ထိုအခါ ဧလိယက လူတို့အား “ဗာလဘုရား၏ပရောဖက်တို့ကို ဖမ်းဆီးပါ။ တစ်ယောက်မျှမလွတ်စေနှင့်”ဟု ဆိုလျှင် လူတို့က သူတို့ကို ဖမ်းဆီးလေ၏။ ဧလိယသည် သူတို့ကို ကိရှုန်ချောင်းသို့ခေါ်သွားပြီး ထိုအရပ်၌ ကွပ်မျက်လိုက်လေ၏။
သူကြီး 4:13 - မြန်မာ့စံမီသမ္မာကျမ်း သိသရသည် သူ၏စစ်ရထားအားလုံး၊ သံစစ်ရထားကိုးရာနှင့် မိမိလူအပေါင်းတို့ကို စုစည်းပြီးလျှင် ဟာရောရှက်ဟာဂေါအိမ်မြို့မှ ကိရှုန်မြစ်သို့ ချီတက်ကြ၏။ Common Language Bible သူသည်သံရထားကိုးရာနှင့်မိမိ၏လူ အပေါင်းတို့ကိုစုရုံးစေပြီးလျှင် လူမျိုး ခြားတို့နေရာဟာရောရှက်မြို့မှကိရှုန် မြစ်သို့စေလွှတ်လိုက်လေသည်။ Garrad Bible သိ သ ရ သည် သံ ဖြင့် ပြီး သော စစ် ရ ထား ကိုး ရာ နှင့် လိုက် ပါ သူ အ ပေါင်း တို့ ကို လူ မျိုး ခြား တို့ နေ ရာ ဟာ ရော ရှက် မြို့ မှ ကိ ရှုန် မြစ် အ ရောက် စု ရုံး စေ ရာ Judson Bible သိသရသည် မိမိရထားရှိသမျှတည်းဟူသော သံရထားကိုးရာနှင့် ဂေါအိမ်ပြည် ဟာရောရှက်မြို့မှစ၍ ကိရှုန်မြစ်တိုင်အောင် မိမိလူအပေါင်းတို့ကို စုဝေးစေ၏။ |
ထိုအခါ ဧလိယက လူတို့အား “ဗာလဘုရား၏ပရောဖက်တို့ကို ဖမ်းဆီးပါ။ တစ်ယောက်မျှမလွတ်စေနှင့်”ဟု ဆိုလျှင် လူတို့က သူတို့ကို ဖမ်းဆီးလေ၏။ ဧလိယသည် သူတို့ကို ကိရှုန်ချောင်းသို့ခေါ်သွားပြီး ထိုအရပ်၌ ကွပ်မျက်လိုက်လေ၏။
ယောသပ်အမျိုးသားတို့ကလည်း ယောရှုအား “တောင်ပေါ်ဒေသသည် အကျွန်ုပ်တို့အတွက် မလောက်ပါ။ ချိုင့်ဝှမ်းဒေသဖြစ်သော ဗက်ရှန်မြို့ရွာများနှင့် ယေဇရေလချိုင့်ဝှမ်းဒေသတွင်လည်း သံစစ်ရထားအများအပြားပိုင်ဆိုင်သော ခါနာန်လူမျိုးအပေါင်းတို့ နေထိုင်ကြပါသည်”ဟု လျှောက်ကြ၏။
ထာဝရဘုရားသည် ယုဒအမျိုးတို့နှင့်အတူ ပါရှိတော်မူသဖြင့် သူတို့သည် တောင်ပေါ်ဒေသတို့ကို သိမ်းပိုက်နိုင်ခဲ့၏။ ချိုင့်ဝှမ်းဒေသ၌နေထိုင်သောသူတို့မူကား သံစစ်ရထားများပိုင်ဆိုင်သောကြောင့် ထိုသူတို့ကို မနှင်ထုတ်နိုင်ခဲ့ပေ။
ငါသည်လည်း ယာဘိန်မင်းကြီး၏စစ်သူကြီးသိသရနှင့် သူ၏စစ်ရထားအလုံးအရင်းကို ကိရှုန်မြစ်သို့ လှည့်ပတ်ခေါ်ခဲ့ပြီး သင့်လက်သို့အပ်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု သူ့အားဆို၏။
ရှင်ဘုရင်တို့သည်လာ၍ စစ်တိုက်ကြ၏။ ခါနာန်ဘုရင်တို့သည် တာနက်မြို့၊ မေဂိဒ္ဒေါအိုင်နား၌ စစ်တိုက်ကြ၏။ တိုက်ခိုက်လုယူသောငွေကို မယူသွားကြ။