အပြစ်သားတို့သည် ကမ္ဘာမြေကြီးပေါ်မှ ပျောက်ကွယ်သွားကြပါစေသော။ ဆိုးယုတ်သောသူတို့သည်လည်း ဆက်၍မရှိကြပါစေနှင့်။ အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ ဟာလေလုယ။
သူကြီး 4:16 - မြန်မာ့စံမီသမ္မာကျမ်း ဗာရက်သည် ဟာရောရှက်ဟာဂေါအိမ်မြို့တိုင်အောင် သိသရ၏စစ်ရထား၊ စစ်သည်တို့နောက်သို့လိုက်၍ စစ်သည်တို့ကို တစ်ယောက်မကျန်ဓားဖြင့် သတ်ပစ်၏။ Common Language Bible ဗာရက်သည်လည်းသူ၏ရထားများနှင့်တပ် သားတို့ကို လူမျိုးခြားတို့နေရာဟာရောရှက် မြို့သို့တိုင်အောင်လိုက်လံတိုက်ခိုက်ရာ သိသရ ၏တပ်သားတို့သည်တစ်ယောက်မျှမကျန် သေဆုံးကြကုန်၏။ Garrad Bible ဗာ ရက် မူ ကား၊ ရ ထား တပ် နှင့် အ လုံး အ ရင်း တို့ ကို လူ မျိုး ခြား တို့ နေ ရာ ဟာ ရော ရှက် မြို့ တိုင် လိုက် လံ၍ သိ သ ရ၏ အ လုံး အ ရင်း တစ် ယောက် မ ကျန် ဓား ဖြင့် ကျ ဆုံး ကြ ကုန်၏။ Judson Bible ဗာရက်သည် ရထားများ၊ ဗိုလ်ပါစစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက်မြို့တိုင်အောင် လိုက်၍၊ သိသရစစ်သူရဲအပေါင်းတို့သည် တစ်ယောက်မျှ မကျန်ကြွင်း ဓားနှင့် သေကြကုန်၏။ |
အပြစ်သားတို့သည် ကမ္ဘာမြေကြီးပေါ်မှ ပျောက်ကွယ်သွားကြပါစေသော။ ဆိုးယုတ်သောသူတို့သည်လည်း ဆက်၍မရှိကြပါစေနှင့်။ အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ ဟာလေလုယ။
သူတို့သည် အင်္ဒေါရအရပ်တွင် ဖျက်ဆီးခြင်းခံရ၍ မြေကြီးပေါ်မှ မြေဆွေးဖြစ်ကြပါပြီ။
မိဒျန်လူမျိုးအပေါ်၌လည်းကောင်း၊ ကိရှုန်ချောင်းနားတွင် သိသရနှင့်ယာဘိန်မင်းကြီးတို့အပေါ်၌လည်းကောင်း ကိုယ်တော်ပြုသကဲ့သို့ သူတို့အပေါ်၌ ပြုတော်မူပါ။
အစ္စရေးအမျိုးသားတို့နောက်မှ ပင်လယ်ထဲသို့လိုက်ဝင်ကြသော စစ်ရထားများနှင့်မြင်းစီးသူရဲများ စသည့် ဖာရောမင်းကြီး၏စစ်တပ်တစ်တပ်လုံးအပေါ်သို့ ရေပြန်စီးလာပြီး သူတို့ကို ဖုံးလွှမ်းသဖြင့် တစ်စုံတစ်ယောက်မျှ မကျန်ရစ်ပေ။
ရထားနှင့် မြင်း၊ စစ်သည်နှင့်အင်အားကြီးမားသောသူတို့ကို ထုတ်ဆောင်၍ သူတို့ကို မထနိုင်အောင် အတူတကွလဲစေပြီး မီးစာကိုငြှိမ်းသကဲ့သို့ ငြိမ်းသွားစေတော်မူသော ထာဝရဘုရားက
ပညတ်တရားမပါဘဲ အပြစ်ပြုသောသူရှိသမျှသည် ပညတ်တရားမပါဘဲ ပျက်စီးကြလိမ့်မည်။ ပညတ်တရားအောက်၌ရှိလျက် အပြစ်ပြုသောသူရှိသမျှသည်လည်း ပညတ်တရားအားဖြင့် စီရင်ခြင်းခံရကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။
ထာဝရဘုရားသည် ထိုသူတို့ကို အစ္စရေးစစ်သည်တို့ရှေ့၌ ကစဥ့်ကလျားဖြစ်စေတော်မူ၏။ အစ္စရေးစစ်သည်တို့သည် ဂိဗောင်မြို့၌ ရန်သူအမြောက်အမြားကို တိုက်ခိုက်သတ်ဖြတ်ပြီး ဗေသောရုန်မြို့သို့တက်သွားသောလမ်းအတိုင်း အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လိုက်လံတိုက်ခိုက်ကြ၏။
ထာဝရဘုရားသည် ရန်သူတို့ကို အစ္စရေးစစ်သည်တို့လက်သို့ အပ်တော်မူသဖြင့် အစ္စရေးစစ်သည်တို့သည် ဆီဒုန်မြို့ကြီး၊ မိသရဖောသမိမ်မြို့၊ အရှေ့ဘက်အရပ်ရှိ မိဇပါချိုင့်ဝှမ်းတိုင်အောင် လိုက်လံတိုက်ခိုက်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိသည့်တိုင်အောင် လုပ်ကြံလေ၏။
ဟာဇော်ဘုရင်ယာဘိန်မင်းကြီးနှင့် ကေနိလူမျိုး ဟေဗာ၏မိသားစုတို့သင့်မြတ်ကြသောကြောင့် သိသရသည် ကေနိလူမျိုး ဟေဗာ၏မယား ယေလ၏တဲသို့ ခြေကျင်ဖြင့် ထွက်ပြေးလေ၏။
ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို ဟာဇော်မြို့၌စိုးစံသော ခါနာန်ဘုရင်ယာဘိန်မင်းကြီးလက်သို့ ရောင်းလိုက်လေ၏။ ထိုဘုရင်၏စစ်သူကြီးမှာ ဟာရောရှက်ဟာဂေါအိမ်မြို့၌နေထိုင်သော သိသရဖြစ်၏။