ကြွင်းကျန်သောသူတို့သည် ခေါင်းဆောင်တို့ထံသို့ ဆင်းလာကြ၏။ ထာဝရဘုရား၏လူမျိုးတော်သည် သူရဲကောင်းများနှင့်အတူ ငါ့ထံသို့ ဆင်းလာကြ၏။
ထိုနောက်သစ္စာရှိသူတို့သည်မိမိတို့၏ ခေါင်းဆောင်များထံသို့လာကြ၏။ ထာဝရဘုရား၏လူမျိုးတော်သည်စစ်ပွဲဝင်ရန် အသင့်ပြင်လျက်သူ့ထံသို့လာကြ၏။
ထို အ ခါ ကျန် ကြွင်း သော ဗိုလ် မှူး တို့ ဆင်း လာ၍ ထာ ဝ ရ ဘု ရား၏ လူ မျိုး တော် လည်း သူ ရဲ တို့ အ ဖြစ်၊ ငါ့ ထံ ဆင်း ကြ ၏။
ထိုအခါ ကျန်ကြွင်းသောသူတို့သည် သူရဲကြီးတို့ထံသို့ ဆင်းကြ၏။ ထာဝရဘုရား၏လူတို့သည် အစွမ်းတန်ခိုးကြီးသော သူတို့ထံသို့ ငါ့အဖို့ဆင်းကြ၏။
သူတို့သည် မရဏာနိုင်ငံအတွက် သိုးကဲ့သို့ လျာထားခြင်းခံရ၍ သေခြင်းသည် သူတို့ကိုထိန်းကျောင်းလိမ့်မည်။ ဖြောင့်မှန်သောသူတို့သည် နံနက်အချိန်၌ ထိုသူတို့ကိုအုပ်စိုးကြလိမ့်မည်။ ထိုသူတို့၏ရုပ်သဏ္ဌာန်သည် မိမိတို့နေထိုင်ရာအရပ်မှဝေးကွာသည့် မရဏာနိုင်ငံ၌ဆွေးမြည့်ကြလိမ့်မည်။
တရားစီရင်သောအရှင်ကား ဘုရားသခင်ပေတည်း။ ထိုအရှင်သည် တစ်ဦးကိုနှိမ့်ချ၍ တစ်ဦးကိုချီးမြှောက်တော်မူ၏။
ငါထာဝရဘုရားသည် မြင့်သောအပင်ကိုနိမ့်စေ၍ နိမ့်သောအပင်ကိုမြင့်စေကြောင်း၊ စိမ်းလန်းသောအပင်ကိုခြောက်သွေ့စေ၍ ခြောက်သွေ့သောအပင်ကိုဝေဆာစေကြောင်း ကွင်းပြင်မှသစ်ပင်ရှိသမျှတို့ သိကြရလိမ့်မည်။ ငါထာဝရဘုရားသည် မိန့်ဆိုသည့်အတိုင်းပြုမည်’ဟူ၍ မိန့်တော်မူ၏”ဟု မိန့်ဆို၏။
သို့သော် ငါတို့သည် ငါတို့ကိုချစ်တော်မူသောအရှင်အားဖြင့် ထိုအမှုခပ်သိမ်းတို့ကိုခံရစဉ်၌ပင် လုံးလုံးလျားလျားအောင်မြင်လျက်ရှိကြ၏။
ကြည့်ရှုလော့။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသည့် လိမ်လည်ပြောဆိုသောသူတို့ကို သင်၏ခြေရင်း၌ လာ၍ရှိခိုးစေကာ ငါသည် သင်တို့ကိုချစ်ကြောင်း သူတို့အားသိစေမည်။
အို ဒေဗောရ၊ နိုးလော့၊ နိုးလော့။ နိုးထပြီး သီချင်းဆိုလော့။ အို အဘိနောင်၏သားဗာရက်၊ ထလော့။ သုံ့ပန်းများကို ထုတ်ဆောင်သွားလော့။
အို ဗင်္ယာမိန်၊ အာမလက်ပြည်၌ အခြေချနေထိုင်သော ဧဖရိမ်အမျိုးတို့သည် သင်၏လူတို့နှင့်အတူ သင့်နောက်သို့လိုက်ကြပြီ။ မာခိရအမျိုးထဲမှ ခေါင်းဆောင်များဆင်းလာကြပြီ။ ဇာဗုလုန်အမျိုးထဲမှ စစ်သူကြီးများ ဆင်းလာကြပြီ။
ထာဝရဘုရား၏ကောင်းကင်တမန်က ‘မေရောဇမြို့ကိုကျိန်ဆဲလော့။ ထိုမြို့၌နေထိုင်သောသူတို့ကို ကျိန်စာတိုက်လော့။ အကြောင်းမူကား သူတို့သည် ထာဝရဘုရားဘက် လာမကူကြ။ သူရဲကောင်းတို့နှင့်တိုက်ခိုက်သောထာဝရဘုရားဘက် လာမကူကြ’ဟု ဆို၏။