ဂိလဒ်ပြည်အပါအဝင် ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင်နေထိုင်သော အစ္စရေးအမျိုးသားအပေါင်း လူအုပ်ကြီးတို့သည် မိဇပါမြို့သို့ရောက်လာ၍ ထာဝရဘုရားရှေ့တော်တွင် တစ်စိတ်တစ်သဘောတည်း စုရုံးကြ၏။
သူကြီး 20:11 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့ကိုတိုက်ခိုက်ရန် တစ်စိတ်တစ်သဘောတည်းစုဝေးကြ၏။ Common Language Bible သို့ဖြစ်၍ဣသရေလပြည်ရှိလူအပေါင်း တို့သည် ဂိဗာမြို့ကိုတိုက်ခိုက်ရန်တစ်ခုတည်း သောရည်ရွယ်ချက်ဖြင့်စုဝေးကြကုန်၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ သည် ဂိ ဗာ မြို့ တစ် ဘက်၌ တစ် ဦး တည်း ကဲ့ သို့ အ သင်း ဖွဲ့၍ စည်း ဝေး ကြ ကုန်၏။ Judson Bible ဣသရေလအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့တစ်ဖက်၌စည်းဝေး၍ တစ်ယောက်သောသူကဲ့သို့ သင်းဖွဲ့လျက်နေကြ၏။ |
ဂိလဒ်ပြည်အပါအဝင် ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင်နေထိုင်သော အစ္စရေးအမျိုးသားအပေါင်း လူအုပ်ကြီးတို့သည် မိဇပါမြို့သို့ရောက်လာ၍ ထာဝရဘုရားရှေ့တော်တွင် တစ်စိတ်တစ်သဘောတည်း စုရုံးကြ၏။
အစ္စရေးလူမျိုးတို့တွင် ဗင်္ယာမိန်ပြည်၊ ဂိဗာမြို့သားတို့ ပြုခဲ့သမျှ ယုတ်ညံ့သောအမှုနှင့်အညီ သူတို့ကို လက်စားချေရန် စစ်ချီသောအခါ စစ်သည်တို့အတွက် ရိက္ခာသယ်ဆောင်ရန် အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ လူအယောက်တစ်ရာတွင် ဆယ်ယောက်၊ လူအယောက်တစ်ထောင်တွင် အယောက်တစ်ရာ၊ လူအယောက်တစ်သောင်းတွင် အယောက်တစ်ထောင်တို့ကို ရွေးကောက်မည်”ဟု ဆိုကြ၏။
အစ္စရေးအမျိုးအနွယ်တို့သည် ဗင်္ယာမိန်တစ်မျိုးနွယ်လုံးထံ လူလွှတ်လျက် “သင်တို့တွင် အဘယ်ကြောင့် ဤမျှလောက်ဆိုးသွမ်းသောအမှု ဖြစ်ပျက်ရသနည်း။
ထိုအခါ လူအပေါင်းတို့သည် တစ်စိတ်တစ်သဘောတည်းဖြစ်လျက် “ငါတို့ တစ်ယောက်မျှ ကိုယ့်တဲသို့မသွား၊ ကိုယ့်အိမ်သို့ မပြန်ပါ။
ဒါဝိဒ်သည် ရှောလုမင်းကြီးနှင့်စကားပြောဆိုပြီးနောက်တွင် ယောနသန်၏စိတ်သည် ဒါဝိဒ်၏စိတ်နှင့်ငြိတွယ်သွားပြီး ယောနသန်သည် ကိုယ်နှင့်အမျှ ဒါဝိဒ်ကိုချစ်လေ၏။