျင့်​သုံး​မှု​အ​ရ ဆို​သော်​ငါ​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သူ​ဖြစ်​သည်။-


သူ​တို့​သည်``ဤ​အ​မှု​ကို​အ​ဘယ်​သူ​ပြု​သ​နည်း'' ဟု​အ​ချင်း​ချင်း​မေး​မြန်း​စုံ​စမ်း​ကြည့်​ရာ ယော​ရှ​၏​သား​ဂိ​ဒေါင်​ပြု​သည့်​အ​မှု​ဖြစ် ကြောင်း​ကို​သိ​ရှိ​ရ​ကြ​၏။-


ယော​ရှ​သည်​မိ​မိ​ထံ​သို့​လာ​ရောက်​တောင်း​ဆို သူ​အ​ပေါင်း​တို့​အား``သင်​တို့​သည်​ဗာ​လ​ကိုယ် စား​ရှေ့​နေ​လိုက်​နေ​ကြ​ပါ​သ​လော။ သူ​၏ အ​တွက်​အ​ကွယ်​အ​ကာ​ပေး​နေ​ကြ​ပါ​သ လော။ သူ့​အ​တွက်​ရှေ့​နေ​လိုက်​သူ​မှန်​သ​မျှ သည်​နံ​နက်​ချိန်​မ​လွန်​မီ​အ​သတ်​ခံ​ရ​မည်။ အ​ကယ်​၍​ဗာ​လ​သည်​ဘု​ရား​ဖြစ်​ပါ​မူ မိ​မိ ကိုယ်​ကို​မိ​မိ​ကာ​ကွယ်​ပါ​လေ​စေ။ ဖြို​ချ​ခြင်း ခံ​ရ​သည်​မှာ​သူ​၏​ယဇ်​ပလ္လင်​ဖြစ်​ပါ​၏'' ဟု​ပြော​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ