ထိုအခါ ထာဝရဘုရားထံမှမီးကျလာ၍ မီးရှို့ရာယဇ်ကောင်၊ ထင်း၊ ကျောက်၊ မြေမှုန့်တို့ကိုပါ လောင်ကျွမ်းသဖြင့် မြောင်းထဲမှရေများလည်း ခန်းခြောက်လေ၏။
သူကြီး 6:21 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏ကောင်းကင်တမန်သည် လက်ထဲရှိ တောင်ဝှေးကို ဆန့်၍ အသားနှင့်တဆေးမဲ့မုန့်ကို တို့သောအခါ ထိုကျောက်မှ မီးတောက်ထွက်၍ အသားနှင့် တဆေးမဲ့မုန့်ကို လောင်ကျွမ်းသွား၏။ ထိုစဉ် ထာဝရဘုရား၏ကောင်းကင်တမန်က ဂိဒေါင်ရှေ့မှ ပျောက်သွား၏။ Common Language Bible ထိုအခါကောင်းကင်တမန်သည်လက်ကိုဆန့်၍ မိမိကိုင်ထားသည့်တုတ်ဖျားဖြင့်ဆိတ်သားနှင့် မုန့်တို့ကိုတို့ထိလိုက်ရာ ကျောက်ထဲမှမီးလျှံ ထွက်၍ဆိတ်သားနှင့်မုန့်တို့ကိုကျွမ်းလောင် စေ၏။ ထိုနောက်ကောင်းကင်တမန်သည်ပျောက် ကွယ်သွားလေသည်။ Garrad Bible စေ တ မန် တော် သည် ကိုင် ဆောင် သော တောင် ဝှေး ကို ဆန့် တန်း လျက် အ မဲ သား နှင့် မုန့် ပြား များ ကို တို့ သ ဖြင့် ကျောက် ဖျာ မှ မီး တောက်၍၊ အ မဲ သား နှင့် မုန့် ပြား များ ကို ကျွမ်း လောင် ရာ တွင် ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် လည်း ကွယ် သွား လေ၏။ Judson Bible ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် မိမိကိုင်သော တောင်ဝှေးကိုဆန့်၍၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို တို့သဖြင့်၊ ကျောက်ထဲကမီးထ၍ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို လောင်ပြီးမှ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကွယ်လေ၏။ |
ထိုအခါ ထာဝရဘုရားထံမှမီးကျလာ၍ မီးရှို့ရာယဇ်ကောင်၊ ထင်း၊ ကျောက်၊ မြေမှုန့်တို့ကိုပါ လောင်ကျွမ်းသဖြင့် မြောင်းထဲမှရေများလည်း ခန်းခြောက်လေ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်ပြီး ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ကိုယ်တော်သည် ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်အပေါ်သို့ ကောင်းကင်မှမီးကျလာစေခြင်းဖြင့် ထူးတော်မူ၏။
ထိုသို့ ရှောလမုန်မင်းကြီးဆုတောင်းပြီးသောအခါ ကောင်းကင်မှမီးကျလာ၍ မီးရှို့ရာယဇ်နှင့်ပူဇော်သက္ကာတို့ကို လောင်ကျွမ်းလေ၏။ ထာဝရဘုရား၏ဘုန်းအသရေတော်သည်လည်း အိမ်တော်ကို ဖုံးလွှမ်းလေ၏။
ထာဝရဘုရားသည် မိန့်တော်မူသည့်အတိုင်း ပြုမည်ဖြစ်ကြောင်း သင့်အား ထာဝရဘုရားပေးတော်မူသောနိမိတ်လက္ခဏာကား ဤသို့ဖြစ်၏။
ထိုအခါ ထာဝရဘုရားထံတော်မှမီးဆင်းသက်၍ ယဇ်ပလ္လင်ပေါ်ရှိမီးရှို့ရာယဇ်နှင့်အဆီတို့ကိုလောင်ကျွမ်းလေ၏။ လူအပေါင်းတို့သည် တွေ့မြင်သောအခါ ရွှင်လန်းစွာကြွေးကြော်လျက် ပျပ်ဝပ်ရှိခိုးကြလေ၏။
မာနော်ကလည်း ဆိတ်သငယ်တစ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ကျောက်ပေါ်တင်၍ ထာဝရဘုရားထံ ပူဇော်လေ၏။ မာနော်နှင့် သူ့မယားတို့ ကြည့်နေစဉ်မှာပင် အံ့ဩဖွယ်အမှုတစ်ခုဖြစ်ပေါ်လေ၏။
ယဇ်ပလ္လင်မှမီးလျှံသည် ကောင်းကင်သို့တက်နေ၍ ထာဝရဘုရား၏ကောင်းကင်တမန်သည်လည်း ယဇ်ပလ္လင်မှမီးလျှံနှင့်အတူ တက်သွား၏။ ထိုသို့မြင်ရလျှင် မာနော်နှင့် သူ့မယားသည် မြေပေါ်သို့ ချက်ချင်းပျပ်ဝပ်လေ၏။
ဘုရားသခင်၏ကောင်းကင်တမန်က သူ့အား “အသားနှင့် တဆေးမဲ့မုန့်ကို ယူ၍ ဤကျောက်ပေါ်တင်ထားလော့။ အသားပြုတ်ရည်ကိုမူ သွန်းလောင်းလော့”ဟု ဆိုလျှင် သူလည်း ထိုအတိုင်းပြု၏။