ယေဖသသည် သမီးကိုမြင်သောအခါ မိမိအဝတ်ကိုဆုတ်ပြီး “အို ငါ့သမီး၊ ငါ့ကို အလွန်စိတ်ဆင်းရဲစေပြီတကား။ အလွန်ဒုက္ခရောက်စေပြီတကား။ ငါသည် ထာဝရဘုရားကို ကတိသစ္စာပြုပြီးမှ ချိုးဖောက်၍မရတော့ပြီ”ဟု ဆိုလေ၏။
သူကြီး 21:18 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့မူကား ‘ကိုယ့်သမီးကို ဗင်္ယာမိန်အမျိုးတို့နှင့် ပေးစားသောသူသည် ကျိန်ခြင်းခံရမည်’ဟု အစ္စရေးအမျိုးသားတို့ ကျိန်ဆိုထားပြီဖြစ်၍ ငါတို့သမီးများကို သူတို့နှင့် ပေးစား၍မရ”ဟု ဆို၏။ Common Language Bible သို့ရာတွင်ငါတို့သည်မိမိတို့၏သမီးများ နှင့်သူတို့အားထိမ်းမြားစုံဖက်ခွင့်လည်းမ ပြုနိုင်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့စုံဖက် ရန်ခွင့်ပြုသူသည် ငါတို့၏ကျိန်စာသင့်မည် ဖြစ်သောကြောင့်တည်း'' ဟုဆွေးနွေးတိုင်ပင် ကြလေသည်။ Judson Bible သို့သော်လည်း အကြင်သူသည် ဗင်္ယာမိန်လူ၌ သမီးကိုပေးစား၏။ ထိုသူသည် ကျိန်အပ်သောသူ ဖြစ်စေဟု ဣသရေလလူတို့သည် ကျိန်ဆိုခြင်းကို ပြုသောကြောင့် ငါတို့သည် ကိုယ်သမီးတို့ကို မပေးစားရဟူ၍လည်းကောင်း၊ |
ယေဖသသည် သမီးကိုမြင်သောအခါ မိမိအဝတ်ကိုဆုတ်ပြီး “အို ငါ့သမီး၊ ငါ့ကို အလွန်စိတ်ဆင်းရဲစေပြီတကား။ အလွန်ဒုက္ခရောက်စေပြီတကား။ ငါသည် ထာဝရဘုရားကို ကတိသစ္စာပြုပြီးမှ ချိုးဖောက်၍မရတော့ပြီ”ဟု ဆိုလေ၏။
အစ္စရေးအမျိုးသားတို့က “ငါတို့သမီးပျိုကို ဗင်္ယာမိန်အမျိုးသားတို့နှင့် လုံးဝမပေးစား”ဟု မိဇပါမြို့တွင် ကျိန်ဆိုကြ၏။
တစ်ဖန် သူတို့က “အစ္စရေးအမျိုးအနွယ်ထဲမှ အမျိုးတစ်မျိုးမပျောက်ပျက်စေရန် အသက်ရှင်ကျန်ရစ်သောဗင်္ယာမိန်အမျိုးထဲတွင် အမွေခံရှိရမည်။
သူတို့၏ဖခင်၊ သူတို့၏အစ်ကိုများ၊ မောင်များ လာရန်တွေ့လျှင် ငါတို့က ‘ငါတို့ကို သနားပါ။ စစ်ဖြစ်စဉ်က သူတို့၏မယားတစ်ယောက်မျှ မချန်ထားမိခဲ့။ ယခုကဲ့သို့ ပေးစားခြင်းဖြင့်လည်း သင်တို့အပေါ် အပြစ်သက်ရောက်မည်မဟုတ်ပါ’ဟု သူတို့အား တောင်းပန်မည်”ဟု မှာလိုက်လေ၏။