Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 20:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အစ္စရေး​လူမျိုး​တို့​တွင် ဗင်္ယာမိန်​ပြည်​၊ ဂိဗာ​မြို့သား​တို့ ပြု​ခဲ့​သမျှ ယုတ်ညံ့​သော​အမှု​နှင့်အညီ သူ​တို့​ကို လက်စားချေ​ရန် စစ်ချီ​သောအခါ စစ်သည်​တို့​အတွက် ရိက္ခာ​သယ်ဆောင်​ရန် အစ္စရေး​အမျိုးအနွယ်​အားလုံး​ထဲမှ လူ​အယောက်​တစ်ရာ​တွင် ဆယ်​ယောက်​၊ လူ​အယောက်​တစ်ထောင်​တွင် အယောက်​တစ်ရာ​၊ လူ​အယောက်​တစ်သောင်း​တွင် အယောက်​တစ်ထောင်​တို့​ကို ရွေးကောက်​မည်​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ဣ​သ​ရေ​လ​လူ​မျိုး​၏​ယောကျာ်း​ဆယ်​ပုံ​တစ် ပုံ​သည်​စစ်​တပ်​အ​တွက်​ရိက္ခာ​ပို့​ရ​မည်။ ကျန် သူ​တို့​သည်​ဂိဗာ​မြို့​သား​တို့​အား ဣ​သ​ရေ​လ လူ​မျိုး​တွင်​ကူး​လွန်​ခဲ့​သည့်​အ​ဋ္ဌမ္မ​အ​မှု အ​တွက်​ဒဏ်​ပေး​ရ​မည်'' ဟု​ပြန်​ပြော​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ဣ သ ရေ လ လူ မျိုး တွင် ဗင်္ယာ မိန့် နယ်၊ ဂိ ဗာ မြို့ သား တို့ ယုတ် မာ ခြင်း အ လိုက် ငါ တို့ ဆပ် ပေး ခွင့် ရ ကြ ရန်၊ ဣ သ ရေ လ အ မျိုး အ နွယ် အ ပေါင်း တို့ အ နက် တစ် ရာ လျှင် တစ် ဆယ်၊ တစ် ထောင် လျှင် တစ် ရာ၊ တစ် သောင်း လျှင် တစ် ထောင်၊ စား နပ် ရိ က္ခာ တောင်း ခံ မည့် သူ တို့ ကို ရွေး ချယ် ကြ ကုန် အံ့ ဟု ဆို လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ဗင်္ယာ​မိန်​ခ​ရိုင် ဂိ​ဗာ​မြို့​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​တို့၌ ပြု​သ​မျှ​သော အ​ဓ​မ္မ​အ​မှု​နှင့်​ညီ​လျော်​စွာ လူ​များ​တို့​သည် ထို​မြို့​သို့​ရောက်၍ အ​ပြစ်​ဒဏ်​ပေး​မည်​အ​ကြောင်း၊ သူ​တို့​စား​စ​ရိတ်​ကို ပို့​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၌ လူ​တစ်​ရာ​တွင် တစ်​ဆယ်၊ တစ်​ထောင်​တွင် တစ်​ရာ၊ တစ်​သောင်း​တွင် တစ်​ထောင်​တို့​ကို ရွေး​ကောက်​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 20:10
7 ပူးပေါင်းရင်းမြစ်များ  

ထိုသို့သော​အမှု​တစ်စုံတစ်ခု​နှင့်​မျှ သင်တို့ကိုယ်သင်တို့ မ​ညစ်ညူး​စေ​ရ​။ အကြောင်းမူကား သင်​တို့​ရှေ့​မှ ငါ​နှင်ထုတ်​သည့်​လူမျိုး​တို့​သည် ထိုသို့သော​အမှု​ရှိသမျှ​တို့​ဖြင့် ကိုယ့်ကိုယ်ကိုယ်​ညစ်ညူး​စေ​ကြ​၏​။


ထို​မိန်းကလေး​သည် မိမိ​ဖခင်​၏​အိမ်​၌ ပြည့်တန်ဆာလုပ်​ခြင်း​ဖြင့် အစ္စရေး​လူမျိုး​ထဲ၌ ယုတ်ညံ့​သော​အမှု​ကို ပြု​သောကြောင့် ထို​မိန်းကလေး​ကို သူ့​ဖခင်​၏​အိမ်​တံခါး​သို့ ခေါ်သွား​၍ မြို့သား​ယောက်ျား​တို့​သည် သူ့​ကို ခဲ​နှင့်​အသေ​ပေါက်သတ်​ရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင့်​ထဲ​မှ​ဖယ်ရှား​ပစ်​ရ​မည်​။


ကျိန်​ခြင်း​ခံရ​သော​အရာ​ပါ​လျက် ရွေးထုတ်​ခံရ​သော​သူ​သည် သူ​နှင့်အတူ​သူ​ပိုင်ဆိုင်​သမျှ​တို့​ကို မီး​ရှို့​ပစ်​ရ​မည်​။ အကြောင်းမူကား သူ​သည် ထာဝရဘုရား​နှင့်​ပြု​ထား​သော​ပဋိညာဉ်​ကို ချိုးဖောက်​၍ အစ္စရေး​လူမျိုး​၌ ယုတ်ညံ့​သော​အမှု​ကို ပြု​သောကြောင့်​ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


ဤသို့ဖြင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ဂိဗာ​မြို့​ကို​တိုက်ခိုက်​ရန် တစ်စိတ်တစ်သဘောတည်း​စုဝေး​ကြ​၏​။


ထိုသို့ ဂိဗာ​မြို့သား​တို့​သည် အစ္စရေး​လူမျိုး​တို့​တွင် ညစ်ညမ်း​သော​အမှု​၊ ယုတ်ညံ့​သော​အမှု​ကို ပြု​ကြ​သောကြောင့် အကျွန်ုပ်​လည်း မယားငယ်​အသေကောင်​ကို ခုတ်ဖြတ်​ပြီး အစ္စရေး​လူမျိုး​တို့ အမွေခံရာ​ပြည်​တစ်လျှောက်လုံး​သို့ ပို့​လိုက်​ပါ​၏​။


ငါ​တို့ ဤသို့ အစီစဉ်​ဆွဲ​မည်​။ မဲချ​ပြီး ဂိဗာ​မြို့​ကို သွားတိုက်​ကြ​မည်​။


အစ္စရေး​အမျိုးသား​တို့​က “​ငါ​တို့​သမီးပျို​ကို ဗင်္ယာမိန်​အမျိုးသား​တို့​နှင့် လုံးဝ​မ​ပေးစား​”​ဟု မိဇပါ​မြို့​တွင် ကျိန်ဆို​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ