ကျောတွင်စိုက်ဝင်နေသောမြားကိုဆွဲနုတ်သောအခါ သည်းခြေ၌စူးနေသော မြားဦးသည်လည်း ထွက်လာ၍ သူသည် ကြောက်ရွံ့ထိတ်လန့်လျက်နေရလိမ့်မည်။
သူကြီး 3:21 - မြန်မာ့စံမီသမ္မာကျမ်း ဧဟုဒလည်း လက်ဝဲလက်ကိုဆန့်၍ ယာဘက်ပေါင်၌ဝှက်ထားသောသန်လျက်ကို ဆွဲထုတ်ကာ ဧဂလုန်မင်းကြီး၏ဝမ်းဗိုက်ကို ထိုးလေ၏။ Common Language Bible ထိုအခါဧဟုဒသည်မိမိဘယ်လက်ဖြင့် ညာပေါင်တွင်ချည်နှောင်ထားသောသံလျက် ကိုယူ၍မင်းကြီး၏ဝမ်းဗိုက်ကိုထိုးလိုက် ရာ၊- Garrad Bible ဧ ဟု ဒ သည်၊ ဝဲ လက် ကို ဆန့် တန်း လျက်၊ ယာ ပေါင် မှ သန် လျက် ကို ထုတ်၍၊ ဘု ရင် မင်း၏ ဝမ်း ကို ထိုး ရာ Judson Bible ဧဟုဒသည် လက်ဝဲလက်ကိုဆန့်လျက် သန်လျက်ကို လက်ယာပေါင်မှထုတ်၍ ရှင်ဘုရင်၏ဝမ်းကိုထိုးသဖြင့်၊ |
ကျောတွင်စိုက်ဝင်နေသောမြားကိုဆွဲနုတ်သောအခါ သည်းခြေ၌စူးနေသော မြားဦးသည်လည်း ထွက်လာ၍ သူသည် ကြောက်ရွံ့ထိတ်လန့်လျက်နေရလိမ့်မည်။
တစ်စုံတစ်ဦးသည် ပရောဖက်ပြုဟောပြောနေသေးလျှင် သူ့ကိုဖြစ်ပွားစေသော သူ့မိဘတို့က ‘သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ မဟုတ်မမှန်ဟောပြောသောကြောင့် အသက်ချမ်းသာရာရမည်မဟုတ်’ဟု ဆို၍ သူ့ကိုဖြစ်ပွားစေသောမိဘကိုယ်တိုင်က ထိုသူပရောဖက်ပြုဟောပြောသောအခါ သူ့ကို ထိုးသတ်လိမ့်မည်။
ထို့ကြောင့် ယခုမှစ၍ ငါတို့သည် မည်သူ့ကိုမျှ သွေးသားဇာတိသဘောဖြင့် မသိမှတ်တော့ပေ။ ငါတို့သည် ခရစ်တော်ကို သွေးသားဇာတိသဘောဖြင့် သိမှတ်ခဲ့လျှင်လည်း ယခုတွင် ထိုသို့မသိမှတ်တော့ပေ။
ဧဟုဒသည် အသွားနှစ်ဖက်ပါ၍ အလျားတစ်တောင်ခန့်ရှည်သောသန်လျက်ကို ပြုလုပ်ပြီးလျှင် ယာဘက်ပေါင်၊ အဝတ်အောက်တွင် ဝှက်ထား၍
ထို့နောက် လေသာနန်းဆောင်ထဲတွင် ဧဂလုန်မင်းကြီးတစ်ယောက်တည်းထိုင်နေစဉ် ဧဟုဒသည် သူ့ထံသို့ချဉ်းကပ်၍ “ဘုရားသခင်၏အမိန့်တော်ကို ဆင့်ဆိုရန်ရှိပါသည်”ဟု ဆိုသဖြင့် ဧဂလုန်မင်းကြီးသည် ထိုင်ရာမှ ထလိုက်သောအခါ
သန်လျက်အရိုးပါ မင်းကြီး၏ဗိုက်ထဲမြှုပ်ဝင်သွား၏။ သန်လျက်ကို မဆွဲထုတ်ဘဲနေသဖြင့် မင်းကြီး၏ဗိုက်ထဲမှအဆီများသည် သန်လျက်၌ကပ်နေ၍ မစင်များလည်း ထွက်ကျလေ၏။
သို့သော် ရှမွေလက သူ့အား “သင့်ဓားသည် မိခင်တို့ကို သားသမီးဆုံးပါးစေသကဲ့သို့ သင့်မိခင်သည်လည်း မိန်းမတို့တွင် သားသမီးဆုံးပါးသူ ဖြစ်ရမည်”ဟု ဆိုပြီး ရှမွေလသည် အာဂတ်ကို ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ အပိုင်းပိုင်းခုတ်ဖြတ်လိုက်လေ၏။