သူကြီး 5:17 - မြန်မာ့စံမီသမ္မာကျမ်း ဂိလဒ်အမျိုးသည် ဂျော်ဒန်မြစ်တစ်ဖက်၌ပင် နေနေကြပါသည်တကား။ ဒန်အမျိုးကား အဘယ်ကြောင့် သင်္ဘောများပေါ်၌ နေရစ်ရသနည်း။ အာရှာအမျိုးကလည်း ပင်လယ်ကမ်းခြေ၌သာ ထိုင်နေကြပါသည်တကား၊ ပင်လယ်ဆိပ်ကမ်း၌သာ နေထိုင်ကြပါသည်တကား။ Common Language Bible ဂိလဒ်အနွယ်ဝင်တို့သည်ယော်ဒန်မြစ် အရှေ့ဘက်တွင်နေရစ်ကြ၏။ ဒန်အနွယ်ဝင်တို့သည်လည်းသင်္ဘောများ အနီးတွင်နေရစ်ကြ၏။ အာရှာအနွယ်ဝင်တို့သည်ပင်လယ်ကမ်းခြေ အနီးတွင်နေရစ်ကြလေသည်။ Garrad Bible ဂိ လဒ် အ နွယ် သည် ယော် ဒန် မြစ် တစ် ဖက် တွင် ဆိုင်း ငံ့၍ နေ၏။ ဒန့် အ နွယ် လည်း အ ဘယ် ကြောင့် သင်္ဘော တွင် နေ ထိုင် ဘိ သ နည်း။ အာ ရှာ့ အ နွယ် လည်း ပင် လယ် ကမ်း၊ သင်္ဘော ဆိပ် များ အ နီး တွင် နေ ထိုင် ကြ သည် တ ကား။ Judson Bible ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ်တစ်ဖက်၌ ငြိမ်ဝပ်စွာနေကြ၏။ ဒန်အမျိုးသည် သင်္ဘောဆိပ်အနားမှာ အဘယ်ကြောင့် နေရစ်သနည်း။ အာရှာအမျိုးသည်လည်း ပင်လယ်ကမ်းနား သင်္ဘောဆိုက်ရာကွေ့တို့၌ မလှုပ်ဘဲငြိမ်ဝပ်စွာနေသည်တကား။ |
သင်တို့အသီးသီးသည် မြို့ရိုးပျက်အပေါက်များမှတစ်ဆင့် အရှေ့တည့်တည့် ဟာမုန်အရပ်သို့ နှင်ထုတ်ခြင်းခံရမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူတို့ရရှိသောနယ်မြေမှာ ဤသို့ဖြစ်၏။ ယာဇာမြို့၊ ဂိလဒ်ပြည်ရှိမြို့အားလုံး၊ ရဗ္ဗာမြို့အရှေ့ဘက်ရှိ အာရော်မြို့အထိ အမ္မုန်အမျိုးသားတို့၏ပြည်တစ်ဝက်၊
ဂိလဒ်ပြည်တစ်ဝက်နှင့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏မင်းနေပြည်တော်မြို့များဖြစ်သည့် အာရှတရုတ်မြို့နှင့်ဧဒြိမြို့တို့ဖြစ်၏။ ဤသည်ကား မျိုးနွယ်စုအလိုက် မနာရှေ၏သား မာခိရ၏သားမြေးတစ်ဝက်တို့ရသောအမွေမြေဖြစ်၏။
သို့ဖြစ်၍ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့သည် အစ္စရေးအမျိုးသားတို့ရှိရာ ခါနာန်ပြည်၊ ရှိလောမြို့မှထွက်ခွာ၍ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူထားသည့်အတိုင်း မိမိတို့အပိုင်ရရှိခဲ့သောဂိလဒ်ပြည်သို့ ပြန်သွားကြ၏။