နှုတ်ခမ်းအသီးကို ငါဖန်ဆင်း၏။ ဝေးသောသူ၊ နီးသောသူတို့၌ ငြိမ်သက်ခြင်း ရှိစေသော။ ငါသည် သူ့ကို ကုသပေးမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူကြီး 21:13 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် လူအစုအဝေးအပေါင်းတို့သည် ရိမ္မုန်ကျောက်ဆောင်တွင် နေသောဗင်္ယာမိန်အမျိုးသားတို့ထံ စစ်ပြေငြိမ်းပြီဖြစ်ကြောင်း အကြောင်းကြားလိုက်၏။ Common Language Bible ထိုနောက်စုဝေးသောသူအပေါင်းတို့က ရိမ္မုန် ကျောက်ရှိဗင်္ယာမိန်အမျိုးသားတို့ထံသို့ စစ်ပြေငြိမ်းရန် ကမ်းလှမ်းချက်သတင်းကို ပေးပို့လိုက်ကြ၏။- Garrad Bible ထို နောက် လူ ပ ရိ သတ် ဥဿုံ သည် ရိ မ္မုန် ကျောက် တောင် တွင် ပုန်း အောင် သော ဗင်္ယာ မိန့် အ နွယ် သား တို့ ထံ ရန် ငြိမ်း ပြီ ဟု ကြော ငြာ ထုတ် ဆင့် သည့် ကာ လ Judson Bible တစ်ဖန် စုဝေးသော သူအပေါင်းတို့သည်၊ ရိမ္မုန်ကျောက်၌နေသော ဗင်္ယာမိန်လူတို့ကို နှုတ်ဆက်၍ အသင့်အတင့်ခေါ်ခြင်းငှာ လူတို့ကိုစေလွှတ်ကြ၏။ |
နှုတ်ခမ်းအသီးကို ငါဖန်ဆင်း၏။ ဝေးသောသူ၊ နီးသောသူတို့၌ ငြိမ်သက်ခြင်း ရှိစေသော။ ငါသည် သူ့ကို ကုသပေးမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
မည်သည့်အိမ်သို့မဆို သင်တို့ဝင်ကြသောအခါ ‘ဤအိမ်၌ ငြိမ်သက်ခြင်းရှိပါစေ’ဟူ၍ ဦးစွာနှုတ်ဆက်ကြလော့။
ထို့နောက် ကိုယ်တော်သည် ကြွလာတော်မူ၍ အဝေး၌ရှိသောသင်တို့ကိုလည်းကောင်း၊ အနီး၌ရှိသောသူတို့ကိုလည်းကောင်း သင့်မြတ်ငြိမ်းချမ်းခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူ၏။
သင်သည် မြို့တစ်မြို့ကို တိုက်ခိုက်ရန် ထိုမြို့အနီးသို့ချဉ်းကပ်သောအခါ ထိုမြို့အား ဦးစွာ ငြိမ်းချမ်းရေးယူရန် ဟစ်ကြော်ရမည်။
လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အဣနမြို့၊ ရိမ္မုန်မြို့ စသည့်မြို့ပေါင်း နှစ်ဆယ့်ကိုးမြို့နှင့်ရွာများ ပါ၏။
အချို့တို့သည် တောကန္တာရရှိ ရိမ္မုန်ကျောက်ဆောင်သို့ထွက်ပြေးကြသဖြင့် အစ္စရေးတပ်ကလိုက်လံသတ်ဖြတ်ရာ လမ်းတစ်လျှောက်တွင် လူအယောက်ငါးထောင်ကို သတ်ဖြတ်၏။ ဂိဒုံမြို့အထိ ဆက်လိုက်၍ လူနှစ်ထောင်ကို သတ်ဖြတ်လေ၏။
လူအယောက်ခြောက်ရာတို့သည် တောကန္တာရရှိ ရိမ္မုန်ကျောက်ဆောင်ဘက်သို့ လှည့်ပြေးကြပြီး ထိုသူတို့သည် ရိမ္မုန်ကျောက်ဆောင်တွင် လေးလနေကြ၏။
စစ်သူရဲတို့ကလည်း ယာဗက်ဂိလဒ်မြို့ရှိ ယောက်ျားနှင့်မဆက်ဆံသေးသော အပျိုကညာမိန်းကလေးအယောက်လေးရာကို ခါနာန်ပြည်၊ ရှိလောတပ်စခန်းသို့ ခေါ်ဆောင်လာကြ၏။
ဗင်္ယာမိန်အမျိုးသားတို့ ပြန်လာသောအခါ အစ္စရေးအမျိုးသားတို့သည် ယာဗက်ဂိလဒ်မြို့မှခေါ်လာသောအသက်ရှင်ကျန်ရစ်သူအမျိုးသမီးတို့နှင့် သူတို့ကိုပေးစား၏။ သို့သော် မလုံမလောက် ဖြစ်လေ၏။