Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 4:16 - Common Language Bible

16 ဗာ​ရက်​သည်​လည်း​သူ​၏​ရ​ထား​များ​နှင့်​တပ် သား​တို့​ကို လူ​မျိုး​ခြား​တို့​နေ​ရာ​ဟာ​ရော​ရှက် မြို့​သို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ရာ သိ​သ​ရ ၏​တပ်​သား​တို့​သည်​တစ်​ယောက်​မျှ​မ​ကျန် သေ​ဆုံး​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ဗာ ရက် မူ ကား၊ ရ ထား တပ် နှင့် အ လုံး အ ရင်း တို့ ကို လူ မျိုး ခြား တို့ နေ ရာ ဟာ ရော ရှက် မြို့ တိုင် လိုက် လံ၍ သိ သ ရ၏ အ လုံး အ ရင်း တစ် ယောက် မ ကျန် ဓား ဖြင့် ကျ ဆုံး ကြ ကုန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ဗာ​ရက်​သည် ရ​ထား​များ၊ ဗိုလ်​ပါ​စစ်​သည်​များ​ကို ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​တိုင်​အောင် လိုက်၍၊ သိ​သ​ရ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မျှ မ​ကျန်​ကြွင်း ဓား​နှင့် သေ​ကြ​ကုန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ဗာရက်​သည် ဟာရောရှက်​ဟာဂေါအိမ်​မြို့​တိုင်အောင် သိသရ​၏​စစ်ရထား​၊ စစ်သည်​တို့​နောက်သို့​လိုက်​၍ စစ်သည်​တို့​ကို တစ်ယောက်မကျန်​ဓား​ဖြင့် သတ်​ပစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 4:16
13 ပူးပေါင်းရင်းမြစ်များ  

အ​ပြစ်​ကူး​သူ​တို့​သည်​ကမ္ဘာ​မြေ​ပေါ်​မှ သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ​ပါ​စေ​သော။ သူ​ယုတ်​မာ​တို့​သည်​ကွယ်​ပျောက်​ကြ​ပါ​စေ​သော။ အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။


အင်္ဒေါ​ရ​အ​ရပ်​တွင်​မိ​ဒျန်​အ​မျိုး​သား တို့​သည်​လည်း​ကောင်း၊ ခိ​ရှုန်​မြစ်​အ​နီး​၌​သိ​ရ​မင်း​နှင့်​ယာ​ဘိန်​မင်း တို့​သည်​လည်း​ကောင်း​စစ်​ပွဲ​ရှုံး​သ​ဖြင့် သူ​တို့​၏​အ​လောင်း​များ​သည်​စစ်​တ​လင်း ပေါ်​၌ ပုပ်​ပျက်​သွား​စေ​သ​ကဲ့​သို့ ဤ​မ​ဟာ​မိတ်​အ​ဖွဲ့​အား​လည်း​အ​လား တူ ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ​စေ​တော်​မူ​ပါ။


ရေ​သည်​ပုံ​မှန်​အ​တိုင်း​ပြန်​စီး​သ​ဖြင့်​ပင် လယ်​ထဲ​သို့​ဆင်း​လိုက်​လာ​ကြ​သော​ရ​ထား တပ်၊ မြင်း​တပ်​နှင့်​အီ​ဂျစ်​ဘု​ရင်​၏​တပ်​အား လုံး​တို့​သည်​တစ်​ယောက်​မျှ​မ​ကျန်​ရေ​နစ်​၍ သေ​ကုန်​ကြ​၏။-


ကိုယ်​တော်​သည်​ရ​ထား​တပ်၊ မြင်း​တပ်​များ​နှင့် အင်​အား​ကြီး​မား​သော​စစ်​သည်​ဗိုလ်​ချေ​တို့​ကို ဆုံး​ပါး​ပျက်​စီး​စေ​တော်​မူ​၏။ သူ​တို့​သည်​ငြိမ်း​သတ်​လိုက်​သည့် ဖ​ယောင်း​တိုင်​မီး​သ​ဖွယ်​န​လံ​မ​ထူ​နိုင်​အောင် ပြို​လဲ​၍​သွား​ကြ​ကုန်​၏။


လူ​မျိုး​ခြား​တို့​၌​မော​ရှေ​၏​ပ​ညတ်​တ​ရား မ​ရှိ။ သူ​တို့​အ​ပြစ်​ကူး​ကြ​သော​အ​ခါ​ဆုံး ပါး​ပျက်​စီး​ရ​ကြ​မည်​သာ​ဖြစ်​၏။ ပ​ညတ် တ​ရား​ရှိ​သော​ယု​ဒ​အ​မျိုး​သား​တို့​အ​ပြစ် ကူး​လွန်​သည့်​အ​ခါ သူ​တို့​သည်​ပ​ညတ်​တ​ရား ပြ​ဋ္ဌာန်း​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။-


ဘု​ရား​သ​ခင်​သည်​သ​နား​က​ရု​ဏာ​မ​ရှိ​သူ အား​သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သ​နားခြင်း​က​ရု​ဏာ ရှိ​သူ​သည်​တ​ရား​စီ​ရင်​ခြင်း​ကို​ကြောက်​လန့် ရန်​မ​လို​ပေ။


ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဖ​ရို ဖ​ရဲ​ထွက်​ပြေး​စေ​တော်​မူ​၏။ ထို​အ​ခါ ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ဂိ​ဗောင်​မြို့ တွင်​ရန်​သူ​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ် ၍ ဗေ​သော​ရုံ​တောင်​ကြား​ကို​လွန်​လျက်​တောင် ဘက်​အ​ဇေ​ကာ​မြို့​နှင့်​မက္က​ဒါ​မြို့​များ​သို့ တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ကြ​လေ​သည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ရန်​သူ​များ​ကို​အ​နိုင်​ရ​စေ တော်​မူ​၏။ သူ​တို့​သည်​မြောက်​ဘက်​ဇိ​ဒုန် မြို့​နှင့်​မိ​သ​ရ​ဖော​သ​မိမ်​မြို့​များ​သို့ တိုင်​အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​မိ​ဇ​ပါ ချိုင့်​ဝှမ်း​သို့​တိုင်​အောင်​လည်း​ကောင်း ရန်​သူ များ​ကို​လိုက်​လံ​တိုက်​ခိုက်​၍​တစ်​ယောက် မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ကြ​သည်။-


သိ​သ​ရ​သည်​ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ ၏​ဇ​နီး​ယေ​လ​၏​တဲ​သို့​ထွက်​ပြေး​သွား​လေ သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဟာ​ဇော်​ဘု​ရင် ယာ​ဘိန်​နှင့်​ဟေ​ဗာ​၏​မိ​သား​စု​သင့်​မြတ် မှု​ရှိ​သော​ကြောင့်​ဖြစ်​၏။-


သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဟာ​ဇာ​မြို့ ၌​မင်း​ပြု​သူ​ခါ​နာန်​ဘု​ရင်​ရာ​ဘိန်​အား သူ​တို့ ကို​တိုက်​ခိုက်​အောင်​မြင်​စေ​တော်​မူ​၏။ ထို​မင်း ၏​စစ်​သူ​ကြီး​မှာ​လူ​မျိုး​ခြား​တို့​နေ​ရာ၊ ဟာ ရော​ရှက်​မြို့​သား​သိ​သ​ရ​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ