ထို့ကြောင့် ကိုယ်တော်သည် ရှိလောအရပ်ရှိ ကိန်းဝပ်တော်မူရာတဲတော်ဖြစ်သည့် လူတို့အလယ်၌ တည်ဆောက်ထားတော်မူသောတဲတော်ကို ပစ်ပယ်တော်မူ၏။
သူကြီး 21:12 - မြန်မာ့စံမီသမ္မာကျမ်း စစ်သူရဲတို့ကလည်း ယာဗက်ဂိလဒ်မြို့ရှိ ယောက်ျားနှင့်မဆက်ဆံသေးသော အပျိုကညာမိန်းကလေးအယောက်လေးရာကို ခါနာန်ပြည်၊ ရှိလောတပ်စခန်းသို့ ခေါ်ဆောင်လာကြ၏။ Common Language Bible ထိုသူတို့သည်ယာဗက်မြို့သားများအနက် အပျိုစင်လေးရာကိုတွေ့ရှိသဖြင့် သူတို့ အားရှိလောမြို့တပ်စခန်းသို့ခေါ်ဆောင် ခဲ့ကြ၏။ ရှိလောမြို့သည်ခါနာန်ပြည်တွင် ရှိသတည်း။ Garrad Bible ဂိ လဒ် နယ်၊ ယာ ဗက် မြို့ သူ မြို့ သား တို့ အ နက် ယောက်ျား နှင့် မ သင့် မြတ် ဘူး သော အ ပျို က ညာ လေး ရာ ကို စစ် သူ ရဲ တို့ တွေ့ ရှိ သည် နှင့် ခါ နာန် ပြည် ရှိ လော မြို့ တပ် ချ ရာ စ ခန်း သို့ ဆောင် ခဲ့ ကြ၏။ Judson Bible စစ်သူရဲတို့သည် ဂိလဒ်ပြည်ယာဗက်မြို့သားတို့တွင်၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာမိန်းမပျိုလေးရာတို့ကို တွေ့၍ ခါနာန်ပြည်၌ တပ်ချရာ၊ ရှိလောမြို့သို့ ဆောင်ခဲ့ကြ၏။ |
ထို့ကြောင့် ကိုယ်တော်သည် ရှိလောအရပ်ရှိ ကိန်းဝပ်တော်မူရာတဲတော်ဖြစ်သည့် လူတို့အလယ်၌ တည်ဆောက်ထားတော်မူသောတဲတော်ကို ပစ်ပယ်တော်မူ၏။
“ငါ၏နာမတော် အဦးဆုံးတည်ရာ ရှိလောအရပ်ရှိ ငါကိန်းဝပ်ရာအရပ်သို့ ယခုသွားကြလော့။ ငါ့လူမျိုးတော်ဖြစ်သည့် အစ္စရေးလူမျိုး၏ဆိုးညစ်မှုကြောင့် ထိုအရပ်ကို ငါမည်သို့ပြုခဲ့သည်ကို ကြည့်ကြလော့။
ထိုပြည်ကို အောင်နိုင်ပြီးနောက် အစ္စရေးလူထုတစ်ရပ်လုံး ရှိလောအရပ်၌ စုရုံး၍ တွေ့ဆုံစည်းဝေးရာတဲတော်ကို တည်ကြ၏။
အစ္စရေးအမျိုးသားတို့သည် ထ၍ ဗေသလမြို့သို့ တက်သွားပြီးလျှင် ဘုရားသခင်အား “ဗင်္ယာမိန်အမျိုးသားတို့ကို မည်သူဦးစွာသွားတိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “ယုဒအမျိုး ဦးစွာချီတက်ရမည်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်သို့တက်သွား၍ နေဝင်ချိန်တိုင်အောင် ငိုကြွေးလျက် ထာဝရဘုရားအား “အကျွန်ုပ်တို့၏ညီအစ်ကိုဖြစ်သော ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွားတိုက်ရမည်လော”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “တိုက်လော့”ဟု မိန့်တော်မူ၏။
အထူးသဖြင့် ယောက်ျားအားလုံး၊ ယောက်ျားနှင့်ဆက်ဆံဖူးသောမိန်းမအားလုံးကို သတ်ပစ်ရမည်”ဟု မှာလိုက်လေ၏။
ထို့နောက် လူအစုအဝေးအပေါင်းတို့သည် ရိမ္မုန်ကျောက်ဆောင်တွင် နေသောဗင်္ယာမိန်အမျိုးသားတို့ထံ စစ်ပြေငြိမ်းပြီဖြစ်ကြောင်း အကြောင်းကြားလိုက်၏။
သူတို့က “အစ္စရေးအမျိုးအနွယ်တို့တွင် မည်သူသည် မိဇပါမြို့သို့ မလာကြသနည်း။ မည်သူသည် ထာဝရဘုရားရှေ့တော်သို့ မလာကြသနည်း”ဟု စစ်ဆေးမေးမြန်းကြသောအခါ ယာဗက်ဂိလဒ်မြို့သားတစ်ယောက်မျှ လူစုဝေးရာစခန်းသို့ ရောက်မလာကြသည်ကို သိရလေ၏။