တစ်ဖန် ထာဝရဘုရား၏ဘုန်းအသရေတော်သည် အိမ်တော်တံခါးခုံမှခွာသွား၍ ခေရုဗိမ်အထက်၌ တည်နေ၏။
သူကြီး 19:27 - မြန်မာ့စံမီသမ္မာကျမ်း သူ့ခင်ပွန်းသည် နံနက်ထ၍ အိမ်တံခါးဖွင့်ကာ ခရီးဆက်မည်ပြုသောအခါ လက်ကိုတံခါးခုံပေါ်တင်လျက် အိမ်တံခါးဝတွင် လဲကျနေသော မယားငယ်ကို တွေ့လေ၏။ Common Language Bible ထိုနေ့နံနက်၌သူ၏ခင်ပွန်းသည်ခရီးပြုရန် ထ၍တံခါးကိုဖွင့်လိုက်သောအခါ မိမိ၏ မယားငယ်သည်တံခါးခုံကိုလက်တင်၍အိမ် ရှေ့တွင်လဲလျက်နေသည်ကိုတွေ့ရှိရလေသည်။- Garrad Bible သူ့ သ ခင် လည်း နံ နက် အ ချိန် ထ လျက် ခ ရီး သွား ခြင်း ငှါ အိမ် တံ ခါး ကို ဖွင့်၍ ထွက် သော်၊ မ ယား သည် တံ ခါး ခုံ ကို လက် တင်၍ လဲ လျက် နေ သည် ကို မြင် လျှင်၊ Judson Bible နံနက်အချိန်ရောက်မှ သူ၏သခင်သည်ထ၍ အိမ်တံခါးကို ဖွင့်သဖြင့်၊ ခရီးသွားအံ့သောငှာ ထွက်သောအခါ၊ မယားငယ်သည် အိမ်တံခါးရှေ့မှာလဲ၍ တံခါးခုံကိုလက်တင်လျက်ရှိသည် မြင်သော်၊ |
တစ်ဖန် ထာဝရဘုရား၏ဘုန်းအသရေတော်သည် အိမ်တော်တံခါးခုံမှခွာသွား၍ ခေရုဗိမ်အထက်၌ တည်နေ၏။
ထာဝရဘုရား၏ဘုန်းတော်သည် ခေရုဗိမ်အထက်မှ အိမ်တော်တံခါးခုံသို့ ရွေ့သွားလျှင် အိမ်တော်တစ်ခုလုံး မိုးတိမ်များလွှမ်းခြုံသွား၏။ ဝင်းတစ်ခုလုံးသည်လည်း ထာဝရဘုရား၏ဘုန်းတော်ရောင်ခြည်နှင့် ထွန်းတောက်လေ၏။
အရုဏ်တက်ချိန်တွင် ထိုမိန်းမသည် ပြန်လာ၍ သူ့ခင်ပွန်းတည်းခိုရာအဖိုးအို၏အိမ်တံခါးနားတွင် လဲကျ၍ မိုးလင်းသည်အထိ နေလေ၏။
သူကလည်း မယားငယ်အား “ထထ ခရီးဆက်ကြစို့”ဟု ဆို၏။ သို့သော် မည်သို့မျှမတုံ့ပြန်သဖြင့် သူသည် မယားငယ်ကို မြည်းပေါ်တင်၍ မိမိအိမ်သို့ ခရီးဆက်လေ၏။