အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်ငြင်းပယ်တော်မူသနည်း။ ကိုယ်တော်၏အမျက်တော်သည် ကိုယ်တော်၏စားကျက်မှသိုးစုအပေါ် အဘယ်ကြောင့်တငွေ့ငွေ့လောင်တော်မူသနည်း။
သူကြီး 21:3 - မြန်မာ့စံမီသမ္မာကျမ်း “အို အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၊ အစ္စရေးအမျိုးအနွယ်ထဲတွင် အမျိုးတစ်မျိုးပျောက်ကွယ်ရမည့်အဖြစ်မျိုး အဘယ်ကြောင့်ဖြစ်ရသနည်း”ဟု လျှောက်ဆိုကြ၏။ Common Language Bible ``အို ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၊ အဘယ်ကြောင့်ဤသို့ဖြစ် ရပါသနည်း။ ဗင်္ယာမိန်အနွယ်သည်ဣသ ရေလလူမျိုးမှအဘယ်ကြောင့်ပျောက်ကွယ် ရပါတော့မည်နည်း'' ဟုပြင်းပြစွာဟစ် အော်ငိုကြွေးလျှောက်ထားကြ၏။ Garrad Bible အို ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဣ သ ရေ လ လူ မျိုး အ နက် ယ နေ့ တွင် အ နွယ် တစ် နွယ် တိမ် ကော ရ သည့် အ ကြောင်း ကား၊ မည် သို့ နည်း ဟု မေး လျှောက် ကြ၏။ Judson Bible အိုဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တစ်မျိုး ချို့တဲ့ရသောအမှုသည် အဘယ်ကြောင့် ဖြစ်ရပါသနည်းဟု လျှောက်ဆိုကြ၏။ |
အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်ငြင်းပယ်တော်မူသနည်း။ ကိုယ်တော်၏အမျက်တော်သည် ကိုယ်တော်၏စားကျက်မှသိုးစုအပေါ် အဘယ်ကြောင့်တငွေ့ငွေ့လောင်တော်မူသနည်း။
ကိုယ်တော်သည် အဘယ်ကြောင့် ၎င်း၏ခြံစည်းရိုးတို့ကိုဖြိုဖျက်တော်မူသနည်း။ ယခုမှာမူ လမ်း၌ဖြတ်သွားသောသူအားလုံးသည် ၎င်း၏အသီးကိုဆွတ်ခူးကြပါ၏။
လူသည် မိမိ၏မိုက်မဲမှုကြောင့် မိမိလမ်းခရီးမှားယွင်းချွတ်ချော်သောအခါပင် သူ၏စိတ်နှလုံးတွင် ထာဝရဘုရားကိုစိတ်ဆိုးတတ်၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် လမ်းတော်မှလမ်းလွဲစေသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့စေရန် ကျွန်ုပ်တို့၏စိတ်ကို အဘယ်ကြောင့် ခိုင်မာစေသနည်း။ ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏အမွေတော်လူမျိုးစုအတွက် ပြန်လာတော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။
လူမျိုးအပေါင်းတို့ကလည်း ‘ထာဝရဘုရားသည် ဤပြည်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူရသနည်း။ အဘယ်ကြောင့် အမျက်တော်မီး ကြီးစွာတောက်လောင်တော်မူရသနည်း’ဟု မေးမြန်းကြလိမ့်မည်။
လူတို့သည် ဗေသလမြို့သို့လာ၍ နေဝင်ချိန်တိုင်အောင် ဘုရားသခင်ရှေ့တော်တွင် ထိုင်၍အော်ဟစ်ငိုကြွေးလျက်
နောက်တစ်နေ့တွင် လူတို့သည် စောစောထ၍ ထိုနေရာတွင် ယဇ်ပလ္လင်ကိုတည်ကာ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။