သူကြီး 3:29 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့တွင် ခွန်အားကြီး၍ ရဲစွမ်းသတ္တိရှိသောမောဘစစ်သူရဲတို့ကို တစ်ယောက်မျှအလွတ်မပေးဘဲ လူတစ်သောင်းခန့်ကို သတ်လေ၏။ Common Language Bible ထိုနေ့၌မောဘအမျိုးသားလက်ရွေးစင်စစ် သည် တစ်သောင်းမျှသုတ်သင်ခြင်းကိုခံရကြ ၏။ သူတို့တစ်ယောက်မျှမလွတ်မြောက်ပေ။- Garrad Bible သန် မာ သော မော ဘ စစ် သူ ရဲ တစ် ယောက် မျှ လည်း လွတ် မြောက် ခွင့် မ ရ စေ ဘဲ၊ လူ တစ် သောင်း ခန့် ကို လုပ် ကြံ ပြီး လျှင်၊ Judson Bible ထိုအခါ ခွန်အားကြီးသော မောဘစစ်သူရဲတစ်ယောက်မျှ မလွတ်ဘဲ၊ လူတစ်သောင်းကိုသတ်၍၊ |
ထိုအချိန်၌ ငါသည် သင်တို့အား ‘သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဤပြည်ကို သင်တို့အား အပိုင်ပေးတော်မူပြီ။ သို့သော် ရဲစွမ်းသတ္တိရှိသူအပေါင်းတို့သည် လက်နက်ကိုင်စွဲလျက် သင်တို့ညီအစ်ကိုအစ္စရေးအမျိုးသားတို့၏ရှေ့မှ ဂျော်ဒန်မြစ်ကိုကူးသွားရမည်။
အို ယေရှုရုန်၊ သင်သည် ဝဖြိုးလာသဖြင့် ခြေစုံကန်လေပြီ။ ဝဖြိုးတုတ်ခဲပြီး ဖောင်းကားလာသောအခါ မိမိကိုဖန်ဆင်းတော်မူသောဘုရားသခင်ကို ပစ်ပယ်လေပြီ။ မိမိ၏ကယ်တင်ရာကျောက်ဆောင်ကို မထီမဲ့မြင်ပြုလေပြီ။
မောဘဘုရင်ဧဂလုန်မင်းကြီးထံ လက်ဆောင်သွားရောက်ဆက်သလေ၏။ ဧဂလုန်မင်းကြီးသည် အလွန်ဝသောသူဖြစ်၏။
“ငါ့နောက် လိုက်ကြလော့။ ထာဝရဘုရားသည် သင်တို့၏ရန်သူမောဘလူမျိုးတို့ကို သင်တို့လက်သို့ အပ်တော်မူပြီ”ဟု ဆို၏။ သူတို့သည်လည်း ဧဟုဒနောက်သို့လိုက်၍ မောဘပြည်သို့ကူးသော ဂျော်ဒန်မြစ်ရေတိမ်ပိုင်းတို့ကို သိမ်းပိုက်ပြီး မည်သူ့ကိုမျှ ဖြတ်ကူးခွင့်မပြုကြပေ။
ထိုနေ့တွင် မောဘလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ရှုံးနိမ့်သွားပြီး ပြည်သည် အနှစ်ရှစ်ဆယ် ငြိမ်းချမ်းလေ၏။