ကိုယ်တော်သည် သူတို့ကိုလူမျိုးခြားတို့၏လက်သို့ အပ်တော်မူသဖြင့် သူတို့ကိုမုန်းသောသူတို့သည် သူတို့ကိုအုပ်စိုးကြ၏။
သူကြီး 3:14 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် မောဘဘုရင်ဧဂလုန်မင်းကြီးကို တစ်ဆယ့်ရှစ်နှစ် အစေခံရ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည်တစ်ဆယ့် ရှစ်နှစ်ပတ်လုံးဧဂလုန်ထံ၌ကျွန်ခံရကြ လေသည်။ Garrad Bible ဆယ့် ရှစ် နှစ် ပတ် လုံး၊ မော ဘ ဘု ရင် ဧ ဂ လုန် မင်း ထံ၊ ဣ သ ရေ လူ မျိုး တို့ ကျွန် ခံ ရ သည် နှင့် ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ လျှင်၊ Judson Bible ဣသရေလအမျိုးသားတို့သည် တစ်ဆယ်ရှစ်နှစ်ပတ်လုံး မောဘရှင်ဘုရင် ဧဂလုန်မင်းထံ၌ ကျွန်ခံရကြ၏။ |
ကိုယ်တော်သည် သူတို့ကိုလူမျိုးခြားတို့၏လက်သို့ အပ်တော်မူသဖြင့် သူတို့ကိုမုန်းသောသူတို့သည် သူတို့ကိုအုပ်စိုးကြ၏။
သင်တို့ကို ငါမျက်နှာလွှဲမည်။ သင်တို့သည် သင်တို့၏ရန်သူရှေ့၌ ရှုံးနိမ့်ရလိမ့်မည်။ သင်တို့ကိုမုန်းတီးသောသူတို့သည် သင်တို့ကို အုပ်စိုးလိမ့်မည်။ လိုက်သောသူမရှိသော်လည်း သင်တို့သည် ထွက်ပြေးရလိမ့်မည်။
သင့်နယ်မြေတစ်ခွင်လုံးတွင် သံလွင်ပင်ရှိသော်လည်း အသီးကြွေကျသောကြောင့် သင်သည် သံလွင်ဆီကိုလိမ်းရမည်မဟုတ်။
ဧဂလုန်မင်းကြီးသည် အမ္မုန်အမျိုးသား၊ အာမလက်အမျိုးသားတို့ကို စုရုံး၍ အစ္စရေးလူမျိုးတို့ကို ချီတက်တိုက်ခိုက်ပြီး စွန်ပလွံမြို့ကို သိမ်းပိုက်ကြ၏။
ထိုအခါ အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားထံ အော်ဟစ်ပြန်သဖြင့် ထာဝရဘုရားက ဗင်္ယာမိန်အမျိုး၊ ဂေရ၏သား လက်ဝဲလက်အားသန်သူဧဟုဒကို ကယ်တင်သူအဖြစ် ပေါ်ထွန်းစေပြန်၏။ တစ်ခါတွင် အစ္စရေးအမျိုးသားတို့သည် ဧဟုဒမှတစ်ဆင့် မောဘဘုရင်ဧဂလုန်မင်းကြီးထံ လက်ဆောင်ဆက်သစေ၏။