လေးဖြင့် ကျောက်ခဲနှင့်မြားတို့ကို လက်ယာလက်၊ လက်ဝဲလက်မရွေး ပစ်ခတ်နိုင်သော ဗင်္ယာမိန်အမျိုးမှ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းလေးသည်တော်များ၊
သူကြီး 20:16 - မြန်မာ့စံမီသမ္မာကျမ်း ဤလူအပေါင်းတို့တွင် ရွေးကောက်ထားသောလက်ဝဲလက်အားသန်သူယောက်ျားအယောက်ခုနစ်ရာရှိ၏။ သူတို့သည် ဆံချည်တစ်ပင်ကိုပင် လောက်လွှဲနှင့်ထိအောင် ပစ်နိုင်သူများဖြစ်၏။ Garrad Bible ထို သူ အ ပေါင်း တို့ အ နက် ဝဲ လက် သန် မာ လျက် ဆံ ချည် တစ် ပင် ကို မ လွဲ အောင် လောက် လွှဲ ပစ် တတ် သော လက် ရွေး သူ ရဲ ခု နစ် ရာ ပါ သ တည်း။ Judson Bible ထိုလူအပေါင်းတို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့်၊ ဆံခြည်တစ်ပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ်နိုင်သော ယောက်ျားကောင်း ခုနစ်ရာပါသတည်း။ |
လေးဖြင့် ကျောက်ခဲနှင့်မြားတို့ကို လက်ယာလက်၊ လက်ဝဲလက်မရွေး ပစ်ခတ်နိုင်သော ဗင်္ယာမိန်အမျိုးမှ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းလေးသည်တော်များ၊
ဩဇိမင်းကြီးသည် စစ်သည်အပေါင်းတို့အတွက် ဒိုင်းလွှားများ၊ လှံများ၊ သံခမောက်များ၊ သံချပ်အင်္ကျီများ၊ လေးများနှင့် လောက်လွှဲကျောက်များကို ပြင်ဆင်ပေး၏။
ဗင်္ယာမိန်အမျိုးမှအပ အစ္စရေးအမျိုးသားတို့တွင် ဓားကိုင်သူရဲလေးသိန်း ရှိ၏။ သူတို့အားလုံးသည် စစ်ရေးကျွမ်းကျင်သူများ ဖြစ်၏။
ထိုအခါ အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားထံ အော်ဟစ်ပြန်သဖြင့် ထာဝရဘုရားက ဗင်္ယာမိန်အမျိုး၊ ဂေရ၏သား လက်ဝဲလက်အားသန်သူဧဟုဒကို ကယ်တင်သူအဖြစ် ပေါ်ထွန်းစေပြန်၏။ တစ်ခါတွင် အစ္စရေးအမျိုးသားတို့သည် ဧဟုဒမှတစ်ဆင့် မောဘဘုရင်ဧဂလုန်မင်းကြီးထံ လက်ဆောင်ဆက်သစေ၏။
ထို့နောက် သူ့တောင်ဝှေးကိုယူ၍ စမ်းချောင်းထဲမှ ကျောက်စရစ်ခဲငါးလုံးကိုရွေးယူပြီး မိမိ၏သိုးထိန်းလွယ်အိတ်ထဲထည့်၏။ ထို့နောက် လောက်လွှဲကို ကိုင်လျက် ဖိလိတ္တိပြည်သားထံ ချဉ်းကပ်သွား၏။
တစ်စုံတစ်ယောက်သည် ထ၍ သခင့်ကိုလိုက်ပြီး သခင့်အသက်ကို ရန်ရှာမည်ဆိုလျှင် သခင်၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အသက်ကို အသက်အိတ်ထဲ၌လုံခြုံစွာ ထုပ်ထားတော်မူပါစေသော။ သခင့်ရန်သူတို့၏အသက်ကိုကား လောက်လွှဲထဲမှလောက်စာလုံးကို လွှဲပစ်သကဲ့သို့ လွှဲပစ်တော်မူပါစေသော။