တစ်ဖန် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်တော်မူ၍ ဒါဝိဒ်မင်းကြီး၏စိတ်ကိုနှိုးဆော်သဖြင့် ဒါဝိဒ်မင်းကြီးက လူတို့အား “အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့ကို သွား၍စာရင်းယူလော့”ဟု ဆို၏။
သူကြီး 2:20 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်သဖြင့် “ဤလူမျိုးသည် ငါ့စကားကို နားမထောင်၊ ဘိုးဘေးတို့နှင့် ငါဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြသောကြောင့် Common Language Bible ထိုအခါထာဝရဘုရားသည်ဣသရေလ လူမျိုးအား လွန်စွာအမျက်ထွက်တော်မူ၍``ဤ လူမျိုးသည်ငါ့စကားကိုနားမထောင်။ စောင့် ထိန်းရန်အတွက်သူတို့၏ဘိုးဘေးများအား ငါပေးအပ်ခဲ့သည့်ပဋိညာဉ်ကိုချိုးဖောက် ကြ၏။- Garrad Bible ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် အ မျက် တော် ထား လျက်၊ ငါ မိန့် ဆို ချက် ကို ဤ လူ မျိုး မ နာ မ ယူ။ ဘိုး ဘေး တို့ နှင့် ငါ ဖွဲ့ ထား သော ပ ဋိ ညာဉ် ကို ဖောက် ကျော် သော ကြောင့် Judson Bible ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာအမျက်ထွက်လျက်၊ ဤလူတို့သည် ငါ့စကားကိုနားမထောင်။ သူတို့ဘိုးဘေးတို့နှင့် ငါဖွဲ့သောပဋိညာဉ်ကို ဖျက်သောကြောင့်၊ |
တစ်ဖန် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်တော်မူ၍ ဒါဝိဒ်မင်းကြီး၏စိတ်ကိုနှိုးဆော်သဖြင့် ဒါဝိဒ်မင်းကြီးက လူတို့အား “အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့ကို သွား၍စာရင်းယူလော့”ဟု ဆို၏။
ထို့ကြောင့် ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အပေါ်အမျက်ထွက်၍ မိမိ၏အမွေတော်ကို စက်ဆုပ်ရွံရှာတော်မူ၏။
သူတို့သည် ဘုရားသခင်၏ပဋိညာဉ်တော်ကို မစောင့်ထိန်းကြ။ တရားတော်အတိုင်းလျှောက်လှမ်းရန်လည်း ငြင်းဆန်ကြ၏။
ထာဝရဘုရားက “ထိုပဋိညာဉ်သည် သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှ လက်ဆွဲ၍ထုတ်ဆောင်လာခဲ့စဉ်က ဖွဲ့ခဲ့သောပဋိညာဉ်ကဲ့သို့မဟုတ်။ ငါသည် သူတို့၏ခင်ပွန်းဖြစ်သော်လည်း ငါ၏ပဋိညာဉ်ကို သူတို့ချိုးဖောက်ခဲ့ပြီ”ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘သင်တို့ကို ကြိမ်လုံးအောက်မှ ဖြတ်သွားစေမည်၊ ပဋိညာဉ်ကြိုးဖြင့် ချည်နှောင်မည်။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ မိမိရှေ့တော်၌ ဆိုးသောအမှုကိုပြုသောမျိုးဆက်အားလုံးသေကုန်သည်အထိ သူတို့ကို တောကန္တာရထဲ၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်စေတော်မူ၏။
ငါ့အမျက်မီးသည် စွဲ၍ မရဏာနိုင်ငံအောက်ဆုံးထိတိုင်အောင် တောက်လောင်လိမ့်မည်။ မြေကြီးနှင့် မြေကြီးအသီးအနှံတို့ကို ဝါးမျို၍ တောင်များ၏အခြေအမြစ်တို့ကို လောင်ကျွမ်းလိမ့်မည်။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်ပဋိညာဉ်ကို သင်တို့ချိုးဖောက်၍ အခြားဘုရားများအား သွားရောက်ဝတ်ပြုကိုးကွယ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်တော်မူသဖြင့် သင်တို့သည် ကိုယ်တော်ပေးတော်မူသည့်သာယာဝပြောသောပြည်တွင် အလျင်အမြန်ပျက်စီးသွားရလိမ့်မည်”ဟု ဆိုလေ၏။
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အမျက်ထွက်၍ သူတို့ကို ဖိလိတ္တိလူမျိုး၊ အမ္မုန်လူမျိုးတို့လက်သို့ ရောင်းလိုက်လေ၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ တိုက်ခိုက်လုယက်သောသူတို့လက်ထဲသို့အပ်လိုက်တော်မူသဖြင့် ထိုသူတို့သည် သူတို့ကိုတိုက်ခိုက်လုယက်ကြ၏။ သူတို့ဝန်းကျင်ရှိ ရန်သူတို့ထံ သူတို့ကို ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ရန်သူတို့ကို မခုခံနိုင်ကြတော့ပေ။
သို့သော် ထိုတရားသူကြီး သေလွန်သွားသောအခါ သူတို့သည် အခြားဘုရားများဘက်သို့ပြန်လှည့်၍ ထိုဘုရားများနောက်သို့လိုက်လျက် ထိုဘုရားများကို ဝတ်ပြုကိုးကွယ်ကြပြန်၏။ ဘိုးဘေးတို့ထက် သာ၍အကျင့်ပျက်ပြားကြ၏။ သူတို့၏အကျင့်စရိုက်၊ ဆိုးညစ်သောအပြုအမူများကို မစွန့်ပစ်ကြ။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်မင်းကြီးလက်သို့ ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ခုရှံရိရှသိမ်မင်းကြီးကို ရှစ်နှစ်အစေခံရလေ၏။