ထိုသူကို လက်ဖြင့်မထိဘဲ စင်စစ်ခဲနှင့်ပေါက်သတ်ရမည်။ သို့မဟုတ် မြားနှင့်ပစ်သတ်ရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အသက်မရှင်ရ။ သိုးချိုကို သံရှည်ဆွဲ၍မှုတ်မှသာ လူတို့သည် ဤတောင်သို့လာကြရမည်”ဟု မိန့်တော်မူ၏။
သူကြီး 20:37 - မြန်မာ့စံမီသမ္မာကျမ်း တပ်ပုန်းအဖွဲ့ကလည်း ဂိဗာမြို့ထဲသို့ တစ်ဟုန်ထိုးပြေးဝင်၍ တပ်ဖြန့်ကာ မြို့တစ်မြို့လုံးကို ဓားဖြင့်လုပ်ကြံလေ၏။ Common Language Bible ထိုအခါတပ်ပုန်းသည်ဂိဗာမြို့ထဲသို့အလျင် အမြန်ဝင်ပြီးလျှင် လူဖြန့်၍ရှိသမျှသောမြို့ သူမြို့သားတို့အားလုပ်ကြံသတ်ဖြတ်ကြလေ သည်။- Garrad Bible ဗင်္ယာ မိန့် အ နွယ် ရှေ့ ဆုတ် ခဲ့ ကြ ရာ တပ် ပုန်း သည် ဂိ ဗာ မြို့ ကို တိုက် ရန် အ ပြင်း ချီ ဝင်၍ တစ် မြို့ လုံး ကို ဓား ဖြင့် လုပ် ကြံ ခြင်း တည်း။ Judson Bible ကင်းတပ်သားတို့သည် ဂိဗာမြို့သို့ တစ်ဟုန်တည်းပြေးဝင်၍ အနှံ့အပြားတိုက်သဖြင့် တစ်မြို့လုံးကို ဓားနှင့်လုပ်ကြံကြ၏။ |
ထိုသူကို လက်ဖြင့်မထိဘဲ စင်စစ်ခဲနှင့်ပေါက်သတ်ရမည်။ သို့မဟုတ် မြားနှင့်ပစ်သတ်ရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အသက်မရှင်ရ။ သိုးချိုကို သံရှည်ဆွဲ၍မှုတ်မှသာ လူတို့သည် ဤတောင်သို့လာကြရမည်”ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုသံရှည်ဆွဲ၍မှုတ်ရမည်။ တံပိုးမှုတ်သံကိုကြားသောအခါ လူအုပ်ကြီးသည် ကျယ်လောင်စွာအော်ဟစ်ရမည်။ ထိုအခါ မြို့ရိုးကြီး ပြိုကျလိမ့်မည်။ လူတိုင်း မြို့ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားရမည်”ဟု မိန့်တော်မူ၏။
ထိုသို့ စစ်သည်တို့ကိုနေရာချရာတွင် မြို့မြောက်ဘက်တွင် ပင်မတပ်၊ မြို့အနောက်ဘက်တွင် ကင်းပုန်းတပ်တို့ နေရာကျကြ၏။ ထိုညတွင် ယောရှုသည် ချိုင့်ဝှမ်းသို့ဆင်းသွား၏။
ထိုသို့တပ်ချလျက်ရှိသည်ကို အာဣဘုရင် သိမြင်သောအခါ သူနှင့်သူ၏မြို့သားစစ်သည်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်ရန် ချိန်းချက်ထားသည့်အတိုင်း စောစောထ၍ အရာဗလွင်ပြင်အရှေ့ဘက်သို့ အလျင်အမြန်စစ်ချီထွက်လေ၏။ သို့ရာတွင် သူသည် မြို့အနောက်ဘက်၌ ကင်းပုန်းချထားကြောင်းကို မသိ။
ထိုသို့ရွယ်လိုက်သောအခါ ကင်းပုန်းတို့သည် ကိုယ့်နေရာမှအလျင်အမြန်ထကာ မြို့ထဲသို့ ပြေးဝင်ကြ၏။ ထို့နောက် မြို့ကိုသိမ်း၍ ချက်ချင်းမီးရှို့ပစ်ကြ၏။