သူကြီး 21:19 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် သူတို့က “ကြည့်ပါ။ ဗေသလမြို့မြောက်ဘက်၊ ဗေသလမြို့မှရှေခင်မြို့သို့တက်သွားသောလမ်းအရှေ့ဘက်၊ လေဗောနမြို့တောင်ဘက်တွင်ရှိသော ရှိလောမြို့၌ နှစ်စဉ် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပလေ့ရှိ၏”ဟု ဆို၍ Common Language Bible ထိုနောက်သူတို့သည်ရှိလောမြို့၌နှစ်စဉ် ကျင်းပမြဲဖြစ်သော ထာဝရဘုရား၏ပွဲ တော်ကျရောက်တော့မည်ကိုသတိရကြ ၏။ (ရှိလောမြို့သည်ဗေသလမြို့၏မြောက် ဘက်၊ လေဗောနမြို့၏တောင်ဘက်၊ ဗေသလ မြို့မှရှေခင်မြို့သို့သွားသောလမ်းအရှေ့ ဘက်၌တည်ရှိသတည်း။-) Garrad Bible ဗေ သ လ မြို့ မြောက် ဘက်၊ ၎င်း မြို့ မှ ရှေ ခင် မြို့ နား လမ်း အ ရှေ့ ဘက်၊ လေ ဗော န မြို့ တောင် ဘက်၊ ရှိ လော မြို့ တွင် ထာ ဝ ရ ဘု ရား ကို ရည် ရွယ်၍ နှစ် စဉ် မ ပြတ် ပူ ဇော် ပွဲ လုပ် တတ် သည် ဟု အောက် မေ့ သ ဖြင့် ဗင်္ယာ မိန့် အ နွယ် သား တို့ အား Judson Bible ဗေသလမြို့မြောက်ဘက်၊ ဗေသလမြို့မှ ရှေခင်မြို့သို့သွားသောလမ်း အရှေ့ဘက်၊ လေဗောနမြို့တောင်ဘက်၊ ရှိလောမြို့နယ်တွင် ထာဝရဘုရားအဖို့ နှစ်စဉ် ပွဲခံတတ်သည်ဟူ၍လည်းကောင်း၊ တိုင်ပင်ကြသည်နှင့် အညီ၊ |
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့အား ငါပေးသောပြည်သို့ သင်တို့ဝင်ရောက်၍ သီးနှံရိတ်သိမ်းသောအခါ သင်တို့ရိတ်သိမ်းသော အသီးဦးသီးနှံတစ်စည်းကို ယဇ်ပုရောဟိတ်ထံသို့ ယူဆောင်လာရမည်။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောဓမ္မပွဲတော်များကား ဤသို့ဖြစ်၏။ ဤပွဲတော်များသည် ငါသတ်မှတ်ထားသောပွဲတော်များဖြစ်၏။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သတ္တမလ၊ တစ်ဆယ့်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ ယာယီတဲစုပွဲ ကျင်းပရမည်။
အချိန်တန်သောအခါ သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်များကား ဤသို့ဖြစ်၏။
ထာဝရဘုရားအဖို့ တဆေးမဲ့မုန့်ပွဲတော်ကို ထိုလ တစ်ဆယ့်ငါးရက်နေ့တွင် ကျင်းပရမည်။ ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကို စားရမည်။
သင်တို့ဝမ်းမြောက်ရာနေ့ဖြစ်သည့် သတ်မှတ်ထားသောပွဲတော်များနေ့၊ လဆန်းနေ့တို့၌ သင်တို့မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်သောအခါ တံပိုးခရာကိုမှုတ်ရမည်။ သင်တို့၏ဘုရားသခင်ရှေ့တော်၌ သင်တို့အတွက် အောက်မေ့ဖွယ်ရာဖြစ်မည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၏”ဟု မိန့်တော်မူ၏။
ခုနစ်သီတင်းမြောက်ပွဲတော်တွင် အဦးဆုံးသီးနှံပူဇော်သောနေ့၌ ထာဝရဘုရားအဖို့ သီးနှံအသစ်ပူဇော်သက္ကာကို ပူဇော်သောအခါ သင်တို့သည် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ မည်သည့်အလုပ်ကိုမျှမလုပ်ရ။
သတ္တမလ၊ တစ်ဆယ့်ငါးရက်နေ့၌ သင်တို့သည် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ မည်သည့်အလုပ်ကိုမျှမလုပ်ရ။ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။
ထို့နောက် ဂျူးလူမျိုးတို့၏ပွဲတော်ရှိသဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့တက်သွားတော်မူ၏။
သို့ရာတွင် ဂျူးလူမျိုးတို့၏ပွဲတော်တည်းဟူသော ယာယီတဲစုပွဲတော်နီးကပ်လာသောအခါ
သင်၏ဘုရားသခင်ထာဝရဘုရားသည် အဗိဗလ၊ ညအချိန်တွင် သင့်ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်ဖြစ်၍ အဗိဗလကို အလေးထားလျက် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲကို ကျင်းပရမည်။
သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားကောင်းချီးပေးတော်မူသည်နှင့်အညီ စေတနာအလျောက်ပူဇော်သောလှူဖွယ်ဝတ္ထုကို ပေးလှူခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ခုနစ်သီတင်းမြောက်ပွဲတော်ကို ကျင်းပရမည်။
သင်သည် သင်၏ကောက်နယ်တလင်းမှ ကောက်ပဲသီးနှံ၊ စပျစ်သီးနယ်ရာကျင်းမှစပျစ်ဝိုင်တို့ကိုသိမ်းပြီးသောအခါ ခုနစ်ရက်ပတ်လုံး ယာယီတဲစုပွဲတော်ကို ကျင်းပရမည်။
ထိုပြည်ကို အောင်နိုင်ပြီးနောက် အစ္စရေးလူထုတစ်ရပ်လုံး ရှိလောအရပ်၌ စုရုံး၍ တွေ့ဆုံစည်းဝေးရာတဲတော်ကို တည်ကြ၏။
သူတို့သည် ရှိလောမြို့၌ ဘုရားသခင်၏အိမ်တော်တည်နေသည့်ကာလပတ်လုံး မိက္ခာထုလုပ်သောရုပ်တုကို မိမိတို့အဖို့ ထားရှိကြ၏။
ဗင်္ယာမိန်အမျိုးသားတို့ကို ခေါ်ပြီး “သွားကြ။ စပျစ်ခြံများ၌ ပုန်း၍စောင့်နေကြ။
ဧလကာနသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှိခိုးကိုးကွယ်ရန်နှင့် ယဇ်ပူဇော်ရန်အတွက် မိမိနေထိုင်ရာမြို့မှ ရှိလောမြို့သို့ နှစ်စဉ်သွားလေ့ရှိ၏။ ထိုမြို့တွင် ဧလိ၏သားနှစ်ယောက်ဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့သည် ထာဝရဘုရား၏ယဇ်ပုရောဟိတ်များဖြစ်ကြ၏။