နေဂေ့အရပ်နှင့် စွန်ပလွံမြို့ဟုခေါ်သောဂျေရိခေါမြို့၏ချိုင့်ဝှမ်းဒေသမှ ဇောရမြို့တိုင်အောင်လည်းကောင်း ပြည်တစ်ပြည်လုံးကို ပြတော်မူ၏။
သူကြီး 3:13 - မြန်မာ့စံမီသမ္မာကျမ်း ဧဂလုန်မင်းကြီးသည် အမ္မုန်အမျိုးသား၊ အာမလက်အမျိုးသားတို့ကို စုရုံး၍ အစ္စရေးလူမျိုးတို့ကို ချီတက်တိုက်ခိုက်ပြီး စွန်ပလွံမြို့ကို သိမ်းပိုက်ကြ၏။ Common Language Bible ဧဂလုန်သည်အမ္မုန်အမျိုးသားနှင့်အာမလက် အမျိုးသားတို့ကိုစုရုံးပြီးလျှင် ဣသရေလ အမျိုးသားတို့အားနှိမ်နင်းအောင်မြင်သဖြင့် စွန်ပလွံပင်မြို့တည်းဟူသောယေရိခေါမြို့ ကိုသိမ်းယူလေသည်။- Garrad Bible ထို မင်း သည်၊ အ မ္မုန် အ မျိုး သား၊ အာ မ လက် အ မျိုး သား တို့ ကို စု ရုံး ပြီး လျှင်၊ စစ် ချီ လုပ် ကြံ ရာ စွန် ပ လွံ မြို့ ကို သိမ်း ယူ သ ဖြင့်၊ Judson Bible ထိုမင်းသည် အမ္မုန်အမျိုးသား၊ အာမလက်အမျိုးသားတို့ကို စုဝေးစေလျက်ချီသွား၍၊ ဣသရေလလူတို့ကို လုပ်ကြံပြီးမှ၊ စွန်ပလွံမြို့ကို သိမ်းယူသဖြင့်၊ |
နေဂေ့အရပ်နှင့် စွန်ပလွံမြို့ဟုခေါ်သောဂျေရိခေါမြို့၏ချိုင့်ဝှမ်းဒေသမှ ဇောရမြို့တိုင်အောင်လည်းကောင်း ပြည်တစ်ပြည်လုံးကို ပြတော်မူ၏။
မောရှေယောက္ခမ၏သားမြေး ကေနိအမျိုးသားတို့သည် ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံမြို့မှ အာရဒ်နေဂေ့အရပ်ရှိ ယုဒတောကန္တာရသို့ လိုက်သွား၍ ထိုအရပ်သားတို့နှင့်အတူ နေထိုင်ကြ၏။
ထာဝရဘုရားကလည်း အစ္စရေးအမျိုးသားတို့အား “အီဂျစ်လူမျိုး၊ အာမောရိလူမျိုး၊ အမ္မုန်လူမျိုး၊ ဖိလိတ္တိလူမျိုးတို့လက်မှ သင်တို့ကို ငါကယ်တင်ခဲ့သည် မဟုတ်လော။
ဆီဒုန်လူမျိုး၊ အာမလက်လူမျိုး၊ မောနလူမျိုးတို့သည် သင်တို့ကို ညှဉ်းဆဲ၍ သင်တို့သည် ငါ့ကိုအော်ဟစ်သောအခါ ငါသည် သင်တို့ကို ထိုသူတို့လက်မှလည်း ကယ်တင်ခဲ့၏။
အမ္မုန်အမျိုးသားတို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ယုဒအမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်၊ ဧဖရိမ်အမျိုးအနွယ် တို့ကိုလာရောက်တိုက်ခိုက်သဖြင့် အစ္စရေးလူမျိုးတို့ အလွန်ဒုက္ခရောက်ရကြ၏။
အစ္စရေးအမျိုးသားတို့သည် မောဘဘုရင်ဧဂလုန်မင်းကြီးကို တစ်ဆယ့်ရှစ်နှစ် အစေခံရ၏။
အို ဗင်္ယာမိန်၊ အာမလက်ပြည်၌ အခြေချနေထိုင်သော ဧဖရိမ်အမျိုးတို့သည် သင်၏လူတို့နှင့်အတူ သင့်နောက်သို့လိုက်ကြပြီ။ မာခိရအမျိုးထဲမှ ခေါင်းဆောင်များဆင်းလာကြပြီ။ ဇာဗုလုန်အမျိုးထဲမှ စစ်သူကြီးများ ဆင်းလာကြပြီ။
အစ္စရေးလူမျိုးတို့စိုက်ပျိုးပြီးကြပြီဆိုလျှင် မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားတို့သည် ချီတက်လာပြီး သူတို့ကို တိုက်ခိုက်ကြ၏။