သူကြီး 20:12 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးအနွယ်တို့သည် ဗင်္ယာမိန်တစ်မျိုးနွယ်လုံးထံ လူလွှတ်လျက် “သင်တို့တွင် အဘယ်ကြောင့် ဤမျှလောက်ဆိုးသွမ်းသောအမှု ဖြစ်ပျက်ရသနည်း။ Common Language Bible ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန် အနွယ်ဝင်တို့၏နယ်မြေတစ်လျှောက်သို့ လူများကိုစေလွှတ်၍``သင်တို့ကူးလွန်ခဲ့ သည့်အဋ္ဌမ္မအမှုကားအဘယ်သို့နည်း။- Garrad Bible ဣ သ ရေ လ အ မျိုး အ နွယ် တို့ သည် ဗင်္ယာ မိန့် အ နွယ် အား တ မန် များ ကို စေ လွှတ်၍ သင် တို့ အ တွင်း ဤ ဆိုး သွမ်း မှု ကား မည် သို့ နည်း။ Judson Bible ဣသရေလအမျိုးသားတို့သည်၊ ဗင်္ယာမိန်ခရိုင်တစ်လျှောက်လုံးသို့ စေလွှတ်၍၊ သင်တို့တွင်ပြုသော ဤအဓမ္မအမှုကား အဘယ်သို့နည်း။ |
မေးမြန်းရှာဖွေ၍ အသေအချာစစ်ဆေးရမည်။ သင်တို့တွင် ထိုသို့သောစက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြောင်း မှန်ကန်သည်ဆိုလျှင်
သင်သည် မြို့တစ်မြို့ကို တိုက်ခိုက်ရန် ထိုမြို့အနီးသို့ချဉ်းကပ်သောအခါ ထိုမြို့အား ဦးစွာ ငြိမ်းချမ်းရေးယူရန် ဟစ်ကြော်ရမည်။
ဤသို့ဖြင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့ကိုတိုက်ခိုက်ရန် တစ်စိတ်တစ်သဘောတည်းစုဝေးကြ၏။
ယခု ဂိဗာမြို့ထဲရှိဆိုးညစ်သောသူတို့ကို ထုတ်ပေးပါ။ သူတို့ကိုသတ်ပြီး အစ္စရေးလူမျိုးထဲမှ မကောင်းမှုကို ဖယ်ရှားပစ်မည်”ဟု မှာလိုက်၏။ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့အမျိုးသားချင်းဖြစ်သောအစ္စရေးအမျိုးသားတို့၏စကားကို နားမထောင်လိုကြ။
အစ္စရေးတပ် မိဇပါမြို့သို့ ချီတက်လာကြောင်းကို ဗင်္ယာမိန်အမျိုးသားတို့ ကြားသိကြ၏။ အစ္စရေးအမျိုးသားတို့က “အဘယ်ကြောင့် ဤမျှလောက်ဆိုးသွမ်းသောအမှု ဖြစ်ရသနည်း။ ပြောပြပါလော့”ဟု မေးလျှင်