ဧဟုဒထွက်သွားပြီးနောက် ဧဂလုန်မင်းကြီး၏အမှုထမ်းတို့သည် လေသာနန်းဆောင်တံခါးသော့ခတ်ထားသည်ကို မြင်လျှင် “မင်းကြီးသည် လေသာနန်းဆောင်တွင် ကျင်ကြီးစွန့်နေသည်”ဟု ဆိုကြ၏။
သူကြီး 3:25 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အချိန်ကြာမြင့်စွာစောင့်နေသော်လည်း လေသာနန်းဆောင်တံခါး ပွင့်မလာသောကြောင့် သော့ယူ၍ဖွင့်ကြည့်လိုက်သောအခါ သူတို့အရှင်သည် ကြမ်းပေါ်တွင်လဲကျသေဆုံးနေသည်ကို တွေ့ရလေ၏။ Common Language Bible အပြင်တွင်စောင့်ဆိုင်းသင့်သမျှစောင့်ဆိုင်းနေ သော်လည်း မင်းကြီးသည်တံခါးကိုမဖွင့်ဘဲ နေသေးသဖြင့် သူတို့သည်သော့ကိုယူ၍ဖွင့် လိုက်ကြ၏။ ထိုအခါမိမိတို့၏အရှင်မှာ ကြမ်းပြင်ပေါ်တွင်လဲလျက်သေနေသည် ကိုတွေ့မြင်ကြလေသည်။ Garrad Bible ရှက် လောက် ဖွယ် စောင့် ဆိုင်း ပြီး မှ တံ ခါး ကို မ ဖွင့် သော ကြောင့် သော့ ကို ယူ၍ ဖွင့် ကြ ရာ၊ နန်း ကြမ်း ပြင် တွင် လဲ၍ သေ နေ သော ကိုယ့် အ ရှင် ကို တွေ့ မြင် ကြ ၏။ Judson Bible ရှက်ကြောက်သည်တိုင်အောင် ငံ့နေပြီးမှ၊ သူတို့အရှင်သည် တံခါးကို မဖွင့်သောကြောင့်၊ သူတို့သည် သော့ကိုယူ၍ ဖွင့်ကြည့်သောအခါ၊ မြေပေါ်မှာလဲ၍ သေလျက်ရှိသော မိမိတို့အရှင်ကို တွေ့မြင်ကြ၏။ |
ဧဟုဒထွက်သွားပြီးနောက် ဧဂလုန်မင်းကြီး၏အမှုထမ်းတို့သည် လေသာနန်းဆောင်တံခါးသော့ခတ်ထားသည်ကို မြင်လျှင် “မင်းကြီးသည် လေသာနန်းဆောင်တွင် ကျင်ကြီးစွန့်နေသည်”ဟု ဆိုကြ၏။
မင်းမှုထမ်းတို့ စောင့်နေကြစဉ်တွင် ဧဟုဒသည် ရုပ်တုများကို ကျော်လွန်၍ စိရပ်အရပ်သို့ပင် ထွက်ပြေးလွတ်မြောက်သွားလေပြီ။