မိမိတို့အတွက် ထောင်ချောက်ဖြစ်စေမည့် ထိုသူတို့၏ရုပ်တုများကိုလည်း ဝတ်ပြုကြပြီး
သူကြီး 2:3 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ‘ထိုပြည်သားတို့ကို သင်တို့၏ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့၏နံဘေး၌ ဆူးကဲ့သို့ဖြစ်လိမ့်မည်။ သူတို့၏ဘုရားတို့သည်လည်း သင်တို့၌ ထောင်ချောက်ကဲ့သို့ဖြစ်လိမ့်မည်’ဟု ငါဆိုပြီ”ဟူ၍ မိန့်ဆို၏။ Common Language Bible သို့ဖြစ်၍သင်တို့ရှေ့သို့ချီတက်ကြသော အခါ ငါသည်ဤသူတို့ကိုထွက်ပြေးစေလိမ့် မည်မဟုတ်ဟု သင်တို့အားယခုငါဆို၏။ သူ တို့သည်သင်တို့၏ရန်သူများဖြစ်ကြလိမ့် မည်။ သင်တို့အတွက်သူတို့၏ဘုရားများ သည်ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်'' ဟုမြွက်ဆိုလေသည်။- Garrad Bible တစ် ဖန် လည်း ငါ က၊ ဤ ပြည် သူ ပြည် သား တို့ ကို သင် တို့ ရှေ့ မှ ငါ နှင် ထုတ် မည် မ ဟုတ်။ သူ တို့ သည် သင် တို့ နံ ဘေး တွင် ဆူး သ ဖွယ်၊ သူ တို့ ဘု ရား များ လည်း ကျော့ ကွင်း သ ဖွယ် ဖြစ် ကြ လိမ့် မည် ဟု ဆို ခဲ့ ကြောင်း မိန့် တော် မူ ၏။ Judson Bible တစ်ဖန် ငါဆိုသည်ကား၊ ဤပြည်သားတို့ကို သင်တို့ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့တစ်ဖက်၌ မုဆိုးလုပ်လျက်၊ သူတို့ဘုရားတို့သည်လည်း သင်တို့၌ ကျော့ကွင်းဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
မိမိတို့အတွက် ထောင်ချောက်ဖြစ်စေမည့် ထိုသူတို့၏ရုပ်တုများကိုလည်း ဝတ်ပြုကြပြီး
သူတို့ကို သင်၏ပြည်၌ နေထိုင်ခွင့်မပြုရ။ နေထိုင်ခွင့်ပြုလျှင် သင်သည် ငါ့ကိုပြစ်မှားမည့်အကြောင်း သူတို့ပြုလိမ့်မည်။ သူတို့၏ဘုရားများကိုဝတ်ပြုလျှင် သူတို့သည် သင်တို့၌ ထောင်ချောက်အမှန်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့ဝင်ရောက်မည့်ပြည်ရှိပြည်သားတို့နှင့် မိတ်မဖွဲ့မိရန် သတိပြုလော့။ သို့မဟုတ်လျှင် သူတို့သည် သင်တို့အဖို့ ထောင်ချောက်ကဲ့သို့ဖြစ်လိမ့်မည်။
ထိုပြည်၌နေထိုင်သောသူတို့ကို သင်တို့ထံမှ အကုန်အစင်မနှင်ထုတ်လျှင် သင်တို့ချန်ထားခဲ့သောသူတို့သည် သင်တို့၏မျက်စိ၌ ငြောင့်ကဲ့သို့လည်းကောင်း၊ သင်တို့နံဘေး၌ ဆူးကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ သင်တို့နေထိုင်သောပြည်၌ သင်တို့ကို ရန်ပြုကြလိမ့်မည်။
သင့်လက်သို့ သင်၏ဘုရားသခင်ထာဝရဘုရားအပ်တော်မူသည့် လူမျိုးအပေါင်းတို့ကိုဖျက်ဆီးရမည်။ ထိုသူတို့ကို မသနားရ။ သူတို့၏ဘုရားများကို ဝတ်မပြုရ။ ဝတ်ပြုလျှင် သင့်အတွက် ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့ရှေ့မှ ထပ်၍နှင်ထုတ်ပေးတော့မည်မဟုတ်ကြောင်း ဧကန်သိမှတ်ကြလော့။ သင်တို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ပေါ်၌ သင်တို့ပျက်စီးသွားသည်အထိ ထိုလူမျိုးတို့သည် သင်တို့အဖို့ ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့၏ကျောကုန်းပေါ်၌ နှင်တံ၊ မျက်စိထဲ၌ ဆူး ဖြစ်လိမ့်မည်။
ယောရှုသေလွန်ပြီးမှ သူတို့ထဲတွင် ကျန်နေခဲ့သောမည်သည့်လူမျိုးခြားကိုမျှ သူတို့ရှေ့မှ ငါနှင်ထုတ်တော့မည်မဟုတ်။
ထိုသို့ ထာဝရဘုရား၏ကောင်းကင်တမန် မိန့်ဆိုသောအခါ အစ္စရေးအမျိုးသားအပေါင်းတို့ အော်ဟစ်ငိုကြွေးကြလေ၏။
သူတို့၏သမီးများကို လက်ထပ်ယူကြ၏။ မိမိတို့၏သမီးများကိုလည်း ထိုလူမျိုးခြားတို့၏သားများနှင့် ပေးစားကြ၏။ သူတို့၏ဘုရားများကိုလည်း ဝတ်ပြုကြ၏။
ဂိဒေါင်သည် ထိုရွှေများဖြင့် ဧဖုဒ်သွန်းလုပ်၍ သူနေထိုင်ရာ ဩဖရမြို့တွင် ပြသထား၏။ အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုအရာအားဖြင့် ဖောက်ပြန်မှားယွင်းကြ၏။ ဤအရာသည် ဂိဒေါင်နှင့် သူ့အိမ်သူအိမ်သားတို့အတွက် ထောင်ချောက်ကဲ့သို့ ဖြစ်လာ၏။